.

၁၉၊ ၁၁၊ ၂၀၁၉ လာလီဂါနဲ့ စီးရီးအေသတင်းတိုများ

2K Shares

၁။ မန်ယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါလ်ပေါ့ဂ်ဘာဟာ ရီးယဲလ်မက်ဒရစ်အသင်းထက် ဂျူဗင်တပ်အသင်းဆီကိုပဲ ပြောင်းရွှေ့ဖို့ ပိုမိုစိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ ပြင်သစ်သားကို ရီးယဲလ်နည်းပြ ဇီဒန်းက အလေးအနက်ထား ချိတ်ဆက်နေတာပါ။

Photo Credit : Metro

၂။ တိုက်စစ်ကစားသမား နေမာဟာ ပီအက်စ်ဂျီအသင်းရဲ့ စာချုပ်သစ်ကို ပယ်ချခဲ့တဲ့အတွက် ဘာစီလိုနာအသင်း ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေတယ်လို့ သတင်းတွေက သုံးသပ် ဖော်ပြနေကြတာကို တွေ့ရပါတယ်။

၃။ ရီးယဲလ်မက်ဒရစ်အသင်းဟာ စပါးတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူဖို့အတွက် ယူရိုသန်း (၁၂၀)အပြင် ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာကိုပါ အလိုက်ပေးသွားမယ်လို့ သိရပါတယ်။

၎။ ဘရာဇီးလ်နည်းပြတီတီကတော့ ဘာစီလိုနာကြယ်ပွင့် မက်ဆီဟာ သမိုင်းတလျှောက် အကောင်းဆုံးကစားသမား ပီလီနဲ့ ခိုင်းနှိုင်းယှဉ်ပြောလို့ရတဲ့အဆင့်မှာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့ဖလား (၃)ကြိမ်ရ ပီလီဟာ ဘယ်သူနဲ့မှ မတူတဲ့ ကစားသမားတဦးဖြစ်ကြောင်း တီတီက ဂုဏ်တင်ခဲ့တာပါ။

၅။ အသင်းပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဂျူဗင်တပ်ကွင်းလယ်ကစားသမား အမ်မရီချန်ဟာ ပွဲထွက်ကစားခွင့်နည်းပါးနေတဲ့ အခြေအနေအပေါ် စိတ်ပျက်နေတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

၆။ အာဆင်နယ်ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါက ဝိတ်တက်နေတယ်လို့ ဝေဖန်ခဲ့ပေမယ့် ရီးယဲလ်မက်ဒရစ်ကြယ်ပွင့် အေဒင်ဟာဇက်ကတော့ သူဟာ ပုံစံကောင်းမှာ ရှိနေတယ်လို့ တုံ့ပြန်လိုက်ပါတယ်။

Photo Credit : Goal

၇။ စပိန်အသင်းကို အကောင်းဆုံးကိုင်တွယ်ရင်း ယူရို (၂၀၂၀)ဆီ ပို့ဆောင်ပေးခဲ့ပေမယ့် လူးဝစ်အန်းနရစ်နဲ့ ပြန်လည်အစားထိုးခံရတဲ့အတွက် နည်းပြရော်ဘတ်မိုရီနိုကတော့ သူ့ကို စပိန်ဘောလုံးအဖွဲ့ချုပ်က သစ္စာဖောက်ခဲ့တယ်လို့ ခံစားနေရပါတယ်။

၈။ ဘာစီလိုနာအကယ်ဒမီဒါရိုက်တာ ပက်ထရစ်ကလွိုက်ဘတ်ကတော့ နယ်သာလန်ကြယ်ပွင့်လေး ဒီလစ်ခ်ျအနေနဲ့ ဘာစီလိုနာအစား ဂျူဗင်တပ်အသင်းကိုသာ ရွေးချယ်ခဲ့တဲ့အပေါ် နောင်တရနေလိမ့်မယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

2K Shares
error: Content is protected !!