.

ရက်ဘူးလစ်ဇစ်နည်းပြဟောင်းကို အားကစားဒါရိုက်တာရာထူးခန့်အပ်မယ့် အက်ဒ်ဝုဒ်ဝက်ဒ်

139 Shares

မန်ယူနိုက်တက်အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်ဟာ အားကစားဒါရိုက်တာရာထူးအတွက် ရာ့ဖ်ရန်ဂ်နစ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Photo Credit : Metro

သရဲနီတို့ဟာ နည်းပြဆိုးရှားကို အထောက်အပံ့ပေးနိုင်ဖို့အတွက် အားကစားဒါရိုက်တာတယောက် ထားရှိဖို့ ကြိုးပမ်းနေတာ အချိန်ကြာမြင့်နေပြီ ဖြစ်ပါတယ်။

ဂန္ထဝင်ကစားသမားတွေဖြစ်ကြတဲ့ ဗန်ဒါဆားနဲ့ ဖာဒီနန်တို့ ဒီရာထူးအတွက် သတင်းတွေ ထွက်ပေါ်ခဲ့ကြပေမယ့် လက်တွေ့မှာတော့ အကောင်အထည်ပေါ်လာခဲ့ခြင်း မရှိပါဘူး။

Photo Credit : Metro

ဒါပေမယ့်လည်း The Athletic သတင်းစာကတော့ ယူနိုက်တက်ဟာ ရန်ဂ်နစ်နဲ့ ဆွေးနွေးလာခဲ့တာမှာ ကြာမြင့်နေပြီဖြစ်ပြီး ဂျာမန်သားဟာ အိုးထရက်ဖို့ဒ်ကို ရောက်လာနိုင်ဖို့များနေကြောင်း ဖော်ပြထားပါတယ်။

ရက်ဘူးလ်လစ်ဇစ်ရဲ့အကယ်ဒမီနဲ့ နည်းပြကွန်ယက်ကို အောင်မြင်စွာ စီမံခန့်ခွဲနိုင်ခဲ့တဲ့ ရန်ဂ်နစ်ရဲ့အတွေ့အကြုံတွေကို ယူနိုက်တက်တာဝန်ရှိသူတွေဘက်က သဘောကျနေတာ ဖြစ်ပါတယ်။

အသက် (၆၁)နှစ်အရွယ် နည်းပြဟောင်းဟာ ကိုဗက်ကို လောလောလတ်လတ် ထုတ်ပယ်ထားတဲ့ ဘိုင်ယန်မြူးနစ်နဲ့လည်း သတင်းတွေ ထွက်ခဲ့သေးပေမယ့် ပြန်လည်ငြင်းဆန်ထားခဲ့တာကြောင်း သရဲနီတို့နဲ့ ဆွေးနွေးနေတာဟာ ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။

Ref : Metro

139 Shares
error: Content is protected !!