.

ေဖာက္ျပန္တဲ့ ခင္ပြန္းသည္ကို ေလ်ာ္ေၾကးေပးရမယ့္ ဇနီးသည္ေဟာင္း ရဲ ့ လက္စားေခ်ခ်က္

288 Shares

အဂၤလန္ႏိူင္ငံ လန္ဒန္တြင္ေနထိုင္သည့္ ဘရန္ဒီ လီ ဆိုသူသည္ သူ ့ ေယာကၤ်ားေဖာက္ျပန္ေနသည္ကို အံ့ၾသထိတ္လန္ ့ စြာ ေတြ ့ လိုက္ရသည္။ သူ ့ ေယာကၤ်ားေဖာက္ျပန္ေနသူမွာလည္း သူမ သူငယ္ခ်င္း ျဖစ္ေနသည္။ သူမက

0-Brandi-Lee-1

“ကြ်န္မ မဂၤလာေဆာင္ကို လာတက္ျပီး ကြ်န္မ ေသတဲ့အထိ အတူတူ ေနသြားမယ္ ဆိုတဲ့ ခင္ပြန္း နဲ ့ ေဖာက္ျပန္ေနတဲ့ သူငယ္ခ်င္း မ်ဳိးရထားတာ ကြ်န္မ အံ့ၾသလို ့ မဆုံးပါဘူး။ ဒါေၾကာင့္ ကြ်န္မက ကြာရွင္းခြင့္ေတာင္းခဲ့ပါတယ္။

ကြ်န္မ ကြာရွင္းလိုက္ေပမယ့္လည္း တရားရုံးက ကြ်န္မ ခင္ပြန္းေဟာင္းကို ေဒၚလာ ၇၅၀၀ နစ္နာေၾကးေပးခိုင္းပါတယ္။ ဒါကို ကြ်န္မ လုံး၀ နားမလည္ႏိူင္ပါဘူး။ ” ဆိုျပီး ဆိုခဲ့ပါတယ္။ သူမက ခင္ပြန္းေဟာင္းကို ဘယ္ေလာက္ျဖစ္ျဖစ္ ေပးႏိူင္တယ္ ဆိုတာကို သိလိုက္ရတဲ့ အခ်ိန္မွာ သူမက ဘဏ္ကို သြားခဲ့ပါတယ္။

0-Brandi-Lee-2

ျပီးေတာ့ ဘဏ္က ၀န္ထမ္းေတြကို သူမ အေနနဲ ့ ခင္ပြန္းေဟာင္းကို ေလ်ာ္ေၾကးေပးရမွာမလို ့ ေငြသားနဲ ့ မေပးခ်င္ပဲ အေၾကြနဲ ့ခ်ည္း ေပးခ်င္ေၾကာင္း သြားေျပာခဲ့ပါတယ္။ ဘဏ္က ၀န္ထမ္းေတြကလည္း လိုလို လားလားနဲ ့ သူမကို ကူညီခဲ့ၾကပါတယ္။

ဒါေၾကာင့္ ဘဏ္က ၀န္ထမ္းေတြက ေဒၚလာ ၇၅၀၀ ကို ၁၀ျပားေစ့ နဲ ့ ခ်ည္းပဲ သူမဆီကို ေပးလိုက္ပါတယ္။ သူမက နစ္နာေၾကးေပးရမယ့္ ခင္ပြန္းသည္ကို အဆိုပါ ၁၀ ျပားေစ့ နဲ ့ ေဒၚလာ ၇၅၀၀ ဖိုးေပးေခ်လိုက္ပါတယ္။ အဆိုပါ ၁၀ ျပားေစ့ေတြက စုစုေပါင္း ကီလို ၁၆၀ ေလးတယ္လို ့ ဆိုပါတယ္။

0-Brandi-Lee

သူမက အဆိုပါ ျဖစ္စဥ္ကို Facebook ေပၚတင္တဲ့ အခါ သူမ ရဲ ့ ျဖတ္ထိုး ဥာဏ္နဲ ့ လက္စားေခ်မႈကို လူတိုင္းက တစ္ခုတ္တရ ခ်ီးက်ဴးခဲ့ရပါတယ္။ တစ္ေယာက္က ဆိုရင္ အဆိုပါ ပိုက္ဆံ လက္ခံမယ့္ သူ ့ ခင္ပြန္းေဟာင္း မ်က္ႏွာကို ျမင္ခ်င္တယ္ လို ့ေတာင္ဆိုပါတယ္။

