.

ခေတ်သစ် တွံတေးမှ ရိုမီရို နဲ့  ဂျူလီယက်

81 Shares

ဒီဇင်ဘာ ၁ ရက် ညက တွံတေးမြို့ သဝန်းတောကျေးရွာ နေ အသက် (၁၇)နှစ်အရွယ် အမျိုးသားသည် ရင်ဘတ်ပူနေ၍ ရေတိုက်ရန်ပြောသဖြင့် မိခင်က ရေတိုက်ခဲ့ကြောင်း၊ ၎င်းသည် ရေသောက်ပြီး နေအိမ်ဧည့်ခန်းအ တွင်း လဲကျသွားရာမှ သတိပြန် မရဘဲ သေဆုံးခဲ့ကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြသည်။ ယင်းအမျိုးသားသည် လွန်ခဲ့ သော သုံးလခန့်က အိမ်နီးချင်း အသက် (၁၉)နှစ်အရွယ် မိန်း ကလေးနှင့် ခိုးရာလိုက်ပြေးရာ နှစ်ဖက်မိဘများက သဘောမတူ ၍ ခွဲထားကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့သည်။

၎င်း၏ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးရာ အဆိပ် (သို့မဟုတ်)ဆေးဝါးတစ်ခုခု သောက်သုံးထားသည့်အနေအထားမျိုး တွေ့ရှိ ကြောင်း တွံတေးမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

၎င်းသေဆုံးပြီး တစ်ရက်အ ကြာ ဒီဇင်ဘာ ၂ ရက်က သေဆုံး သူ အမျိုးသား၏ အလောင်းဘေး တွင် ခိုးရာလိုက်ပြေးခဲ့သူ မိန်း ကလေးက သွားရောက်ငိုကြွေး ခဲ့ပြီး ‘‘နင့်နောက် ငါလိုက်ခဲ့မယ်’’ဟုပြောကာ နေအိမ်သို့ ပြန်သွား ပြီး အဆိပ် (သို့မဟုတ်) ဆေးဝါး တစ်ခုခုကို သောက်သုံးသေဆုံးခဲ့ ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် သည်။

‘‘ကောင်လေးသေပြီး နောက်တစ်ရက်မှာ ကောင်မလေးပါ လိုက်ပြီးသေတာပါ’’ဟု ရဲအရာရှိ က ပြောသည်။ အဆိုပါ သေဆုံးမှုနှင့် ပတ် သက်၍ ဆက်လက်စစ်ဆေးနေပြီး တွံတေးမြို့မရဲစခန်းက သေမှု သေခင်းဖြင့် အမှုဖွင့်ထားသည်။

REF: 7 DAYS NEWS

81 Shares
error: Content is protected !!