.

မာနေးကို ဂွာဒီယိုလာ ကြောက်နေပြီလို့ ရက်ပ်နက်ပ် မှတ်ချက်ပြု

165 Shares

မန်စီးတီးနည်းပြဂွာဒီယိုလာအနေနဲ့ လီဗာပူးလ်တိုက်စစ်ကြယ်ပွင့် မာနေးကို ဒိုက်ဗင်ပစ်တယ်လို့ စွပ်စွဲခဲ့ခြင်းဟာ ဆီနီဂေါသားရဲ့စွမ်းဆောင်ရည်ကို ကြောက်နေတာကြောင့်ဖြစ်ကြောင်း ဂျေမီရက်ပ်နက်ပ်က မှတ်ချက်ပြုခဲ့ပါတယ်။

Photo Credit : Goal

ဒီတပတ် တနင်္ဂနွေနေ့မှာ လီဗာပူးလ်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီမှာပဲ စပိန်သားနည်းပြအနေနဲ့ စောစောစီးစီး Mind Game ဆင်လိုက်တာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီနှစ်ရာသီမှာ နောက်ကျအနိုင်ဂိုးတွေနဲ့ (၃)မှတ်ရယူနိုင်ခဲ့တဲ့ပွဲစဉ်တွေ မကြာခဏရှိခဲ့ပြီး အနိုင်ဂိုးတွေသွင်းယူလေ့ရှိတဲ့ မာနေးဟာ ဒိုက်ဗင်ထိုးရာမှာ ကျွမ်းကျင်တယ်လို့ ဂွာဒီယိုလာက ဆိုခဲ့တာပါ။

ဒါပေမယ့်လည်း ရက်ပ်နက်ပ်ကတော့ ” ပက်ဂွာဒီယိုလာဆီက မာနေးနဲ့ပတ်သက်လို့ ဒိုက်ဗင်ထိုးတတ်တယ်ဆိုတဲ့ စကားမျိုးကြားရတာ အတော်အံ့သြစရာပါပဲ။ ” လို့ ဆိုပါတယ်။

Photo Credit : Goal

” ပြိုင်ဘက်ကစားသမားတဉီးအပေါ် နည်းပြတဉီး ပြောလေ့ပြောထရှိတဲ့စကားမျိုး မဟုတ်ဘူး။ ဒါပေမယ့်လည်း ဒီလိုပြောတာဟာ လီဗာပူးလ်နဲ့ပွဲမတိုင်မီ မာနေးတယောက် စိတ်အနှောက်အယှက်ဖြစ်အောင် ဂွာဒီယိုလာ တမင်ပြောတယ် မထင်ပါဘူး။ ”

လီဗာပူးလ်ကြယ်ပွင့်ဟောင်းက ” ဒါဟာ Mind Game မဟုတ်ပါဘူး။ ဂွာဒီယိုလာတယောက် မာနေးကို ကြောက်နေတာကြောင့် ဖြစ်ပါတယ်။ မန်စီးတီးနည်းပြစိတ်ထဲမှာ မာနေးဟာ လီဗာပူးလ်ရဲ့ အရေးကြီးဆုံး ကစားသမား၊ ယာဂင်ကလော့ပ်ရဲ့ နံပါတ် (၁)ကစားသမားအဖြစ် တွေးထင်နေလို့ သူ့အသင်းနဲ့ရင်ဆိုင်အတွေ့မှာ ဒုက္ခပေးသွားမှာ ကြောက်နေလို့ပါ။ ” လို့ ပြောကြားခဲ့ပါတယ်။

Ref : Goal

165 Shares
error: Content is protected !!