.

ဂျာမန်ကြယ်ပွင့်လေးကို အရခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေတဲ့ အက်ဒ်ဝုဒ်ဝက်ဒ်

188 Shares

မန်ယူနိုက်တက်အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်ကတော့ ဂျာမန်ကလပ် လေဗာကူဆင်အသင်းရဲ့ တိုက်စစ်ကြယ်ပွင့်လေး ကိုင်းဟာဗက်ဇ်ကို အရခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Photo Credit : Metro

အသက် (၂၀)နှစ်သားလေးဟာ ဘွန်ဒက်လီဂါရဲ့ အတောက်ပဆုံးကြယ်ပွင့်တွေထဲကတဦးဖြစ်ပြီး မနှစ်ကရာသီမှာ ပွဲစဉ် (၃၄)ပွဲ ကစားခဲ့ရာမှာ (၁၇)ဂိုးသွင်းယူခဲ့ကာ ဖန်တီးမှု (၃)ကြိမ် ပြုလုပ်နိုင်ခဲ့သူပါ။

တောင်ပတဲ့ခြေစွမ်းတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဂျာမနီလက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံထားရတဲ့ ဂျာမန်သားလေးကို ဘာစီလိုနာ၊ ဂျူဗင်တပ်နဲ့ ဘေယန်မြူးနစ်အသင်းတို့ကလည်း စိတ်ဝင်စားနေကြတာပါ။

ဒါပေမယ့်လည်း Daily Star ကတော့ ဟာဗက်ဇ်ကို အလိုရှိဆုံးအသင်းဟာ မန်ယူနိုက်တက်ဖြစ်ပြီး အမှုဆောင်ချုပ်အက်ဒ်ဝုဒ်ဝက်ဒ်ဟာလည်း သူပစ်မှတ်ထားနေတဲ့ ကစားသမားလေးကို ခေါ်ယူနိုင်ဖို့ ယုံကြည်မှုရှိနေကြောင်း ဖော်ပြထားပါတယ်။

Photo Credit : Metro

အဆိုပါသတင်းဌာနရဲ့ဖော်ပြချက်အရပဲ ဆိုးရှားဟာ လာမယ့်အပြောင်းအရွှေ့တွေမှာ ညာတောင်ပံတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့ စီစဉ်နေပြီး ဟာဗက်ဇ်ဟာ နံပါတ် (၁)ပစ်မှတ်ဖြစ်ကြောင်း သိရပါတယ်။

ဝုဒ်ဝက်ဒ်အနေနဲ့လည်း ဟာဗက်ဇ်ကို ဒီနှစ်ရာသီကုန်ဆုံးတာနဲ့တပြိုင်နက် ကမ်းလှမ်းမှုပြုသွားဖို့ စီစဉ်ထားပြီး လေဗာကူဆင်အသင်း အလိုရှိနေတဲ့ ပေါင်သန်း (၈၀)အထိ ပေးချေသွားဖွယ် ရှိနေပါတယ်။

Ref : Metro

188 Shares
error: Content is protected !!