.

၈၊ ၁၁၊ ၂၀၁၉ လာလီဂါနဲ့ စီးရီးအေသတင်းတိုများ

286 Shares

၁။ ဂျူဗင်တပ်အသင်းဟာ မန်ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ပေါလ်ပေါ့ဂ်ဘာကို လာမယ့်နွေအပြောင်းအရွှေ့မှာ အရခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း အီတလီသတင်းဌာနတွေက ဖော်ပြထားပါတယ်။ တူရင်ကလပ်အသင်းဟာ သူတို့ရဲ့ကွင်းလယ်ကြယ်ပွင့်ဟောင်းနဲ့ ပြန်လည်ပေါင်းထုပ်ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

Photo Credit : Goal

၂။ ရီးယဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ကို မန်ယူနိုက်တက်၊ စပါးနဲ့ ဝုလ်ဗ်အသင်းတို့က အပြိုင်စိတ်ဝင်စားနေကြတယ်လို့ စပိန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

၃။ LA ဂလက်စီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အသက် (၃၈)နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို စီးရီးအေထိပ်သီးကလပ်အသင်းတသင်းဖြစ်တဲ့ အေစီမီလန်အသင်းက ခေါ်ယူဖို့ ကြိုးစားနေတယ်ဆိုပြီး MLS ကော်မရှင်နာ ဒွန်ဂါဘာက အတည်ပြုသွားခဲ့ပါတယ်။

၎။ ဘာစီလိုနာတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ဟာ အမေရိကန်မေဂျာလိဂ်ကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေတယ်လို့ ဆီယက်တဲလ်ဆောင်းဒါးစ်အသင်းတိုက်စစ်မှူး နီကိုလိုဒဲလ်ရိုလ်က ပြောကြားခဲ့ပါတယ်။ ကတ်တလန်ကလပ်အသင်းဘက်ကတော့ ဥရု‌ဂွေးတိုက်စစ်မှူးနေရာမှာ အစားထိုးဖို့ ကစားသမားသစ်တဦး ရှာဖွေနေပြီပဲ ဖြစ်ပါတယ်။

၅။ ဗီရိုနာအသင်းနဲ့ပွဲမှာ လူမျိုးရေးခွဲခြားခံရတာကြောင့် ပြုမူခဲ့တဲ့ အပြုအမူတွေအတွက် ဘရက်စ်စီယာပရိသတ်တွေဟာ သူတို့ရဲ့တိုက်စစ်မှူး ဘာလိုတယ်လီကို ဝေဖန်မှုတွေပြုလုပ်နေကြတယ်လို့ သိရပါတယ်။ ဘာလိုတယ်လီဟာ စိတ်ကြီးဝင်နေသော ကစားသမားဖြစ်တယ်လို့ ဘရက်စ်စီယာပရိသတ်တွေက ပြောကြားခဲ့ပါတယ်။

၆။ ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်ကြယ်ပွင့် အမ်ဘာပေကို ဘရာဇီးလ်သား နေမာနဲ့ လစာအတူတူ ပေးချေဖို့ ကမ်းလှမ်းဖို့ရာ မဖြစ်နိုင်တဲ့အတွက် ရီးယဲလ်မက်ဒရစ်အသင်းအတွက် အခွင့်အရေးကောင်းတရပ်ဖြစ်လာတယ်လို့ သိရပါတယ်။

Photo Credit : AS

၇။ အင်တာမီလန်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား အာတူရိုဗီဒယ်လ်ကို စိတ်ဝင်စားနေပေမယ့် နူးကမ့်အသင်း သတ်မှတ်ထားတဲ့တန်ကြေးကိုတော့ ပေးချေလိုခြင်းမရှိဘူးလို့ အီတလီသတင်းဌာနတွေက ဖော်ပြထားပါတယ်။

၈။ လာမယ့်ဇန်နဝါရီလမှာ နူးကမ့်ကနေ ထွက်ခွာတော့မယ်လို့ ဖွင့်ဟထားတဲ့ ဝါရင့်ကွင်းလယ်ကစားသမား ရာကီတစ်ကို စီးရီးအေထိပ်သီးကလပ် အေစီမီလန်အသင်းက ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပါတယ်။ ဘာစီလိုနာအသင်းဘက်ကတော့ အေစီမီလန်အသင်း အငှားခေါ်ယူခဲ့မယ်ဆိုရင် ရာသီကုန်မှာ အပြီးသတ်ခေါ်ယူခွင့် ထည့်သွင်းပေးမှသာ သဘောတူသွားဖွယ် ရှိနေပါတယ်။

286 Shares
error: Content is protected !!