.

တော်ရိုင်းယားကို ပစ်မှတ်ထားလာတဲ့ စပိန်ဘီလူကြီး ရီးယဲလ်မက်ဒရစ်

2K Shares

စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းဟာ ကတ်စမဲရိုးနေရာကို အစားထိုးဖို့အတွက် အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် တော်ရိုင်းယားကို ပစ်မှတ်ထားကြိုးပမ်းလာတယ်လို့ သိရပါတယ်။

Photo : The Sun

ဥရုဂွေးသားလေးဟာ ဒီနှစ်ရာသီမှာ နည်းပြအမ်မရီလက်အောက် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရသူဖြစ်ပြီး အရင်ကထက် တိုက်စစ်လိုက်ပါကစားနေရတာနဲ့ပတ်သက်လို့ စိတ်ပျက်နေသူ ဖြစ်ပါတယ်။

စပိန်သတင်းဌာနတွေကတော့ ဘာနေဗြူးအသင်းဟာ လာမယ့်ရာသီမှာ ကွင်းလယ်ပိုင်းကို ပိုမိုကောင်းမွန်အောင် မွန်းမံဖို့အတွက် ဂန်းနားတို့ရဲ့ တော်ရိုင်းယားကို ပစ်မှတ်ထားလာခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။

လတ်တလောမှာ ရလဒ်တွေဆိုးရွားနေသလို ကစားသမားအချို့လည်း ပုံမှန်ခြေစွမ်းပျောက်ဆုံးနေပြီး နည်းပြအမ်မရီအနာဂတ်ပါ မတည်မငြိမ်ဖြစ်နေတဲ့ ဂန်းနားတို့အတွက်တော့ ဒီသတင်းဟာ ကောင်းသတင်းတော့ မဟုတ်ပါဘူး။

Photo : Bleacher Report

ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ အသက် (၂၃)နှစ်သားလေးအတွက် ပြောင်းရွှေ့ကြေး ပေါင် (၃၄)သန်းသာ ရခဲ့မယ်ဆိုရင် လက်လွှတ်သွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

တော်ရိုင်းယားရဲ့ အေးဂျင့်ဖြစ်သူကတော့ သူ့ကစားသမားဟာ အာဆင်နယ်အသင်းနဲ့ ပရိသတ်တွေကို လေးစားမှုထားတဲ့အနေနဲ့ လက်ရှိအချိန်မှာ အပြောင်းအ‌ရွှေ့ကိစ္စတွေအတွက် ဆွေးနွေးခြင်းမရှိသေးဘူးလို့တော့ အတည်ပြုထားပါတယ်။

Ref : Metro

2K Shares
error: Content is protected !!