.

နောက်ရာသီမှာ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အရယူမယ်လို့ မော်ရင်ညိုကြုံးဝါး

500 Shares

စပါးနည်းပြရာထူးကို ပူပူနွေးနွေးရယူထားတဲ့ မော်ရင်ညိုကတော့ နောက်နှစ်ထဲမှာ ပရီးမီးယားလိဂ်ဖလား ရယူပေးမယ်လို့ ကြုံးဝါးလိုက်ပါတယ်။

Photo Credit : Football 365

မြောက်လန်ဒန်အသင်းဟာ ဒီနှစ်ရာသီမှာ ရလဒ်ဆိုးတွေနဲ့ရုန်းကန်ခဲ့ရပြီးနောက် နည်းပြပိုချက်တီနိုကို ထုတ်ပယ်ခဲ့ပြီး ပေါ်တူဂီသားနဲ့ အစားထိုးခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဖိုင်နယ်ရောက်တဲ့အထိ အောင်မြင်ခဲ့ပေမယ့်လည်း ဒီနှစ်မှာ ရှုံးပွဲတွေ ဆက်တိုက်ကြုံတွေ့ခဲ့ရမှုက အာဂျင်တိုင်းနည်းပြ ထွက်ခွာစေရတဲ့ အကြောင်းအရင်း ဖြစ်ခဲ့တာပါ။

Photo Credit : T Online

စပါးအသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ လီဗိုင်းကတော့ အပြောင်းအလဲကို လျင်လျင်မြန်မြန်ပဲ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး မော်ရင်ညိုကို မြင့်မားတဲ့လစာ ပေးချေခေါ်ယူခဲ့ပါတယ်။

” ဒီနှစ်မှာတော့ စပါးအနေနဲ့ ချန်ပီယံမဖြစ်နိုင်တော့ဘူးပေါ့ဗျာ။ ဒါပေမယ့်လည်း နောက်နှစ်မှာ ကျွန်တော်တို့တွေ ချန်ပီယံဖြစ်နိုင်စွမ်းရှိပါတယ်။ ” လို့ မော်ရင်ညိုက သတင်းစာရှင်းလင်းပွဲမှာပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Ref : Goal

500 Shares
error: Content is protected !!