.

ပင်နယ်တီရမှာ သေချာရင် ဒိုင်ဗင်ထိုးမယ်ဆိုတဲ့ မာနေး

882 Shares

လီဗာပူးကြယ်ပွင့်တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာက ၎င်းကို ဒိုင်ဗင်သမားလို့ စွပ်စွဲပြောကြားမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ကစားဟန်ကို ပြောင်းလဲဖို့ အစီအစဉ်မရှိဘူးလို့ တုံ့ပြန်ပြောဆိုခဲ့ကြောင်း Sportskeeda ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဆာဒီယိုမာနေးဟာ ပြီးခဲ့တဲ့အပတ်က အက်စ်တွန်ဗီလာအသင်းကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဖရက်ဒရစ်ဂေးဘတ်နဲ့ ထိတွေ့မှုမရှိဘဲ ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်ဆိုပြီး ကွင်းလယ်ဒိုင် ဂျွန်မော့စ်က သတ်မှတ်ခဲ့တဲ့အတွက် အဝါကတ်ပြားပြသခံခဲ့ရသူဖြစ်ပါတယ်။

Photo : CBS Sports

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက ယင်းနေ့နှောင်းပိုင်းမှာပဲ လီဗာပူးနဲ့တွေ့ဆုံရမယ့်ပွဲစဉ်မတိုင်မီ မာနေးရဲ့အကြောင်းကို သတင်းထောက်တွေမေးမြန်းမှုကို ဖြေကြားရာမှာ ဆာဒီယိုမာနေးကို တခါတရံမှာ ဒိုင်ဗင်ထိုးတတ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာက ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ၎င်းရဲ့ ပြောကြားမှုဟာ မာနေးကို ဒိုင်ဗင်သမားလို့ ရည်ရွယ်ပြီး ပြောဆိုခဲ့တာမဟုတ်ဘူးလို့ ရှင်းလင်းခဲ့ပြီး မာနေးက ဂွါဒီယိုလာရဲ့ မှတ်ချက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

Photo : The Anfield Wrap

“သူ ဘာပြောပြော ကျွန်တော် စိတ်မဝင်စားပါဘူး။ ဘာလို့လဲဆိုတော့ ဒါက ဘောလုံးရဲ့အစိတ်အပိုင်းတစ်ခုပဲလေ။ သူ အဲဒီအကြောင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပေးတာကို ကျွန်တော် မြင်တွေ့ခဲ့ရင်တောင်မှ ကျွန်တော့်အတွက်တော့ အပေါင်းလက္ခဏာဆောင်တယ်လို့ ထင်ပါတယ်။ ကျွန်တော် ကစားနေကျပုံစံအတိုင်းပဲ ဆက်လုပ်သွားပါမယ်။ အဲဒါက ကျွန်တော် ဆက်လုပ်ချင်နေတဲ့ဟာပါ။ တကယ်လို့ ကျွန်တော် ပင်နယ်တီရခဲ့မယ်ဆိုရင် အဲဒါက ပင်နယ်တီပဲ။ တကယ်လို့ ပင်နယ်တီမရဘူးဆိုရင် မရဘူးပေါ့။ ဒါပေမယ့် ကျွန်တော် ကစားတဲ့ပုံစံကို ဒါမှမဟုတ် ကျွန်တော် လုပ်နေတဲ့အရာတွေကို ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ပါဘူး” လို့ ဆီနီဂေါတိုက်စစ်မှူးက ဆိုခဲ့ပါတယ်။

“တကယ်လို့ ပင်နယ်တီရမယ်ဆိုတာ သေချာရင် ကျွန်တော် နောက်ထပ်တစ်ကြိမ် ဒိုင်ဗင်ထိုးဦးမှာပါ။ တကယ်လို့ ဒိုင်ဗင်ထိုးတာက ပင်နယ်တီရစေမယ်ဆိုရင် ကျွန်တော် အဲဒါကို လုပ်မယ်။ ဘာလို့ မလုပ်ဘဲနေရမှာလဲ။ ဒါပေမယ့် ယာဂင်ပြောသွားတာက မှန်ပါတယ်။ ကျွန်တော် ဒိုင်ဗင်မထိုးခဲ့ပါဘူး” လို့လည်း သူက သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။

882 Shares
error: Content is protected !!