.

ရက်ရှ်ဖို့ဒ်ဟာ ရော်နယ်လ်ဒိုနဲ့တူကြောင်း ကလီဘာဆင် ချီးကျူး

196 Shares

မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ ကစားဟန်ဟာ ဂန္ထဝင်ကစားသမား ခရစ်စတီယာနိုရော်နယ်လ်ဒိုနဲ့တူပြီး ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ ကလီဘာဆင်က ချီးကျူးခဲ့ပါတယ်။

နည်းပြဆိုးရှားဟာ ဒီနှစ်ရာသီမှာ တိုက်စစ်မှူးလူကာကူကို ရောင်းချခဲ့သလို ဆန်းချက်ဇ်ကိုလည်း အငှားချခဲ့ပြီး သရဲနီတို့ရဲ့တိုက်စစ်ပိုင်းအတွက် အင်္ဂလန်သားလေးကိုသာ အားကိုးခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်ရာသီမှာ ရက်ရှ်ဖို့ဒ်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ဝေဖန်မှုတွေရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းမှာတော့ အသက် (၂၂)နှစ်သားလေးဟာ ခြေစွမ်းပြန်လည်ပြသနိုင်ခဲ့ကာ သွင်းဂိုးတွေလည်း ရယူလာနိုင်ပါတယ်။

” ရက်ရှ်ဖို့ဒ်ဟာ ဒီနှစ်ရာသီမှာ မန်ယူနိုက်တက်အတွက် အကောင်းဆုံးကစားသမား ဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းရဲ့ဂိုးပေါက်ရှေ့မှာ သူဟာ အန္တရာယ်အရှိဆုံး ကစားသမား ဖြစ်ပါတယ်။ သူကစားတာ ယုံကြည်မှုအပြည့်နဲ့ပါပဲ။ ” လို့ မန်ယူနိုက်တက် ကွင်းလယ်လူဟောင်းက ပြောပါတယ်။

” သူသာ ဘောလုံးရပြီဆိုရင် ခံစစ်ကစားသမားတိုင်း ကြောက်ကြရပါတယ်။ သူဟာ သန်မာတယ်။ လျင်မြန်တယ်။ ဒီနှစ်မှာ ဂိုးတွေ ပိုသွင်းလာနိုင်တယ်။ ”

ကလီဘာဆင်က ” သူ ကစားတာက ရော်နယ်လ်ဒိုနဲ့တူပါတယ်။ ရော်နယ်လ်ဒို ယူနိုက်တက်မှာ ရှိစဉ်ကလည်း တချိန်လုံး တိုက်စစ်ကစားဖို့ပဲ တွေးနေတာလေ။ သူတို့နှစ်ဦးစလုံးဟာ ယုံကြည်မှု ရှိကြပုံချင်းလည်း တူညီပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

Ref : Goal

196 Shares
error: Content is protected !!