.

၁၂၊ ၁၁၊ ၂၀၁၉ – စီးရီးအေနဲ့ လာလီဂါသတင်းတိုများ

189 Shares

၁။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဇီနဒင်း ဇီဒန်းကတော့ အမ်ဘာပေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ တိတ်တိတ်ဆိတ်ဆိတ်နေနေစရာ အကြောင်းမရှိဘူးလို့ တုန့်ပြန်ပြောဆိုလိုက်ပါတယ်။ အမ်ဘာပေနဲ့ ပတ်သက်ပြီး သူ့ရဲ့ ပြောဆိုချက်တွေအပေါ် စိတ်ဆိုးဒေါသထွက်နေတဲ့ ပီအက်စ်ဂျီ အားကစားဒါရိုက်တာ လီယိုနာဒိုကို “ကျွန်တော် ဘာမှမပြောပါဘူး။ ဒါကစားသမားကိုယ်တိုင် ပြောသွားတာတွေပါ။ သူ ဒီအသင်းမှာ ကစားချင်တဲ့ အိပ်မက်ရှိနေတာ အမှန်ပဲဟာ” လို့ တုန့်ပြန်လိုက်တာဖြစ်ပါတယ်။

၂။ နေမာရဲ့ ဖခင်ဖြစ်သူကတော့ သူ့ရဲ့သားဖြစ်သူဟာ ပီအက်စ်ဂျီအသင်းမှာ ဆက်ရှိနေပေမယ့် ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ စကားပြောဆိုမှုတွေကို ရပ်တန့်သွားမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

၃။ မကြာသေးခင်ကမှ အသင်းဖော်တွေကို ပြန်လည်ဝေဖန်ခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ ဂိုးသမားဖြစ်သူ တာ စတီဂျန်က သူ့ရဲ့ ပြောဆိုမှုတွေအပေါ် ကာကွယ်ပြောဆိုခဲ့ပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေဖြစ်တာမို့ အချင်းချင်း ထောက်ပြဝေဖန်မှုတွေဟာ ဆန်းကြယ်တဲ့အရာမဟုတ်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

၎။ အီတလီ ဂန္တဝင်နည်းပြဟောင်း ဖေဘီယို ကာပယ်လိုက ဂျူဗင်တပ်တိုက်စစ်မှူး စီ ရော်နယ်ဒိုရဲ့ ခြေစွမ်းအပေါ် ဝေဖန်ခဲ့ပြီး သူ ပြိုင်ဘက်တွေကို လိမ်ခေါက်ဖြတ်ကျော်နိုင်ခဲ့တာဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကဖြစ်လိမ့်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

၅။ စီးရီးအေကလပ် အတ္တလန်တာအသင်းဟာ ကိုလံဘတ်စ် ခရူအသင်းက အမေရိကန်ကွင်းလယ်လူ ဒါလင်တန် နာဘီကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

၆။ ဂျူဗင်တပ်အသင်းဟာ အာဂျင်တီးနားတိုက်စစ်မှူး ဂွန်ဇာလို ဟီဂွာအင်ကို စာချုပ်သစ်ချုပ်ဆိုဖြစ်ဖို့ နီးစပ်နေပြီဖြစ်တယ်လို့ အားကစားဒါရိုက်တာ ဖေဘီယို ပါရာတက်ချီက အတည်ပြုသွားခဲ့ပါတယ်။

၇။ ဖီအိုရင်တီးနား အားကစားဒါရိုက်တာ ဒန်နီယယ်လီ ပါရာဒီက ကာဂလီယာရီအသင်းထံ သူတို့အငှားချထားတဲ့ တိုက်စစ်မှူး ဂီယိုဗန်နီ ဆီမြွန်နီဟာ နေရာမှန်ကို ရောက်နေပြီဖြစ်တယ်လို့ ချီးမွမ်းပြောဆိုသွားခဲ့ပါတယ်။ အက်သလက်တီကို မက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီရဲ့ သားဖြစ်သူ ဂီယိုဗန်နီဟာ ကာဂလီယာရီအသင်းမှာ ၁၁ ပွဲကစား ၄ ဂိုးသွင်းယူကာ ခြေစွမ်းကောင်းပြသနေပတယ်။

၈။ အီဗရာဟီမိုဗစ်ခ်ျကို ခေါ်ယူလိုက်ရုံနဲ့ အေစီမီလန်အသင်းရဲ့ လက်ရှိ ပြဿနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ဂန္တဝင်တိုက်စစ်မှူးဟောင်း ပေါ်လို ရော့စီက ပြောဆိုသွားခဲ့ပါတယ်။ အေစီမီလန်အသင်းအနေနဲ့ မှန်ကန်သင့်လျော်တဲ့ ရင်းနှီမြှုပ်နှံမှုတွေ ဆက်လက်ပြုလုပ်ဖို့ လိုအပ်နေပြီး မိုဗစ်ခ်ျဟာ သင့်လျော်တဲ့ ခေါ်ယူမှုဖြစ်လာမှာမဟုတ်ဘူးလို့ ၈၂ ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံ တိုက်စစ်မှူးကြီးက ပြောဆိုသွားခဲ့ပါတယ်။

189 Shares
error: Content is protected !!