.

အစားဆင်ခြင်ဖို့ အစာအိမ်ကင်ဆာနောက်ဆုံးအဆင့်ရောက်နေသော မိန်းကလေးသတိပေး။

341 Shares

တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့က “ရှင်းဟိုင်” ဟာ အသက် ၂၇ နှစ်ရှိပါပြီ။ မကြာသေးခင်ကမှ သူမ ဟာ ဗိုက်မကြာခဏနာတာတွေ ဖြစ်လာပါတယ်။ ဆေးရုံသွားပြတော့ အစာအိမ်နာတာရှည်ရောဂါ ဖြစ်နိုင်တဲ့လက္ခဏာတွေ့နေရလို့ မှန်ပြောင်းကြည့်ဖို့ ဆရာဝန်က ပြောပါတယ်။ ဒါပေမယ့် ကြောက်တာကြောင့် အာထရာဆောင်း ရိုက်ပေးဖို့ပဲပြောခဲ့ပါတယ်။

maxresdefault
Image: INTERNET

နောက်နှစ်လကြာတော့ “ရှင်းဟိုင်” အခြေအနေပိုဆိုးလာပါတယ်။ ဒီတစ်ခါတော့ သူမအဖေ က မှန်ပြောင်းကြည့်ဖို့ ဆေးရုံခေါ်သွားပါတယ်။ အဖြေထွက်လာတော့ အစာအိမ်ကင်ဆာ နောက်ဆုံးအဆင့် ရောက်နေပြီး ချက်ချင်းခွဲစိတ်မှုခံရမယ့် အခြေအနေဖြစ်နေပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီရောဂါဖြစ်နေတယ် ကြားလိုက်ရတော့ သူတို့နှစ်ယောက်လုံး အံ့သြမှင်သက် သွားပြီး မယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်။

15052019instantnoodle
IMAGE: INTERNET

ဆရာဝန်တွေကလည်း ထုံးစံအတိုင်း “ရှင်းဟိုင်” ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို မေးကြည့်တော့ “ရှင်းဟိုင်” ဟာ အလုပ်ချိန်ကလွဲရင် အိမ်မှာ နေတာများတယ်။ ဒါအပြင့် ညဥ့်နက်တဲ့ထိ တီဗီထိုင်ကြည့်လေ့ရှိတယ်။ အိပ်ခါနီးမှ အသင့်စား ခေါက်ဆွဲတွေနဲ့မုန့်တွေလည်း စားတတ်ပါသေးတယ်။

ဆရာဝန်တွေရဲ့စကားအရ စားသောက်မှုပုံစံဟာ ကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်း အရင်းမဟုတ်ပေမယ့် အရေးကြီးတဲ့နေရာမှာပါတယ်လို့ သိရပါတယ်။ အသင့်စားခေါက်ဆွဲတွေနဲ့မုန့် တွေ အမြဲစားနေမယ်ဆို အစာအိမ်ကိုဝန်ပိစေပြီး ခန္ဓာကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေကိုလည်း ထိုခိုက်စေပါတယ်။

main-qimg-309c5464e63bbfd66d2f716b23cec560
IMAGE: INTERNET

ကင်ဆာကာကွယ်ဖို့အပြင် ကျန်းမာတဲ့လူနေမှုဘ၀ရဖို့ ယောကျာ်းပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ၆ လ တစ်ခါ ဆေးစစ်မှုခံယူသင့်ပါတယ်။ ဆေးစစ်မှုပုံမှန်လုပ်ပေးခြင်းဖြင့် မလိုလားအပ်တဲ့ ရောဂါ ဖြစ်ခြင်းကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။

Credit : Freedy TV

341 Shares
error: Content is protected !!