.

၁၅၊ ၁၁၊ ၂၀၁၉ – မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

111 Shares

၁။ မန်ယူအသင်းရဲ့ ချိတ်ဆက်မှုကို ခံနေရတဲ့ ဒိုင်နမို ဇာဂရက်ဘ် တောင်ပံကြယ်ပွင့် ဒန်နီ အိုလ်မိုအနေနဲ့ လာမယ့်ဇန်နဝါရီမှာတင် ဥရောပထိပ်တန်းအသင်းကြီးတွေထံ အသင်းပြောင်းရွှေ့ကစားဖို့ရှိနေတယ်လို့ နည်းပြဖြစ်သူ နီနဒ် ဘီဂျီလီကာက ပြောဆိုသွားခဲ့ပါတယ်။

၂။ မန်ယူအသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်တဲ့ ဘင်ဖီကာ ခံစစ်မှူး ရူဘင် ဒီယာ့စ်ကို ခေါ်ယူဖို့ မန်စီးတီးအသင်းနဲ့ ဝုလ်ဗ်အသင်းတွေက ကြိုးပမ်းလာနေပါတယ်။

၃။ မန်စီးတီးအသင်းဟာ မန်ယူအသင်း ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ အင်တာမီလန်တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကိုလည်း ခေါ်ယူဖို့ ချဉ်းကလပ်နေပါတယ်။ မန်ယူအသင်းကလည်း အဆိုပါ အာဂျင်တီးနားကြယ်ပွင့်ကို ပေါင် သန် ၁၀၀ ပေးချေခေါ်ယူဖို့ စဉ်းစားနေပါတယ်။

၎။ မန်ယူ ခံစစ်မှူး အာရွန် ဝမ်ဘစ္စကာဟာ ဥရောပတစ်လွှားမှာ ဟန့်တားဖျက်ထုတ်မှု အကောင်းဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်နေပါတယ်။ ဝမ်ဘစ္စကာဟာ ပျမ်းမျှ မိနစ် ၉၀ မှာ ၅.၀၆ ကြိမ်နှုန်းအထိ ဖျက်ထုတ်ထားနိုင်ကြောင်း မှတ်တမ်းတွေက ဖော်ပြနေပါတယ်။ ဝမ်ဘစ္စကာဟာ ခရစ္စတယ်ပဲလေ့စ်မှာတုန်းက ပျမ်းမျှ မိနစ် ၉၀ မှာ ၃.၄၆ ကြိမ်နှုန်း ဖျက်ထုတ်နိုင်ခဲ့ပါတယ်။

၅။ လူငယ်ကွင်းလယ်လူ အိန်ဂျယ် ဂိုမက်စ်ဟာ အင်္ဂလန် ယူ-၂၀ အသင်းက ပေါ်တူဂီ ယူ-၂၀ အသင်းကို ၄ ဂိုးပြတ်အနိုင်ရရှိတဲ့ ပွဲစဉ်မှာ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး တစ်ဦးတည်း သွင်းဂိုး ၃ ဂိုးဖန်တီးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

၆။ မန်ယူအသင်းဟာ ကစားသမားခေါ်ယူမှုဆိုင်ရာ ဆန်းစစ်သုံးသပ်ဆေးရေးမှုအဖြစ် နေးလ် မက်အီလ်ဟာဂေးကို ခေါ်ယူ ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် မန်ယူအသင်းဟာ ယခုရာသီအစတုန်းကလည်း ကစားသမားခေါ်ယူမှုဆိုင်ရာ လုပ်ငန်းမန်နေဂျာရာထူးအတွက် အန်ဒရူး မရီဒစ်သ်ကိုလည်း ခေါ်ယူထားတာမို့ စီအီးအိုဖြစ်သူ အက်ဒ် ဝုဒ်ဝါ့ဒ်ဟာ အားကစားဒါရိုက်တာ ရာထူးခန့်အပ်ဖို့ အစီအစဉ်ရှိပုံမပေါ်ပဲ သူ့စိတ်ကြိုက် ကစားသမားအပြောင်းအရွှေ့တွေ စီမံခန့်ခွဲရာမှာ ပံ့ပိုးပေးနိုင်မယ့်ရာထူးတွေ ဖန်တီးခန့်အပ်နေတယ်လို့ ပရိတ်သတ်တွေက ဝေဖန်နေကြပါတယ်။

111 Shares
error: Content is protected !!