.

အာဆင်နယ် အဆင့် ၄ ဝင်ခွင့်ရမယ်လို့ ယုံကြည်နေတဲ့ ကာလမ် ချမ်ဘာစ်

857 Shares

အာဆင်နယ်နောက်ခံလူ ကာလမ် ချမ်ဘာစ်ကတော့ သူတို့အသင်းအနေနဲ့ ရာသီကုန်မှာ အမှတ်ပေးဇယား အဆင့် ၄ အတွင်းမှာရပ်တည်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို ပြန်လည် ရယူနိုင်လိမ့်မယ်လို့ ယုံကြည်မှုအပြည့်ရှိထားကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အမ်မရီရဲ့ အသင်းဟာ ယခုတစ်ပတ်မှာ လက်စတာစီးတီးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ နေရာနဲ့ ရမှတ် ၈ မှတ်အထိကွာဟနေပြီဖြစ်ပါတယ်။

Photo : Sport Mole

ချမ်ဘာစ်ကတော့ ရမှတ်ကွာဟချက်ကြီးမားနေပေမယ့် အပေါင်းလက္ခဏာဘက်ကနေ မျှော်လင့်နေဆဲဖြစ်သလို ကွာဟချက်တွေကို လျှော့ချနိုင်မယ်လို့ ယုံကြည်ကြောင်းဆိုခဲ့ပါတယ်။ “ခုချိန်မှာတော့ ကွာဟချက်က ကြီးနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အပြုသဘောဆန်တဲ့ မျှော်လင့်ချက်ရှိနေဆဲပါ။ ကွာဟချက်တွေကို လျှော့ချနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ချမ်ဘာစ်က ဆိုခဲ့တာပါ။

Photo : Arsenal Mania

ဒါ့အပြင် အသင်းသားတွေဟာ နည်းပြဖြစ်သူ အူနိုင်း အမ်မရီအပေါ် ယုံကြည်မှု ရှိထားသလို အဝတ်လဲခန်းထဲမှာလည်း စုစည်းမှုအပြည့်ရှိနေတယ်လို့ သူက ပြောဆိုသွားခဲ့ပါတယ်။

“ကျွန်တော်တို့ စုစည်းမှုရှိနေပါတယ်။ အဝတ်လဲခန်းထဲမှာရော အသင်းကပါ အတူတကွ တက်ညီလက်ညီပါပဲ။ ဒါက ကောင်းမွန်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အခြေအနေပါ။ ကျွန်တော်တို့က ဆက်ပြီးတိုက်ပွဲဝင်ကြမှာပါ။ အားလုံးပေးဆပ်ပြီး ကစားကြမှာပါ။ အခြေအနေတွေကို ပြောင်းလဲနိုင်မှာပါ။ ကျွန်တော်တို့ လူစာရင်းကောင်းရှိပါတယ်။ အရည်အသွေးလည်းရှိပါတယ်။ ကျွန်တော်တို့ ပြောင်းလဲပစ်မှာပါ” လို့ သူက ပြောဆိုသွားခဲ့ပါတယ်။
Ref: Independent

857 Shares
error: Content is protected !!