.

၁၁၊ ၁၀၊ ၂၀၁၉ – အာဆင်နယ်သတင်းတိုများ

2K Shares

၁။ ဘိုင်ယန်မြူးနစ် စီအီးအို ရူမင်နစ်ဂီက အာဆင်နယ် နည်းပြဟောင်း အာဆင်းဝင်းဂါးကို နည်းပြလောင်း စာရင်းကနေ ဖယ်ရှားလိုက်ပြီလို့ ပြောဆိုသွားခဲ့ပါတယ်။ ဘိုင်ယန်ဘက်က ပြင်သစ်လူမျိုးနည်းပြကို ကာလတိုစာချုပ်တစ်ရပ်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန်ပယ်ချခဲ့တာကြောင့်ဖြစ်ပါတယ်။

၂။ လက်စတာ စီးတီးနဲ့ ပွဲစဉ်ကို အဝေးကွင်းပွဲစဉ်ဖြစ်ပေမယ့် အာဆင်နယ်အသင်းရဲ့ အားကစား ဒါရိုက်တာ ရာအူးလ် ဆန်လက်ဟီနဲ့ နည်းစနစ် ဒါရိုက်တာ အီဒူးတို့ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ သူတို့ နှစ်ဦးခုလို လာရောက်ကြည့်ရှုတာဟာ နည်းပြ အမ်မရီရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးဖို့ဖြစ်နိုင်တယ်လို့ မီဒီယာတွေက ဖော်ပြနေကြပါတယ်။

၃။ နည်းပြ အူနိုင်း အမ်မရီကတော့ ပရိတ်သတ်တွေအနေနဲ့ အသင်းတာဝန်ရှိသူတွေအနေနဲ့ အသင်းရဲ့ တိုးတက်မှုတွေကို မြင်တွေ့ချင်တယ်ဆိုရင် သည်းခံစိတ်ထားဖို့နဲ့ တည်ငြိမ်မှုရှိကြဖို့ လိုအပ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ “ကျွန်တော် အသင်းကိုရော အားလုံးကိုရော ပြောချင်တာက ခုချိန်မှာ သည်းခံစိတ်ထားကြဖို့နဲ့ တည်ငြိမ်ပေးကြဖို့ဆိုတာပါပဲ။ ဒီအခြေအနေတွေကို ပြန်လည်ကုစားပြီး တိုးတက်လာအောင် လုပ်သွားမှာပါ။ ဒီ့အတွက် ယုံကြည်မှု ရှိပါတယ်။ ဝေဖန်နေကြတာတွေကို လက်ခံပါတယ်။ ဒါပေမယ့် ကျွန်တော့်အလုပ်ကို ကျွန်တော် အသိဆုံးပါ” လို့ သူက ဆိုသွားတာပါ။

၎။ စပါးကွင်းလယ်လူဟောင်း ဂျာမိန်း ဂျီးနပ်စ်က အာဆင်နယ်အသင်းဟာ နည်းပြ အူနိုင်း အမ်မရီနဲ့ ဆက်ပြီး အဆင်ပြေနိုင်လိမ့်မယ်လို့ မထင်ကြောင်း သုံးသပ်သွားခဲ့ပြီး သူ့လက်အောက်က အသင်းရဲ့ ပြဿနာဟာ ဦးတည်ချက်မဲ့နေတာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

၅။ အာဆင်နယ်အသင်းကို ၂ ဂိုးပြတ်အနိုင်ယူနိုင်ခဲ့ပြီးတဲ့နောက်မှာ ဂျေမီ ဗာဒီဟ သမိုင်းတစ်လျှောက် အာဆင်နယ်ကို ဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။ ဗာဒီဟာ ဒရော့ဘာရဲ့ ၁၂ ပွဲ ၈ ဂိုး စံချိန်ကို ၁၀ ပွဲ ၉ ဂိုးနဲ့ ကျော်ဖြတ်သွားခဲ့တာပါ။

၆။ နာမည်ကျော် အစီအစဉ်တင်ဆက်သူ ပီယားစ် မော်ဂန်က နည်းပြ အူနိုင်း အမ်မရီကို ထုတ်ပယ်ပစ်ဖို့ လက်စတာ စီးတီးနဲ့ ပွဲစဉ်အပြီးမှာ တောင်းဆိုလိုက်ပါတယ်။

2K Shares
error: Content is protected !!