.

အီဘရာဟီမိုဗစ်ကို ခေါ်ယူသင့်ကြောင်း ဆိုးရှားကို တိုက်တွန်းခဲ့တဲ့ ပေါလ်အင့်

445 Shares

[Zawgyi] မန်ယူနိုက်တက်နည်းပြဆိုးရှားအနေနဲ့ လာမယ့်ဇန်နဝါရီလမှာ တိုက်စစ်ပိုင်း အင်အားဖြည့်ဖို့အတွက် အီဘရာဟီမိုဗစ်ကို ခေါ်ယူသင့်ကြောင်း ဂန္ထဝင်ကစားသမားကြီး ပေါလ်အင့်က တိုက်တွန်းခဲ့ပါတယ်။

အသက် (၃၈)နှစ်အရွယ် တိုက်စစ်မှူးဟာ LA Galaxy အသင်းနဲ့အတူ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် လက်ရှိအချိန်မှာ အသင်းသစ်တသင်းကို ရှာဖွေနေသူ ဖြစ်ပါတယ်။

မေဂျာလိဂ်မှာ ကစားခဲ့စဉ်အတွင်း (၂၉)ပွဲမှာ သွင်းဂိုး (၃၀)အထိ သွင်းယူခဲ့တဲ့ ဆွီဒင်သားကြီးဟာ စီးရီးအေနဲ့ လာလီဂါကလပ်အသင်းများစွာနဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

” အီဘရာဟီမိုဗစ်ဟာ စပိန်မြေကို သွားရင်သွား ဒါမှမဟုတ် မေဂျာလိဂ်မှာပဲ ဆက်ကစားမယ့် အရိပ်အယောင်တွေ ပြသနေပါတယ်။ ” လို့ ပေါလ်အင့်က ဆိုပါတယ်။

” ဒါပေမယ့်လည်း ကျွန်တော့်အမြင်မှာ သူ့အနေနဲ့ အိုးထရက်ဖို့ဒ်ကို ပြန်လာဖို့ ဆန္ဒရှိနေပုံရပါတယ်။ သူသာ ရောက်လာမယ်ဆိုရင် လူငယ်ကစားသမားတွေအတွက် အတွေ့အကြုံတွေ ဝေမျှပေးနိုင်လို့ အကျိုးရှိလာပါလိမ့်မယ်။ ”

ပေါလ်အင့်က ” ဆိုးရှားအနေနဲ့လည်း သူလို တိုက်စစ်မှူးမျိုးကို ခေါ်ယူသင့်ပါတယ်။ မန်ယူနိုက်တက်အသင်းအနေနဲ့ လက်ရှိအချိန်မှာ အဝတ်လဲခန်းစိတ်ဓာတ်ပိုင်းကို အပြောင်းအလဲ လုပ်နိုင်စွမ်းရှိတဲ့ ကစားသမားမျိုးကို လိုအပ်နေတာပါ။ ” လို့ ပြောကြားခဲ့ပါတယ်။

Ref : Goal







Ref : Goal

445 Shares
error: Content is protected !!