.

အာဆင်နယ် (၁-၁) ဝုဗ်လ် (ပွဲပြီးသုံးသပ်ချက်)

408 Shares

[Unicode] အိုဇေးလ်ကို ပြန်လည်ပွဲထုတ်ကာ နည်းပြအူနိုင်းအမ်မရီတယောက် အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပေမယ့် ရုန်းကန်နေရတဲ့ ရလဒ်တွေကတော့ ပြောင်းလဲမသွားခဲ့ပါဘူး။

Photo : Twitter and Standard Sports

တော်ရိုင်းယား၊ ဂွမ်ဒူဇီ၊ စီဘာလော့စ်၊ အိုဇေးလ်တို့ကို ကွင်းလယ်မှာ အထိုင်ထားပြီး (၄-၃-၁-၂)ပုံစံနဲ့ ပွဲထွက်လာခဲ့ပေမယ့် အမ်မရီရဲ့ အစီအမံတွေအောက်မှာ အာဆင်နယ်ကစားသမားတွေ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

အထူးသဖြင့် တော်ရိုင်းယားကို ကွင်းလယ်တိုက်စစ်နေရာ မကြာခဏတက်ကစားခိုင်းတဲ့ စတန့်ထွင်မှုမျိုးက ဘယ်လိုမှ အလုပ်မဖြစ်စေခဲ့သလို ခံစစ်တန်းကို အကူအညီပေးနိုင်မှုလည်း အားနည်းခဲ့ပါတယ်။

Photo : Twitter

အိုဇေးလ်အနေနဲ့ ထုံးစံအတိုင်း ဖြန့်ဝေမှုတွေနဲ့ အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့ပေမယ့် ဗဟိုကွင်းလယ်ပိုင်းကို ရောက်ရောက်သွားတာက တိုက်စစ်ကို အရှိန်တန့်စေခဲ့တယ်။ စီဘာလော့စ်ကတော့ အာဆင်နယ်မှာ ကောင်းကောင်း အခြေမကျသေးပါဘူး။

ဒီလိုအချိန်မှာ တိုက်စစ်မှူးနှစ်ဦးမှာ တဦးဖြစ်တဲ့ လာကာဇက်က ခြေမပေါ်ခဲ့လေတော့ အာဆင်နယ်အနေနဲ့ ဂိုးတဂိုးရဖို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဦးဆောင်ဂိုးကိုတော့ လာကာဇက်ရဲ့ ဖန်တီးပေးပို့မှုကတဆင့် အူဘာမီယန်က သွင်းယူသွားခဲ့တာပါ။

ဝုဗ်လ်အသင်းကတော့ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ပိုင်းအားနည်းချက်ကို အမိအရ အခွင့်အရေးယူကစားသွားနိုင်ခဲ့တာကြောင့် ဂိုးကန်သွင်းမှုတွေ ရရှိခဲ့ပြီး လီနိုရဲ့ကာကွယ်မှုတွေကြောင့်သာ ဂန်းနားတို့ သက်သာရာရခဲ့တာ ဖြစ်ပါတယ်။

Photo : Twitter

ပထမပိုင်းပွဲအစနဲ့ ဒုတိယပိုင်းပွဲချိန်တလျှောက်လုံး ဝုဗ်လ်ပွဲဖြစ်ခဲ့ပြီး ပွဲချိန် (၇၆)မိနစ်မှာ ဟီမီနက်ဇ်က ချေပဂိုးပြန်သွင်းခဲ့ကာ အူနိုင်းအမ်မရီနဲ့ အာဆင်နယ်ကို မိုးထဲရေထဲ ပို့ပေးခဲ့ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဓိကပြိုင်ဘက်လို့ ဆိုရမယ့် မန်ယူနိုက်တက်အသင်း ရှုံးပွဲကြုံခဲ့ချိန်မှာ အိမ်ကွင်းမှာ ကစားရလျက်နဲ့ အနိုင်မကစားနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ ဒီနှစ်ရာသီ ခြေစွမ်းကတော့ စိုးရိမ်ရေမှတ်ဖြစ်လာခဲ့ပြီး ရာသီမကုန်ခင်မှာပဲ အပြောင်းအလဲတခု ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။

[ZawGyi] အိုေဇးလ္ကို ျပန္လည္ပြဲထုတ္ကာ နည္းျပအူႏိုင္းအမ္မရီတေယာက္ အေျပာင္းအလဲေတြ ျပဳလုပ္ခဲ့ေပမယ့္ ႐ုန္းကန္ေနရတဲ့ ရလဒ္ေတြကေတာ့ ေျပာင္းလဲမသြားခဲ့ပါဘူး။

