.

၉၊ ၁၁၊ ၂၀၁၉ – အာဆင်နယ်သတင်းတိုများ

2K Shares

၁။ အာဆင်နယ်အသင်းအတွက် လက်စတာ စီးတီး နည်းပြ ဘရန်ဒန် ရော်ဂျာစ်ဟာ သိသာထင်ရှားတဲ့ ရွေးချယ်စရာ နည်းပြ ပစ်မှတ်တစ်ဦးဖြစ်တယ်လို့ Sky Sports ရဲ့ သုံးသပ်သူ တင်မ် ရှားဝုဒ်က ပြောဆိုသွားခဲ့ပါတယ်။

၂။ ရလဒ်တွေ ဆိုးရွားပြီး ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေကို ခံနေရချိန်မှာ ဘုတ်အဖွဲ့ဝင် ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ဂျို့ရှ် ခရွန်ကီဟာ အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ရုတ်တရက် ရောက်လာခဲ့ပြီး နည်းပြအမ်မရီနဲ့ တွေ့ဆုံခဲ့တယ်လို့ Football London က ဖော်ပြခဲ့ပါတယ်။ ဂျို့ရှ်နဲ့ ဖခင်ဖြစ်သူ စတန်တို့ဟာ လော့စ်အိန်ဂျယ်လိစ် ရမ်းစ်အသင်းနဲ့ စင်စင်နတီ ဘန်ဂါလ်အသင်းတို့ရဲ့ NFL ပွဲစဉ်ကို ကြည့်ရှုဖို့ လန်ဒန်ကို ရောက်ရှိနေတာဖြစ်ပါတယ်။

၃။ ဗစ်တိုးရီးယားနဲ့ ပွဲစဉ်မှာ ဒါဏ်ရာ ရရှိသွားတဲ့ ဒန်နီ စီဘာယော့စ်ဟာ လက်စတာစီးတီးနဲ့ ပွဲစဉ်ကို သေချာပေါက် လွဲချော်တော့မှာဖြစ်ပြီးတော့ ဒါဏ်ရာရဲ့ အသေးစိတ်အချေအနေကိုတော့ စစ်ဆေးနေဆဲလို့ အာဆင်နယ်အသင်းက အတည်ပြုသွားပါတယ်။

၎။ အာဆင်နယ်အသင်းဟာ မန်ယူအသင်းရဲ့ ကင်းထောက်တွေဖြစ်ကြတဲ့ ဒေ့ဗ် ဟာရစ်ဆင်နဲ့ လင်ဒန် တွမ်လင်ဆင်တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အဆိုပါ ပုဂ္ဂိုလ် ၂ ဦးဟာ လက်ရှိ မန်ယူကင်းထောက် အဖွဲ့ရဲ့ အကောင်းဆုံး ကင်းထောက်တွေဖြစ်ကြတယ်လို့ Daily Mail က ဖော်ပြသွားပါတယ်။

၅။ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ ရက်ဒ်ဘူးလ် ဆားလ်ဘတ်လူငယ်ကြယ်ပွင့် ကာရင်မ် အဒီယီမီကို ဘာစီလိုနာအသင်းက ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် ငြင်းဆန်ပယ်ချခံခဲ့ရတာမို့ လန်ဒန်အသင်းအတွက် သတင်းကောင်းဖြစ်လာခဲ့ပါတယ်။ အဒီယီမီဟာ ဂျာမန်ဘောလုံးအဖွဲ့ချုပ် (DFB) ရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုဖြစ်တဲ့ ဖရစ်ဇ် ဝေါ်လ်တာဆုကို သြဂုတ်လကမှ ရရှိထားသူဖြစ်ပါတယ်။

၆။ Times ရဲ့ ဖော်ပြချက်အရ နယူးကာဆယ်အသင်းဟာ အာဆင်နယ်အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ကွင်းလယ်လူ ဂရာနစ် ရှာခါကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

၇။ အာဆင်နယ်အသင်းဟာ ဖရန့်ဖတ်အသင်းက ခံစစ်မှူး မာတင် ဟင်တီရီဂါကို ခေါ်ယူဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဂန်းနားတွေဟာ ဂျာမန်ကလပ်အလိုရှိနေတဲ့ တန်ကြေးဖြစ်တဲ့ ပေါင် ၂၂ သန်းနဲ့ စတင်ကမ်းလှမ်းဖွယ်ရှိနေပါတယ်။

၈။ ခံစစ်မှူး ဆိုကရားတစ်က အသင်းကတိုက်စစ်မှူး အူဘာမီယန်းတစ်ယောက် အသင်းခေါင်းဆောင် ဖြစ်မဖြစ်ဆိုတာထက် သူ့ရဲ့ သွင်းဂိုးတွေ ဆက်ပြီး သွင်းယူနိုင်နေဖို့က ပိုပြီး အရေးကြီးတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ “ခုတစ်ကြိမ်က သူ့ရဲ့ ကပ်ပတိန်ကိစ္စအကြောင်း ပထမဆုံး တွေးမိတာပါ။ ပိုအရေးကြီးတာက သူ ဂိုးတွေ သွင်းနေဖို့ပါ။ အဲ့ဒါက ပထမကိစ္စပါပဲ။ သူ့အနေနဲ့ သူ့အလုပ် သူလုပ်နိုင်ဖို့က ပိုအရေးကြီးတဲ့ ကိစ္စပါ။ အသင်းခေါင်းဆောင်ကိစ္စ ဒါမှမဟုတ် လက်ပတ်ကို ဘယ်သူ ဝတ်ဆင်ထားလဲဆိုတာက ကွင်းထဲမှာ သိပ်အရေးကြီးတဲ့ကိစ္စလို့ ကျွန်တောမထင်ပါဘူး” လို့ ဂရိခံစစ်မှူးက ဆိုသွားတာပါ။

2K Shares
error: Content is protected !!