.

၆၊ ၁၁၊ ၂၀၁၉ လီဗာပူးလ်နဲ့ မန်စီးတီးသတင်းတိုများ

75 Shares

၁။ ပွဲစဉ်အကြပ်အတည်းတွေအတွက် ဘောလုံးအကြီးအကဲတွေရဲ့ ဖိအားပေးမှုကြောင့် လီဗာပူးလ်အသင်း မူလသဘောထားတွေ ပြောင်းလဲခဲ့ရတယ်လို့ နည်းပြကလော့ပ်က အတည်ပြုခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်းမှာ အန်းဖီးလ်သားတွေအနေနဲ့ ငါးရက်အတွင်း သုံးပွဲကစားရမယ့်အနေအထားတွေ ကြုံတွေ့နေရတာကြောင့် စိတ်ပျက်လျက်ရှိနေပါတယ်။

Photo : Credit : Goal

၂။ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီးနောက် လီဗာပူးလ်အသင်းအတွက် သွင်းဂိုးတွေနဲ့ ခြေစွမ်းပြနေတဲ့ ကွင်းလယ်ကစားသမား ချိန်ဘာလိန်ကတော့ သူ့အနေနဲ့ တပွဲထက်တပွဲ ပိုကောင်းလာခဲ့ပြီဖြစ်ကြောင်း ဂျန့်အသင်းနဲ့ပွဲအပြီးမှာ ကြုံးဝါးပြောဆိုခဲ့ပါတယ်။

၃။ မန်စီးတီးနည်းပြပက်ဂွာဒီယိုလာကတော့ လီဗာပူးလ်တိုက်စစ်ကြယ်ပွင့် မာနေးဟာ ဒိုင်ဗင်ပစ်တတ်တဲ့ ကစားသမားတဦးကို သူ ထင်မြင်တာဟာ မှားယွင်းနိုင်ခြေရှိကြောင်းနဲ့ အန်းဖီးလ်သားတွေ နောက်ကျနိုင်ပွဲတွေ ရနေတာဟာ ကံကောင်းမဟုတ်ဘဲ ကြိုးစားမှုကြောင့်သာဖြစ်ကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။

၎။ နီကိုးလက်စ်အော်တာမန်ဒီဟာ အကောင်းဆုံးအချိန်တွေ ရရှိခဲ့စဉ်က မန်စီးတီးအသင်းခံစစ်အတွက် ဗိုလ်ချုပ်တဦးအဖြစ် တင်စားခြင်းခံနေရပေမယ့် အခုချိန်မှာတော့ အပြောခံလူသားတဦးဖြစ်နေပြီလို့ နောက်ခံလူဟောင်း မီကာရစ်ချက်က မှတ်ချက်ပြုသွားခဲ့ပါတယ်။ အာဂျင်တိုင်းသားအနေနဲ့ ယုံကြည်မှုပြန်ရလာခဲ့ရင် အရင်ခြေစွမ်းမျိုး ပြန်လည်ရရှိလာလိမ့်မယ်လို့လည်း ရစ်ချက်က ယုံကြည်နေပါတယ်။

Photo Credit : Goal

၅။ မန်စီးတီးတိုက်စစ်မှူး ဆာဂျီယိုအဂွဲရိုးကတော့ အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူးကြီး သီယာရီအွန်နီရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး (၁၇၅)ဂိုးဆိုတဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ရင် ဂုဏ်ယူစရာတခု ဖြစ်လာမှာပဲလို့ ပြောကြားသွားခဲ့ပါတယ်။ အာဂျင်တိုင်းသားရဲ့ လက်ရှိပရီးမီးယားလိဂ်သွင်းဂိုးဟာ (၁၇၃)ဂိုးဖြစ်တာကြောင့် အွန်နရီရဲ့စံချိန်ကို ချိုးဖျက်နိုင်ဖို့ (၂)ဂိုးသာ လိုအပ်ပါတော့တယ်။

၆။ တိုက်စစ်ကစားသမားမာနေးကတော့ အသင်းဖော် ဆာလာနဲ့ မကျေလည်မှုတွေရှိခဲ့ကြောင်း အတည်ပြုခဲ့ပေမယ့် အီဂျစ်သားနဲ့ တွဲကစားရတဲ့အပေါ်တော့ ဂုဏ်ယူဝမ်းမြောက်ဖြစ်မိတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

Photo Credit : Goal

၇။ မန်စီးတီးအသင်းရဲ့ အဓိကကွင်းလယ်ပစ်မှတ်တဦးဖြစ်တဲ့ ဖေဘီယန်ရုဇ်ကို ပေါင်သန်း (၁၀၀)နဲ့ ခေါ်ယူနိုင်ဖို့ ရီးယဲလ်မက်ဒရစ်အသင်း ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်တယ်လို့ သတင်းဖော်ပြမှုတွေ ရှိနေပါတယ်။

၈။ ဒီဇင်ဘာလ ၁၆ရက်နေ့မှာ ကစားမယ့်ပွဲနှစ်ပွဲဖြစ်တဲ့ ဗီလာအသင်းနဲ့ ကစားမယ့် ခါရာဘောင်ဖလားပွဲ၊ ကလပ်ကမ္ဘာ့ဖလားပွဲတွေကို လူစာရင်းနှစ်ခုခွဲကာ ယှဉ်ပြိုင်ကစားသွားဖြစ်တယ်လို့ လီဗာပူးလ်အသင်းက အတည်ပြုခဲ့ပါတယ်။

75 Shares
error: Content is protected !!