.

၁၅၊ ၁၁၊ ၂၀၁၉ – အာဆင်နယ်သတင်းတိုများ

3K Shares

၁။ တန်ကြေး ပေါင် ၈၅ သန်း သတ်မှတ်လိုက်ပြီးတဲ့နောက်မှာ ရက်ဒ်ဘူးလ် လိုက်ပ်ဇစ်အသင်းရဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ ကြိုးပမ်းတဲ့အသင်းတစ်ချို့ နောက်ဆုတ်သွားကြတာကြောင့် အာဆင်နယ်အသင်းအနေနဲ့ အဆိုပါကြယ်ပွင့်ကို ခေါ်ယူနိုင်ဖို့ အခွင့်အရေးပိုကောင်းလာနေတယ်လို့ မီဒီယာတွေက သုံးသပ်နေကြပါတယ်။ အာဆင်နယ်အသင်းဟာ အူဘာမီယန်းနေရာမှာ အစားထိုးဖို့ ဟာလန်းကို ပစ်မှတ်ထားနေပါတယ်။

၂။ အာဆင်နယ်အသင်းဟာ စတုဂတ်အသင်းက ဘယ်လ်ဂျီယံ ယူ-၂၁ ကြယ်ပွင့် အိုရယ် မန်ဂါလာကို ခေါ်ယူဖို့ စောင့်ကြည့်မှု ပြုလုပ်နေပါတယ်။

၃။ လန်ဒန်ကလပ်ဟာ နာပိုလီအသင်းကနေ ထွက်ခွာတော့မယ့် အသက် ၃၂ နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင်တောင်ပံတိုက်စစ်မှူး ဒရိုင်းစ် မာတင်စ်ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ အီတလီမီဒီယာ Ilmattino က ဖော်ပြခဲ့ပါတယ်။ မာတင်စ်ဟာ နာပိုလီနဲ့ လာမယ့်ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကစားသမားဖြစ်ပါတယ်။

၎။ တကယ်လို့ အာဆင်နယ်အသင်းဟာ လူးကပ်စ် တော်ရဲယားကို ဇန်နဝါရီမှ လက်လွှတ်ဆုံးရှုံးခဲ့ရမယ်ဆိုရင် ကာလမ် ချန်ဘာစ်ကို ကွင်းလယ်မှာ ရွှေ့ပြောင်းကစားခိုင်းသင့်တယ်လို့ TBR သတင်းဌာန သုံးသပ်သွားခဲ့ပါတယ်။ ချမ်ဘာစ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဖူလ်ဟမ်အသင်းမှာ အငှားသွားရောက်ကစားခဲ့စဉ်မှာ ကွင်းလယ်မှာ ကစားကာ ခြေစွမ်းကောင်းပြသနိုင်ခဲ့သူဖြစ်ပါတယ်။

၅။ ဘွန်ဒက်စ်လီဂါကပ် အိန့်ထရက်ခ်ျ ဖရန့်ဖတ်အသင်းဟာ အာဆင်နယ်အသင်းနဲ့ ကစားမယ့် ယူရိုပါလိဂ်ပွဲစဉ်မှာ ကွင်းပိတ်မကစားရဖို့ အယူခံဝင်ခဲ့ပေမယ့်လည်း ပါယ်ချခံခဲ့ရပါတယ်။ ဒါကြောင့် လာမယ့် တစ်ပတ်မှာကစားမယ့် ယူရိုပါလိဂ်ပွဲစဉ်မှာ ပရိတ်သတ်မပါပဲကစားရတော့မှာဖြစ်ပါတယ်။

၆။ နယူးကာဆယ်အသင်းရဲ့ နည်းပြဖြစ်သူ စတိဗ် ဘရုစ်နဲ့ ရင်းနှီးမှုရှိတဲ့ Telegraph သတင်းထောက် လုခ် အက်ဒ်ဝါ့ဒ်က နယူးကာဆယ်အသင်းအနေနဲ့ အာဆင်နယ်ကွင်းလယ်လူ ဂရာနစ် ရှာခါကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်ဆိုတာ ဟုတ်မှန်တယ်လို့ အတည်ပြုလိုက်ပါတယ်။

