.

ဇနီးသည် ၅ ဦးကို ထုတ်ကြွားတဲ့ တရုတ်ကြီး အဖမ်းခံရ

341 Shares

လူတွေက လူမှုကွန်ယက်ကို အချင်းချင်းဆက်သွယ်ကြသလို စီးပွားရေးလုပ်ငန်းလည်း လုပ်ကြပါတယ်။ တစ်ချို့ ကတော့ ကြွားကို ကြွားကြပြီး သူတို့  ဘယ်လို နေထိုင်လည်း ဆိုတာကို အမြင်ကပ်အောင် ကြွားကြပါတယ်။ အဲထဲက လုပ်ငန်းရှင် မောဝ် ဆိုသူကတော့ အကြွားလွန်လို့  အဖမ်းခံခဲ့ရပါတယ်။ တရုတ်နိုင်ငံ ဂျန်ဇီ ပြည်နယ်မှ မောဝ် ဆိုတဲ့ လုပ်ငန်းရှင် တစ်ဦး ကတော့ သူ့  ဇနီး ၄ ဦးကို လူမှုကွန်ယက်ကနေ ထုတ်ကြွားခဲ့ပါတယ်။

wife

ဇနီး ၄ ဦးက နောက်ခန်းမှာ ထိုင်နေပြီး တစ်ဦးက ဘေးမှာ ထိုင်နေတာပါ။ သူက “မိန်းမ ၅ ယောက်နဲ့  ကားမောင်းထွက်ခြင်း။” ဆိုပြီး သူ့  ဇနီးတွေကို ဓာတ်ပုံရိုက်ပြီး တင်လိုက်တာပါ။ လူတွေက သူ့ ကို ၀ိုင်းဝန်း အားကျ နေကြပါတယ်။ တစ်ယောက် ဆိုရင် “ခင်ဗျားရဲ့ ဘ၀ ကျွန်တော့် အိပ်မက်ပဲ။ ပျော်စရာကြီးပဲ။” ဆိုပြီး အားကျသံနဲ့ ရေးတင်ခဲ့ပါတယ်။

အဆိုပါ ပိုစ့်က အွန်လိုင်းမှာ ပျံ့  နှံ့ သွားပြီး လူတွေက အဆိုပါ ကားမှာ လူ ၆ ယောက် ရှိနေတယ်။ အဲတာက လိုတာထက်ပိုပြီး ကားပေါ်တင်တယ် ဆိုတာကို မြင်ကြပါတယ်။ အဲတာနဲ့ သူတို့ က ရဲတွေကို ချက်ချင်း သွားပြီး အကြောင်းကြားပါတယ်။ ရဲတွေကတော့ CCTV ကနေ တစ်ဆင့်ကြည့်သလို အဆိုပါ ဓာတ်ပုံကို ကြည့်ရှုပြီး မောဝ် ဆိုတဲ့ လူကို ဖမ်းဆီးလိုက်ပါတယ်။

wive2

သတ်မှတ်ထားတဲ့လူထက် ပိုတင်လို့  အဲ တရုတ်ကြီး အဖမ်းခံရတာဖြစ်ပါတယ်။ အဆိုပါလူက ယာဉ်ထိန်းရဲ ကို စုစုပေါင်း ယွမ် ၂၀၀ ဒဏ်ငွေ ဆောင်ခဲ့ရာပါတယ်။ လူတွေက သူ့ ကို ၀ိုင်းစခဲ့သလို မနာလိုခြင်းက ယာဉ်ထိန်းရဲ အထိတောင် ရောက်တယ် ဆိုပြီး ၀ိုင်းဝန်းပြောခဲ့ပါတယ်။

REF: MIRROR

341 Shares
error: Content is protected !!