.

Category: La Liga and Serie A

တော်ရိုင်းယားကို ပစ်မှတ်ထားလာတဲ့ စပိန်ဘီလူကြီး ရီးယဲလ်မက်ဒရစ်

စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းဟာ ကတ်စမဲရိုးနေရာကို အစားထိုးဖို့အတွက် အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် တော်ရိုင်းယားကို ပစ်မှတ်ထားကြိုးပမ်းလာတယ်လို့ သိရပါတယ်။ ဥရုဂွေးသားလေးဟာ ဒီနှစ်ရာသီမှာ နည်းပြအမ်မရီလက်အောက် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရသူဖြစ်ပြီး အရင်ကထက် တိုက်စစ်လိုက်ပါကစားနေရတာနဲ့ပတ်သက်လို့ စိတ်ပျက်နေသူ ဖြစ်ပါတယ်။ စပိန်သတင်းဌာနတွေကတော့ ဘာနေဗြူးအသင်းဟာ လာမယ့်ရာသီမှာ ကွင်းလယ်ပိုင်းကို ပိုမိုကောင်းမွန်အောင် မွန်းမံဖို့အတွက် ဂန်းနားတို့ရဲ့ တော်ရိုင်းယားကို ပစ်မှတ်ထားလာခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။ လတ်တလောမှာ
Read More

၁၉၊ ၁၁၊ ၂၀၁၉ လာလီဂါနဲ့ စီးရီးအေသတင်းတိုများ

၁။ မန်ယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါလ်ပေါ့ဂ်ဘာဟာ ရီးယဲလ်မက်ဒရစ်အသင်းထက် ဂျူဗင်တပ်အသင်းဆီကိုပဲ ပြောင်းရွှေ့ဖို့ ပိုမိုစိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ ပြင်သစ်သားကို ရီးယဲလ်နည်းပြ ဇီဒန်းက အလေးအနက်ထား ချိတ်ဆက်နေတာပါ။ ၂။ တိုက်စစ်ကစားသမား နေမာဟာ ပီအက်စ်ဂျီအသင်းရဲ့ စာချုပ်သစ်ကို ပယ်ချခဲ့တဲ့အတွက် ဘာစီလိုနာအသင်း ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေတယ်လို့ သတင်းတွေက သုံးသပ် ဖော်ပြနေကြတာကို တွေ့ရပါတယ်။ ၃။ ရီးယဲလ်မက်ဒရစ်အသင်းဟာ
Read More

စပိန်လက်ရွေးစင်အသင်းကို ပြန်လည်တာဝန်ယူဖို့ နီးစပ်နေတဲ့ အန်းနရစ်

နည်းပြလူးဝစ်အန်းနရစ်ကတော့ စပိန်လက်ရွေးစင်အသင်း ယူရို (၂၀၂၀)ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး မကြာမီမှာပဲ နည်းပြအဖြစ် ပြန်လည်ဆောင်ရွက်သွားဖို့ နီးစပ်နေပြီပဲ ဖြစ်ပါတယ်။ စပိန်အသင်းကို လက်ရှိကိုင်တွယ်နေတဲ့ နည်းပြရော်ဘတ်တိုမိုရီနိုဟာ တနင်္လာနေ့မှာ ဝန်ဒါမက်ထရိုပိုလီတာနိုအသင်းကို (၅)ဂိုးပြတ်အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် လာမယ့်နှစ်မှာ ကျင်းပမယ့် ယူရိုပြိုင်ပွဲဆီ အရောက်ပို့ပေးနိုင်ခဲ့တာပါ။ အဆိုပါပွဲအပြီးမှာ မိုရီနိုဟာ ပွဲအပြီးသတင်းစာရှင်းလင်းပွဲကို ပယ်ဖျက်ခဲ့တာကြောင့် မီဒီယာတွေ အံ့အားသင့်ခဲ့ကြပြီး ဘာတွေဖြစ်လာမလဲဆိုတာ
Read More

မက်ဆီရဲ့ အကောင်းဆုံး တွဲဖက်ကစားသမားက ဘယ်သူလဲ?

