.

လူးဝစ် အင်းနရစ် ဘယ်အချိန်မှာ အာဆင်နယ်နည်းပြဖြစ်လာမှာလဲ

5K Shares

ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင်အသင်းတွေရဲ့ နည်းပြဟောင်းဖြစ်သူ လူးဝစ် အင်းနရစ်ဟာ လာမယ့် ခရစ္စမတ်ကာလဝန်းကျင်မှာ အာဆင်နယ်နည်းပြသစ်ဖြစ်လာနိုင်တယ်လို့ နာမည်ကျော် စပိန်သတင်းထောက် ကီကီ မာရင်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Football London က ဖော်ပြခဲ့ပါတယ်။

ကီကီ မာရင်က ရာအူးလ် ဆန်လက်ဟီအနေနဲ့ အမ်မရီကို ခရစ္စမတ်မတိုင်ခင်မှာ ထုတ်ပယ်နိုင်ချေရှိနေပြီး လူးဝစ် အင်းနရစ်ကို ခေါ်ယူခန့်ထားဖို့ စီစဉ်နေတယ်လို့ ဆိုသွားပါတယ်။ ဒါ့အပြင် အမ်မရီအနေနဲ့ သူ့ရဲ့ နည်းပြရာထူးကို ကယ်တင်ဖို့ အချိန် ၁ လပဲရရှိမယ်ဆိုတာကိုလည်း သတိပေးခံထားရပြီးဖြစ်တယ်လို့ မာရင်က ပြောဆိုခဲ့ပါတယ်။

Photo : The Independent

ထိပ်တန်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ အမ်မရီအနေနဲ့ ဆောက်သမ်တန်၊ နော်ဝစ်ခ်ျ၊ ဘရိုက်တန်၊ ဝက်စ်ဟမ်းနဲ့ အလွန်ဆုံး ဒီဇင်ဘာ ၁၅ မှာ မန်စီးတီးနဲ့ရင်ဆိုင်ရမယ့်ပွဲအထိသာ အချိန်ရလိမ့်မယ်လို့ ဖော်ပြနေကြပြီဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဆန်လက်ဟီဟာ အင်းနရစ်ကို ခေါ်ယူဖို့ကိစ္စကို လက်မလျှော့သေးပဲ ဆက်လက်ချိတ်ဆက်နေဆဲဖြစ်တယ်လို့ The Mirror သတင်းဌာနက ဖော်ပြခဲ့သလို မာရင်ကလည်း အဆိုပါကိစ္စဟာ အမှန်ဖြစ်တယ်လို့ အတည်ပြုသွားခဲ့ပါတယ်။
Ref: The Mirror, Football London

5K Shares
error: Content is protected !!