.

အမ်မရီကို ဘာကြောင့်ထုတ်ပယ်သင့်သလဲဆိုတာ သုံးသပ်ခဲ့တဲ့ ရှောင်ရိုက်ဖီးလစ်

1K Shares

မန်စီးတီးကစားသမားဟောင်း ရှောင်ရိုက်ဖီးလစ်ကတော့ အူဘာမီယန်းလို ထိပ်တန်းကစားသမားတွေ အာဆင်နယ်ကနေ ထွက်ခွာသွားနိုင်တဲ့အတွက် နည်းပြအမ်မရီကို ထုတ်ပယ်သင့်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

Photo Credit : Twitter

အမ်မရီကိုင်တွယ်တဲ့ ပထမဆုံးရာသီမှာ အာဆင်နယ်အသင်းဟာ အဆင့် (၅)နေရာမှာပဲ ရပ်တည်နိုင်ခဲ့သလို ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။

ဒီနှစ်ရာသီမှာတော့ အားလုံးက ပိုကောင်းလာလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် ထင်ထားသလို ဖြစ်မလာဘဲ ရလဒ်ဆိုးတွေနဲ့သာ ရုန်းကန်နေခဲ့ရတာကြောင့် အမ်မရီတယောက် ဖိအားတွေများလာခဲ့တာ ဖြစ်ပါတယ်။

” အာဆင်နယ်အသင်း အမ်မရီကိုထုတ်ဖို့အကောင်းဆုံးအချိန်က ဒီအချိန်ပဲလို့ ကျွန်တော် မြင်ပါတယ်။ ဒီနှစ်ရာသီအစ ရလဒ်တွေ အရမ်းဆိုးတယ်။ အပြောင်းအလဲလုပ်ဖို့ လိုနေပြီ။ ” လို့ ရိုက်ဖီးလစ်က ပြောပါတယ်။

Photo Credit : Metro

” ကျွန်တော့်အဖေ (အာဆင်နယ်ဂန္ထဝင် အီယန်ရိုက်)ကတော့ ဒီလိုပြောလို့ ကျွန်တော့်ကို သတ်လိမ့်မယ်။ ဒါပေမယ့် သူက တောထဲရောက်နေတော့ ကျွန်တော့်လွတ်နိုင်ပါတယ်။ ”

ရိုက်ဖီးလစ်က ” အာဆင်နယ်က အသင်းကြီးတသင်းပါ။ အခုချိန်မှာတော့ မာကျောမှုတွေ ပျောက်ဆုံးနေတယ်။ ဝမ်းနည်းစရာပါပဲ။ တိုနီအဒမ်၊ ဖာဒီနန်၊ တယ်ရီနဲ့ လက်ဒ်လေကင်းတို့လို ခံစစ်ကစားသမားတွေ သူတို့ လိုအပ်နေတာ။ ဒါတွေကို ပြင်ရပေမယ့် မပြင်နိုင်ဘူး။ ဒီအတိုင်းဆက်သွားရင် အူဘာမီယန်းလို အကောင်းဆုံး ကစားသမားတွေကို သူတို့ လက်လွှတ်ရနိုင်ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

Ref : Metro

1K Shares
error: Content is protected !!