.

၁၅၊ ၁၁၊ ၂၀၁၉ – နေ့လယ်ခင်းသတင်းတိုများ

1K Shares

၁။ လီဗာပူးလ် ခံစစ်မှူး ဂျိုး ဂိုမက်ဇ်ရဲ့ ဖခင်ဖြစ်သူက စတာလင်နဲ့ ထိပ်တိုက် ရန်ပွဲဖြစ်ခဲ့တဲ့ သူ့ သားဖြစ်သူရဲ့ လုပ်ရပ်အပေါ် ဂုဏ်ယူမိတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

၂။ ဂရာနစ် ရှာခါအပြင် နောက်ထပ်အာဆင်နယ်ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ လူးကပ်စ် တော်ရဲယားဟာလည်း လာမယ့် ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပါတယ်။

၃။ တော့တင်ဟမ်အသင်းက ခံစစ်မှူး ဒန်နီ ရို့စ်က အသင်းနဲ့ စာချုပ်သက်တမ်း ၁၈ လ ကျန်ရှိနေသေးပေမယ့်လည်း အသင်းဘက်က စာချုပ်သစ်ကမ်းလှမ်းတော့မှာမဟုတ်ဘူးလို့ အသိပေးတာ ခံခဲ့ရတာကြောင့် ယခုချိန်ကတည်းက စာချုပ်ဖျက်သိမ်းဖို့ ကြိုးစားလာနေပြီဖြစ်ပါတယ်။

၎။ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာဟာ ရာသီဥတုပြင်းထန်တဲ့ (မန်ချက်စတာမြို့တည်ရှိရာ) အင်္ဂလန် အနောက်မြောက်ဒေသမှာ နေထိုင်ရတဲ့ အခြေအနေအပေါ် မပျော်မရွှင်ဖြစ်နေပြီး အသင်းကနေ ထွက်ခွာဖို့ စဉ်းစားလာနေတယ်လို့ သတင်းတွေကဆိုပါတယ်။ ဘွန်ဒက်စ်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းကတော့ အဆိုပါအခြေအနေကို အသုံးချဖို့ ကြိုးပမ်းလာနေပါတယ်။

၅။ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ နီးစပ်လာနေတဲ့ လူငယ်ကွင်းလယ်လူ ကာလက်စ် အလီနာကို ခေါ်ယူဖို့ လာလီဂါကလပ် ဂီတာဖေးအသင်းက စိတ်ဝင်စားနေပါတယ်။ ဂီတာဖေးအသင်းဟာ လာမယ့် ဇန်နဝါရီမှာ ကနဦးအငှားစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ စတင်ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

၆။ ဒေါ့မွန်အသင်းဟာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ နီးစပ်လာနေတဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး အိုလီဗီယာ ဂျရူးကို ခေါ်ယူဖို့ စိတ်ဆန္ဒရှိနေပါတယ်။ တိုက်စစ်ပိုင်းမှာ အားဖြည့်ချင်နေတဲ့ ဘွန်ဒက်စ်လီဂါကလပ်ဟာ ဂျရူးအပြင် မန်ဇူကစ်နဲ့ အီဗရာဟီမိုဗစ်ခ်ျတို့ကိုလည်း ပစ်မှတ်ထားနေပါတယ်။

၇။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပီအက်စ်ဗီအသင်းက နယ်သာလန်တောင်ပံ တိုက်စစ်ကြယ်ပွင့် စတီဗင် ဘာ့ဂ်ျဝစ်ဂျင်ကို ခေါ်ယူဖို့ ပြန်လည် ကြိုးပမ်းလာနေပါတယ်။ ဒါပေမယ့်လည်း အဆိုပါကစားသမားကို ခေါ်ယူနိုင်ဖို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဆွဲဆောင်နိုင်ဖို့ လိုအပ်နေတယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။

၈။ စပါးအသင်းဟာ ကွင်းလယ်လူ အဲရစ်ဆင်၊ ခံစစ်မှူး အယ်လ်ဒါဝီးရယ်နဲ့ ဗာတွန်ဂန်တို့ကို ၃ ဦးလုံးက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးရမယ့် အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အဆိုပါကစားသမား ၃ ဦးလုံးဟာ လန်ဒန်ကလပ်နဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ငြင်းဆန်ခဲ့ကြပြီဖြစ်ပါတယ်။

၉။ ပီအက်စ်ဂျီအသင်းဟာ ရီးရဲလ်နဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတဲ့ တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေရဲ့ နေရာကို အစားထိုးဖို့ ကစားသမားသစ်ရှာဖွေနေပြီဖြစ်ပါတယ်။

၁၀။ လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်က သူတို့အသင်းက ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျကို ခေါ်ယူမယ်လို့ ထွက်ပေါ်နေတဲ့သတင်းတွေကို လှောင်ပြောင်ပယ်ချသွားခဲ့ပြီး မန်ယူမှာမကစားခဲ့ဘူးရင်တော့ စဉ်းစားမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ “တကယ်လို့ သူသာ မန်ယူမှာ မကစားခဲ့ဘူးဆိုရင်ပေါ့လေ။ ကျွန်တော်တို့ ဉ်းစားဖြစ်ကောင်း စဉ်းစားမိနိုင်ပါတယ်” လို့ သူက Sportbladet ကို ပြောဆိုခဲ့တာပါ။

၁၁။ ဆီးရီးယားကို အရေးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အပြီးမှာ တရုတ်လက်ရွေးစင်အသင်း နည်းပြ မာဆယ်လို လစ်ပီဟာ နည်းပြရာထူးကနေ နှုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။ အဆိုပါ ရှုံးပွဲမှာ သူ့အနေနဲ့ အပြည့်အဝ တာဝန်ရှိတယ်လို့ အီတလီအသင်းကို ကမ္ဘာ့ဖလား ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့ဖူးတဲ့ လစ်ပီက ပြောဆိုသွားခဲ့ပါတယ်။

၁၂။ မေဂျာလိဂ်ကလပ် အယ်လ်အေ ဂယ်လက်ဆီအသင်းဟာ အီဗရာဟီမိုဗစ်ခ်ျနေရာမှာ အစားထိုးဖို့ ပီအက်စ်ဂျီတိုက်စစ်မှူး အီဒင်ဆင် ကာဗာနီနဲ့ ဆွေးနွေးမှုပြုလုပ်နေပါတယ်။

1K Shares
error: Content is protected !!