REF: MIRROR, Images : Facebook

[UNICODE] အင်္ဂလန်နိူင်ငံ လန်ဒန်တွင်နေထိုင်သည့် ဘရန်ဒီ လီ ဆိုသူသည် သူ့ ယောင်္ကျားဖောက်ပြန်နေသည်ကို အံ့သြထိတ်လန့် စွာ တွေ့ လိုက်ရသည်။ သူ့ ယောင်္ကျားဖောက်ပြန်နေသူမှာလည်း သူမ သူငယ်ချင်း ဖြစ်နေသည်။ သူမက

0-Brandi-Lee-1

“ကျွန်မ မင်္ဂလာဆောင်ကို လာတက်ပြီး ကျွန်မ သေတဲ့အထိ အတူတူ နေသွားမယ် ဆိုတဲ့ ခင်ပွန်း နဲ့ ဖောက်ပြန်နေတဲ့ သူငယ်ချင်း မျိုးရထားတာ ကျွန်မ အံ့သြလို့ မဆုံးပါဘူး။ ဒါကြောင့် ကျွန်မက ကွာရှင်းခွင့်တောင်းခဲ့ပါတယ်။

ကျွန်မ ကွာရှင်းလိုက်ပေမယ့်လည်း တရားရုံးက ကျွန်မ ခင်ပွန်းဟောင်းကို ဒေါ်လာ ၇၅၀၀ နစ်နာကြေးပေးခိုင်းပါတယ်။ ဒါကို ကျွန်မ လုံး၀ နားမလည်နိူင်ပါဘူး။ ” ဆိုပြီး ဆိုခဲ့ပါတယ်။ သူမက ခင်ပွန်းဟောင်းကို ဘယ်လောက်ဖြစ်ဖြစ် ပေးနိူင်တယ် ဆိုတာကို သိလိုက်ရတဲ့ အချိန်မှာ သူမက ဘဏ်ကို သွားခဲ့ပါတယ်။

0-Brandi-Lee-2

ပြီးတော့ ဘဏ်က ဝန်ထမ်းတွေကို သူမ အနေနဲ့ ခင်ပွန်းဟောင်းကို လျော်ကြေးပေးရမှာမလို့ ငွေသားနဲ့ မပေးချင်ပဲ အကြွေနဲ့ချည်း ပေးချင်ကြောင်း သွားပြောခဲ့ပါတယ်။ ဘဏ်က ဝန်ထမ်းတွေကလည်း လိုလို လားလားနဲ့ သူမကို ကူညီခဲ့ကြပါတယ်။

ဒါကြောင့် ဘဏ်က ဝန်ထမ်းတွေက ဒေါ်လာ ၇၅၀၀ ကို ၁၀ပြားစေ့ နဲ့ ချည်းပဲ သူမဆီကို ပေးလိုက်ပါတယ်။ သူမက နစ်နာကြေးပေးရမယ့် ခင်ပွန်းသည်ကို အဆိုပါ ၁၀ ပြားစေ့ နဲ့ ဒေါ်လာ ၇၅၀၀ ဖိုးပေးချေလိုက်ပါတယ်။ အဆိုပါ ၁၀ ပြားစေ့တွေက စုစုပေါင်း ကီလို ၁၆၀ လေးတယ်လို့ ဆိုပါတယ်။

0-Brandi-Lee

သူမက အဆိုပါ ဖြစ်စဉ်ကို Facebook ပေါ်တင်တဲ့ အခါ သူမ ရဲ့ ဖြတ်ထိုး ဉာဏ်နဲ့ လက်စားချေမှုကို လူတိုင်းက တစ်ခုတ်တရ ချီးကျူးခဲ့ရပါတယ်။ တစ်ယောက်က ဆိုရင် အဆိုပါ ပိုက်ဆံ လက်ခံမယ့် သူ့ ခင်ပွန်းဟောင်း မျက်နှာကို မြင်ချင်တယ် လို့တောင်ဆိုပါတယ်။

REF: MIRROR, Images : Facebook

288 Shares
error: Content is protected !!