နာမည်ကျော် Goal သတင်းဌာနက ဘာစီလိုနာအသင်းက အာဂျင်တီးနားတိုက်စစ် ကြယ်ပွင့် လိုင်ယွန်နယ် မက်ဆီရဲ့ ကစားသမားဘဝတစ်လျှောက် အကောင်းဆုံး တွဲဖက်ကစားသမားဟာ ဘယ်သူဖြစ်တယ်ဆိုတာကို သုံးသပ်ဖော်ပြသွားခဲ့ပါတယ်။ လိုင်ယွန်နယ် မက်ဆီဟာ ရော်နယ်ဒင်ညို၊ အီတူး၊ အွန်နရီ၊ ဆွာရက်ဇ်၊ နေမာတို့နဲ့ တွဲဖက်ကစားခွင့် ရရှိခဲ့ပေမယ့် သူ့ရဲ့ ကစားသမားဘဝအကောင်းဆုံး တွဲဖက်ကစားသမားဟာ ဒေးဗစ် ဗီလာဖြစ်တယ်လို့ Goal
Read More

မက်ဆီထက် ပိုကောင်းတဲ့ နိုင်ငံတကာသွင်းဂိုး စွမ်းဆောင်ရည်ကိုပြသခဲ့တဲ့ စီ ရော်နယ်ဒို

လစ်သူယေးနီးယားနဲ့ပွဲမှာ ပေါ်တူဂီအတွက် အနိုင်ဂိုးသုံးဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်အတွင်းမှာ လက်ရွေးစင်အသင်းအတွက် ရော်နယ်ဒိုသွင်းယူခဲ့တဲ့ သွင်းဂိုးအရေအတွက်ဟာ ၁၃ ဂိုးအထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ရော်နယ်ဒိုရဲ့ လက်ရွေးစင်ကစားသမား ဘဝမှာ ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ နှစ်လည်းဖြစ်လာခဲ့ပါတယ်။ နေးရှင်းလိဂ်ပြိုင်ပွဲနဲ့ ယူရိုခြေစစ်ပွဲတွေမှာ ပေါ်တူဂီအတွက် ရော်နယ်ဒိုက သွင်းဂိုးအများအပြားရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ အာဂျင်တီးနားအတွက် နောက်ဆုံးသုံးနှစ်အတွင်းမှာ မက်ဆီသွင်းယူခဲ့တဲ့ သွင်းဂိုး
Read More

ချယ်လ်ဆီး ကြယ်ပွင့်ကို ခေါ်ယူရေး လက်မလျှော့သေးတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ ချယ်ဆီးကြယ်ပွင့်ကွင်းလယ်ကစားသမား ဝီလီယံကို ခေါ်ယူဖို့ နောက်ထပ်တစ်ကြိမ် စိတ်ဝင်စားမှုရှိနေကြောင်း Daily Mail ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဘရာဇီးလ်လက်ရွေးစင်ကြယ်ပွင့် ဝီလီယံဟာ ဘာစီလိုနာအသင်းရဲ့ ကာလရှည်ပစ်မှတ်ဖြစ်ခဲ့သူဖြစ်ပြီး ယခုရာသီကုန်မှာ ချယ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် ဘာစီလိုနာအသင်းက ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ Mundo Deportivo ရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ဝီလီယံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမယ့်
Read More

