.

ဝက်သားကြိုက်သူတွေ သတိထားရမယ့် အဆိပ်သင့်စေနိုင်သော ဝက်သား အစိတ်အပိုင်း ၅ ပိုင်း။

680 Shares

ဝက်သားစားတာ ထူးထူးဆန်းဆန်း ဖြစ်မှာမဟုတ်လှပေ။ ဝက်သားဟာ လူတွေအတွက် အသားဓာတ်၊ အဆီဓာတ်နဲ့ တခြားကောင်းမွန်သောအာဟာရဓာတ်တွေကို ဖြည့်ဆည်းပေးတယ်။ ဒါ့အပြင် ဝက်သားဟာ မိသားစု ကြီးငယ်အလတ်မရွေး ကြိုက်နှစ်သက်တဲ့အသားပင်ဖြစ်ပါတယ်။

ဝက်ရဲ့အစိတ်အပိုင်းအနေနဲ့ဝက်ရိုး ဝက်ခေါက် ဝက်အသား စသဖြင့်.ဝက်သွေးကြောအနေနဲ့ဆိုရင် ဝက်အူမကြီး ဝက်သွေးခဲစသည်တို့ပါ စားလို့ရနိုင်ပါတယ်။ သို့ပေမယ့် ဝက်သားအစိတ်အပိုင်းတစ်ချို့ဟာ ကျန်းမာရေးအတွက် မသင့်တော်လှပေ။

အဆိပ်သင့်စေနိုင်သော ဝက်သား အစိတ်အပိုင်း ၅ ပိုင်း။

(၁) *** ဝက်သွေးခဲ ***

Pig-blood-jelly

အကယ်၍ ၀က်တစ်ကောင်ဟာကျန်းမာဖွံ့ ဖြိုးတဲ့ခဲ့ရင် သွေးဟာလည်း သွေးဟာလည်း လတ်ဆတ်နေမှာပါ။ ထိုဝက်သွေးကိုစားသုံးမိလျှင် ဘာမှမဖြစ်သော်လည်း ပိန်လှီ၊ နေမကောင်း သေပီးသားဝက်တွေရဲ့ ဝက်သွေးကိုစားသုံးမိလျှင် ပြဿနာဖြစ်လာနိုင်ပါတယ်။ ဝက်သွေးဟာ လတ်ဆတ်ပေမယ့် ချက်ပြုတ်တဲ့အခါမကျက်လျှင် “streptococcus” “စထရပ်တိုကော့ကတ်စ်” ပိုးမွှား ခန္ဓာကိုယ်ထဲဝင်ရောက်လာပီး ဖျားနာမှုတွေဖြစ်လာနိုင်ပါတယ်။ ၂၀၁၇ ခုနှစ်က ဗီယက်နမ်နိုင်ငံ “ထရော်ပီကယ်” ဆေးရုံမှာ နေမကောင်းသောဝက်ရဲ့သွေးကိုစားသုံးမိတဲ့ လူတစ်ချို့ သေဆုံးရခဲ့ပီး တချို့မှာ ခြေထောက်ဖြတ်ပစ်လိုက်ရသည်အထိဖြစ်သွားခဲ့ပါတယ်။

(၂) *** ဝက်အသည်း ***

photo

ဝက်အသည်းဟာ “ကိုလက်စထရော” လို အဆိပ်သင့်စေနိုင်တဲ့အရာတွေ အများကြီးရှိတဲ့နေရာဖြစ်ပါတယ်။ အခြားတိရစ္ဆာန်တွေရဲ့အသည်းကိုလည်း လွန်စွာမစားသုံးသင့်ပေ။ နှလုံးရောရှိသူတွေ အားနည်းတဲ့သူတွေဟာ ဝက်အသည်းအများကြီးစားမိလျှင် ပိုပီးအဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်၊၊ ပုံမှန်ကျန်းမာတဲ့သူတွေလည်း ဝက်အသည်းကိုအများကြီးမစားသင့်ပါဘူး။

(၃) *** ဝက်အဆုတ် ***

20100921nastybitslunghstory

ဝက်အဆုတ်ဟာ နှာခေါင်းမှတဆင့် အောက်ဆီဂျင် နဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ် အလဲအလှယ် လုပ်သည့်နေရာဖြစ်တဲ့အတွက် အလွန်ညစ်ပတ်တဲ့နေရာတခု ဆိုလည်းမမှားပါဘူး။ သက်ကြီးရွယ်အိုတွေသာမက ပုံမှန်လူတွေအဖို့ ဝက်အဆုတ်ဟာ မစားသင့်တဲ့အရာဖြစ်ပါတယ်။

(၄) *** ဝက်အူ ***

93ed6d556c3ea09e192df2bd7da61a01

ဝက်အူကို လူတွေ အလွန်နှစ်ခြိုက်စွာ စားကြပါတယ်။ ဝက်အူမကြီးဟာ အစာခြေပီးသော အစာတွေကို သိုလှောင်ထားတဲ့နေရာဖြစ်ပါတယ်။ ဝက်အူထဲတွင် အစာတွေသိုလှောင်ထားတဲ့အတွက် ပိုးမွှားတွေပေါက်ဖွားနိုင်ပါတယ်။ ဝက်အူကိုစားသုံးမိလျှင် ဝက်အူမှတစ်ဆင့် အဝလွန်ခြင်း၊ မုန့်ချိုအိတ်ရောင်ခြင်း၊ ဂေါက်ရောဂါ၊ ဝမ်းရောဂါများ နဲ့ အခြားရောဂါများကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။

(၅) *** ဝက်ဦးနှောက် ***

10

မိခင်အများစုဟာ ကလေးတွေကို ဝက်ဦးနှောက်စားဖို့ တိုက်တွန်းကြပါတယ်။ ဝက်ဦးနှောက် စားတဲ့အတွက် ဘာအာဟာရမှ မရနိုင်ပေ။ အဝလွန်ခြင်း နဲ့ နှလုံးရောဂါကိုပိုသာ ရစေနိုင်ပါတယ်။ ဝက်ဦးနှောက်ထဲတွင် “ကိုလက်စထရော” ၂၅၀၀ မီလီဂရမ် ပါရှိပါတယ်။ လူတယောက် တစ်နေ့ လိုအပ်ချက်ထက် ၈ဆ ပါဝင်ပါတယ်။ ဒါ့ကြောင့် မိခင်တွေလည်း ကလေးတွေကို ဝက်ဦးနှောက်မစားဖို့ တိုက်တွန်းပါလို့ ပြောချင်ပါတယ်။

Translator : CSW

680 Shares
error: Content is protected !!