.

နိုက်ကလပ်မှာ ကလေးမွေးတဲ့ ပြင်သစ်မှ မိခင်

42 Shares

ပြင်သစ်နိုင်ငံ တူးလောစ့်မြို့  တွင်ရှိသည့် ကလပ်တစ်ခုတွင် ဖြစ်သည်။ အသက် ၁၉ နှစ်သာ ရှိသေးသည့် မိခင်လောင်း တစ်ယောက် စိတ်ပြေလက်ပျောက်ဆိုပြီး သူငယ်ချင်းတွေနှင့် အဆိုပါ ကလပ်ကို ရောက်လာသည်။

pexels-photo-1154189
IMAGE: PEXELS

သူက အရက်သောက်မှာ မဟုတ်ပေမယ့် သူငယ်ချင်းတွေနှင့် အတူ ရောက်လာသည်။ မနက် ၅း၃၀ ခွဲရောက်တော့ သူမက ရုတ်တရက် ဗိုက်နာလာသည်။

ဘေးက လူတွေကို အကူအညီတောင်းသည်။ သူမ မခံမရပ်နိုင်အောင် နာလာသည်။ မန်နေဂျာ အဆိုအရတော့ “ကျွန်တော့် ၀န်ထမ်းက ကျွန်တော့် ဆီကို ရောက်လာတယ်။ အရေးပေါ်လို့ ဆိုပါတယ်။ ကျွန်တော် ရောက်သွားတော့ ကလေးတောင်မွေးပြီးနေပါပြီ။” လို့  ဆိုပါတယ်။

club
IMAGE: PEXELS

ဝန်ထမ်းတွေကတော့ အရေးပေါ် ကိုခေါ်ပေမယ့် ရောက်လာချိန်မှာ ကလေးရော မိခင်ပါ ကျန်းမာတယ်လို့ ဆိုပါတယ်။ သူတို့ ကို အရေးပေါ် ဆေးရုံကို ပို့ လိုက်ရတယ်။ အဆိုပါ ယောင်္ကျားလေး ကို မန်နေဂျာကတော့ တစ်သက်လုံး Club ကို အခမဲ့ ၀င်ခွင့်ပေးမယ်လို့ ဆိုပါတယ်။

newborn-baby-feet-basket-161709
IMAGE: PEXELS

အဆိုပါ ယောင်္ကျားလေးကတော့ အသက် ၁၆ နှစ် မပြည့်ခင်မှာတော့ ကလပ်ကို မိဘတွေနဲ့  အတူဝင်ခွင့်ရပေမယ့် အသက်ပြည့်သွားရင် သူ တစ်ယောက်ထဲ ၀င်ခွင့်ရမယ်လို့ ဆိုပါတယ်။

REF: METRO

42 Shares
error: Content is protected !!