.

လူငယ်ကြယ်ပွင့် (၄)ဦးကို စာချုပ်သစ်ချုပ်ဆိုတော့မယ့် ချယ်လ်ဆီး

3K Shares

ချယ်လ်ဆီးအသင်းဟာ အေဘရာဟမ်၊ တိုမိုရီ၊ ရီးစ်ဂျိမ်းစ်နဲ့ တီနိုအန်ဂျိုရင်တို့ကို စာချုပ်သစ်ချုပ်ဆိုသွားဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း သိရပါတယ်။

Photo : Goal

အေဘရာဟမ်နဲ့ တိုမိုရီတို့ဟာ နည်းပြဖရန့်လမ်းပတ်လက်အောက် ပုံမှန်ပွဲထွက်ခွင့်ရနေကြပြီး ခြေစွမ်းပြသနေနိုင်သလို ရီးစ်ဂျိမ်းစ်ဟာလည်း အလားအလာကောင်းတဲ့ခြေစွမ်းတွေ ပြသထားနိုင်ပါတယ်။

အသက် (၁၇)နှစ်အရွယ် ကွင်းလယ်ကစားသမားလေး အာဂျွန်ရင်ကတော့ စီနီယာအသင်းအတွက် ပွဲထွက်ကစားခွင့်နည်းပါးနေသေးပေမယ့် လူငယ်အသင်းမှာ ခြေစွမ်းပြနေတယောက် ဖြစ်ပါတယ်။

နည်းပြလမ်းပတ်ကတော့ ဒီလူငယ် (၄)ယောက်ရဲ့ အရည်အသွေးတွေကို အားရကျေနပ်နေပြီး ချယ်လ်ဆီးအသင်းမှာပဲ အနာဂတ်ခိုင်မာစေဖို့ အလိုရှိနေတာကြောင့် စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားနေခြင်းပါ။

Photo Credit : Metro

အေဘရာဟမ်ဟာ ဒီနှစ်ရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး (၁၀)ဂိုးအထိ သွင်ယူထားနိုင်ပြီးဖြစ်သလို တိုမိုရီဟာ ချယ်လ်ဆီးအသင်းမှာ ပွဲထွက်ခွင့်ရရုံသာမက အင်္ဂလန်လက်ရွေးစင်အသင်းအတွက်ပါ ကစားခွင့်ရခဲ့ပြီး ဖြစ်ပါတယ်။

လူငယ်တွေရဲ့အနာဂတ်က အားရစရာကောင်းနေပေမယ့်လည်း ဝါရင့်ကစားသမားအချို့ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ရှိနေပြီး အဲဒီအထဲမှာ ဝီလီယံစ်၊ ပတ်ဒရိုနဲ့ ဂျရူးတို့ ပါဝင်နေကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

Ref : Metro

3K Shares
error: Content is protected !!