Photo : Twitter and Standard Sports

ေတာ္႐ိုင္းယား၊ ဂြမ္ဒူဇီ၊ စီဘာေလာ့စ္၊ အိုေဇးလ္တို႔ကို ကြင္းလယ္မွာ အထိုင္ထားၿပီး (၄-၃-၁-၂)ပုံစံနဲ႔ ပြဲထြက္လာခဲ့ေပမယ့္ အမ္မရီရဲ႕ အစီအမံေတြေအာက္မွာ အာဆင္နယ္ကစားသမားေတြ ေျခစြမ္းျပသႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။

အထူးသျဖင့္ ေတာ္႐ိုင္းယားကို ကြင္းလယ္တိုက္စစ္ေနရာ မၾကာခဏတက္ကစားခိုင္းတဲ့ စတန႔္ထြင္မႈမ်ိဳးက ဘယ္လိုမွ အလုပ္မျဖစ္ေစခဲ့သလို ခံစစ္တန္းကို အကူအညီေပးႏိုင္မႈလည္း အားနည္းခဲ့ပါတယ္။

Photo : Twitter

အိုေဇးလ္အေနနဲ႔ ထုံးစံအတိုင္း ျဖန႔္ေဝမႈေတြနဲ႔ အေကာင္းဆုံး ထိန္းေက်ာင္းႏိုင္ခဲ့ေပမယ့္ ဗဟိုကြင္းလယ္ပိုင္းကို ေရာက္ေရာက္သြားတာက တိုက္စစ္ကို အရွိန္တန႔္ေစခဲ့တယ္။ စီဘာေလာ့စ္ကေတာ့ အာဆင္နယ္မွာ ေကာင္းေကာင္း အေျခမက်ေသးပါဘူး။

ဒီလိုအခ်ိန္မွာ တိုက္စစ္မႉးႏွစ္ဦးမွာ တဦးျဖစ္တဲ့ လာကာဇက္က ေျခမေပၚခဲ့ေလေတာ့ အာဆင္နယ္အေနနဲ႔ ဂိုးတဂိုးရဖို႔ အေတာ္ေလး ႐ုန္းကန္ခဲ့ရပါတယ္။ ဒါေပမယ့္လည္း ဦးေဆာင္ဂိုးကိုေတာ့ လာကာဇက္ရဲ႕ ဖန္တီးေပးပို႔မႈကတဆင့္ အူဘာမီယန္က သြင္းယူသြားခဲ့တာပါ။

ဝုဗ္လ္အသင္းကေတာ့ အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္ပိုင္းအားနည္းခ်က္ကို အမိအရ အခြင့္အေရးယူကစားသြားႏိုင္ခဲ့တာေၾကာင့္ ဂိုးကန္သြင္းမႈေတြ ရရွိခဲ့ၿပီး လီႏိုရဲ႕ကာကြယ္မႈေတြေၾကာင့္သာ ဂန္းနားတို႔ သက္သာရာရခဲ့တာ ျဖစ္ပါတယ္။

Photo : Twitter

ပထမပိုင္းပြဲအစနဲ႔ ဒုတိယပိုင္းပြဲခ်ိန္တေလွ်ာက္လုံး ဝုဗ္လ္ပြဲျဖစ္ခဲ့ၿပီး ပြဲခ်ိန္ (၇၆)မိနစ္မွာ ဟီမီနက္ဇ္က ေခ်ပဂိုးျပန္သြင္းခဲ့ကာ အူႏိုင္းအမ္မရီနဲ႔ အာဆင္နယ္ကို မိုးထဲေရထဲ ပို႔ေပးခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အဓိကၿပိဳင္ဘက္လို႔ ဆိုရမယ့္ မန္ယူႏိုက္တက္အသင္း ရႈံးပြဲႀကဳံခဲ့ခ်ိန္မွာ အိမ္ကြင္းမွာ ကစားရလ်က္နဲ႔ အႏိုင္မကစားႏိုင္ခဲ့တဲ့ အာဆင္နယ္အသင္းရဲ႕ ဒီႏွစ္ရာသီ ေျခစြမ္းကေတာ့ စိုးရိမ္ေရမွတ္ျဖစ္လာခဲ့ၿပီး ရာသီမကုန္ခင္မွာပဲ အေျပာင္းအလဲတခု ျဖစ္လာမလားဆိုတာ ေစာင့္ၾကည့္ရပါေတာ့မယ္။

408 Shares
error: Content is protected !!