၁၂၊ ၁၁၊ ၂၀၁၉ – စီးရီးအေနဲ့ လာလီဂါသတင်းတိုများ

၁။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဇီနဒင်း ဇီဒန်းကတော့ အမ်ဘာပေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ တိတ်တိတ်ဆိတ်ဆိတ်နေနေစရာ အကြောင်းမရှိဘူးလို့ တုန့်ပြန်ပြောဆိုလိုက်ပါတယ်။ အမ်ဘာပေနဲ့ ပတ်သက်ပြီး သူ့ရဲ့ ပြောဆိုချက်တွေအပေါ် စိတ်ဆိုးဒေါသထွက်နေတဲ့ ပီအက်စ်ဂျီ အားကစားဒါရိုက်တာ လီယိုနာဒိုကို “ကျွန်တော် ဘာမှမပြောပါဘူး။ ဒါကစားသမားကိုယ်တိုင် ပြောသွားတာတွေပါ။ သူ ဒီအသင်းမှာ ကစားချင်တဲ့ အိပ်မက်ရှိနေတာ အမှန်ပဲဟာ”
Read More

၈၊ ၁၁၊ ၂၀၁၉ လာလီဂါနဲ့ စီးရီးအေသတင်းတိုများ

၁။ ဂျူဗင်တပ်အသင်းဟာ မန်ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ပေါလ်ပေါ့ဂ်ဘာကို လာမယ့်နွေအပြောင်းအရွှေ့မှာ အရခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း အီတလီသတင်းဌာနတွေက ဖော်ပြထားပါတယ်။ တူရင်ကလပ်အသင်းဟာ သူတို့ရဲ့ကွင်းလယ်ကြယ်ပွင့်ဟောင်းနဲ့ ပြန်လည်ပေါင်းထုပ်ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ ၂။ ရီးယဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ကို မန်ယူနိုက်တက်၊ စပါးနဲ့ ဝုလ်ဗ်အသင်းတို့က အပြိုင်စိတ်ဝင်စားနေကြတယ်လို့ စပိန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ၃။
Read More

အူဘာမီယန်းအတွက် ကြယ်ပွင့်တစ်ဦး အလိုက်ပေးမယ့် ရီးရဲလ်မက်ဒရစ်

အာဆင်နယ်အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် အူဘာမီယန်းကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်ဇန်နဝါရီမှာတင် ကမ်းလှမ်းမှုပြုလုပ်သွားဖို့ရှိနေတယ်လို့ စပိန်သတင်းစာ SPORT က ဖော်ပြသွားခဲ့ပါတယ်။ ရီးရဲလ်ဥက္ကဌ ဖလော်ရင်တီနို ပီရက်ဇ်ဟာ အူဘာမီယန်းကို ခေါ်ယူဖို့ အပြင်းအထန် စိတ်ဝင်စားနေပြီး အစောပိုင်းသတင်းတွေမှာ ယူရို သန်း ၈၀ ပေးချေခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြမှုတွေ ရှိခဲ့ပါတယ်။ SPORT
Read More

၇၊ ၁၁၊ ၂၀၁၉ လာလီဂါနဲ့ စီးရီးအေသတင်းတိုများ

၁။ ဘာစီလိုနာအသင်းနည်းပြဗယ်လ်ဗာဒီဟာ ဘုတ်အဖွဲ့ဆီကနေ ထောက်ခံမှု ရရှိထားဆဲ ဖြစ်ပေမယ့် အသင်းကစားပုံနဲ့ပတ်သက်လို့ မေးခွန်းထုတ်နေမှုတွေ ပိုမိုခံလာရတယ်လို့ ESPN သတင်းဌာနက ဖော်ပြထားပါတယ်။ ၂။ အေစီမီလန်အသင်းနဲ့ အင်တာမီလန်အသင်းတို့ဟာ ဆန်စီရိုကွင်းနဲ့ (၉)မိုင်အကွာမှာ ပေါင်သန်း (၆၃၀)ဝန်းကျင်ခန့် ကုန်ကျမယ့် ကွင်းသစ်တကွင်း တည်ဆောက်သွားဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ၃။ တိုက်စစ်မှူးလေး အမ်ဘာပေတယောက်
Read More
error: Content is protected !!