၇။ အာဆင်နယ်အသင်းဟာ မိုချန်ဂလက်ဘတ်အသင်းက ဗီယာရာလက်သစ် ဒင်းနစ် ဇာကားရီးယားကို ခေါ်ယူနိုင်ဖို့ ပိုမိုနီးစပ်လာနေတယ်လို့ The Mirror သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ အဆိုပါကစားသမားကို ခေါ်ယူရေး လက်လျှော့လိုက်ပြီဖြစ်သလို ကစားသမားကိုယ်တိုင်ကလည်း လက်ကျန် မန်ယူနဲ့ စပါးတို့ထက် အာဆင်နယ်ကို ပိုမိုစိတ်ဝင်စားနေတာကြောင့်ဖြစ်ပါတယ်။

၈။ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူဟောင်း အီမန်နူရယ် ပီတစ်က အသင်းက အားကစားဒါရိုက်တာ ရာအူးလ် ဆန်လက်ဟီဟာ နည်းပြ အူနိုင်း အမ်မရီကို ထုတ်ပယ်မှာမဟုတ်ဘူးလို့ ပြောဆိုထားပေမယ့် အဆိုပါပြောဆိုချက်ဟာ အလိမ်အညာစကားသာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ “အမ်မရီနဲ့ ပတ်သတ်ပြီး အသင်းက ပြောဆိုနေတာတွေက အမှန်တရားမဟုတ်ပါဘူး။ ဒါတွေက ရုတ်ရုတ်သဲသဲမဖြစ်စေချင်လို့ လူကြားကောင်းရုံ နိုင်ငံရေးစကားတွေပြောနေတာပါ (အမြင်လှအောင် လိမ်ညာပြောဆိုခြင်းမျိုးကို ဆိုလိုသည်)။ ကျွန်တော် အသင်း ရှယ်ယာရှင်တွေနဲ့ တာဝန်ရှိသူတွေဆီက ကြားထားတာတွေက ဒီလိုမျိုးတွေမဟုတ်ပါဘူး။ သူတို့ မန်နေဂျာကို ထုတ်ပယ်ဖို့ စဉ်းစားနေတယ်ဆိုတာ သေချာတယ်လို့ ကျွန်တော် သက်သေတောင်ပြနိုင်ပါသေးတယ်။ ဒီအချက်တွေက အပြင်မှာ သူတို့ပြောနေတာတွေနဲ့ လုံးဝ ပကတိ ဆန့်ကျင်ဘက်ပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။

၉။ ရီးရဲလ်မက်ဒရစ်အသင်းမှာ ခြေစွမ်းပြသနေတဲ့ လူငယ်ကွင်းလယ်လူ ဖက်ဒရီကို ဗယ်လ်ဗာဒီက သူ့အနေနဲ့ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့ဖူးတယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။ ဥရုဂွေးကွင်းလယ်လူက သူ့အနေနဲ့ ၂၀၁၆ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ်အသင်းထံ မပြောင်းရွှေ့ခင်မှာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖြစ်ဖို့ နီးစပ်ခဲ့ဖူးတယ်လို့ ပြောဆိုသွားတာပါ။ ဗယ်လ်ဗာဒီဟာ အဆိုပါကာလတုန်းက အာဆင်နယ်အသင်းထံ အစမ်းသပ်ခံဖို့လာရောက်ခဲ့ဖူးပြီး အလက်ဆစ် ဆန်းချက်ဇ်အပါအဝင် ထိပ်တန်းကြယ်ပွင့်တွေနဲ့ အတူလေ့ကျင့်ခန်းဆင်းခွင့်ရရှိခဲ့ပေမယ့် လူကောင်သေးကွေးတဲ့အချက်နဲ့ ဘာသာကစားအခက်အခဲတွေကြောင့် အပြီးသတ် စာချုပ်ချုပ်ဆိုဖို့ ငြင်းဆိုခဲ့တာဖြစ်ပါတယ်။

၁၀။ အာဆင်နယ် ခံစစ်မှူး ဟက်တာ ဘယ်လာရင်အတွက် ချဉ်းကပ်မှုတွေ ရှိနေကြောင်း အေးဂျင့်ဖြစ်သူ အယ်လ်ဘာတို ဘိုတိုင်းစ်က အတည်ပြုပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ စပိန်ခံစစ်မှူးကို ခေါ်ယူဖို့ စီးရီးအေထိပ်သီးကလပ်တစ်ချို့က ချဉ်းကပ်နေပြီး ဘယ်အသင်းတွေဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုမှာမဟုတ်ဘူးလို့ ဘိုတိုင်းစ်က ဆိုခဲ့ပါတယ်။

3K Shares
error: Content is protected !!