Best Web Design Trends for Fall 2017

Authentic, handcrafted design that gives your site subtle, confident appeal.

Check Out

Hello World!

UIUX Lab carefully crafts original design assets and publishes articles about UI/UX trends!

Check Out

Beautiful Free & Premium Responsive Template

Carefully crafts original design assets and publishes articles about UI/UX trends, HTML5 creative theme, interactive website, freebies and premium WordPress theme. Just be yourself!

[Unicode] ၁။ စီးရီးအေချန်ပီယံဂျူဗင်တပ်အသင်းရဲ့ အသက် (၃၂)နှစ်အရွယ် ကွင်းလယ်ကစားသမား ခါဒီရာကို အာဆင်နယ်၊ ဖီအိုရင်တီးနားနဲ့ ဗလင်စီယာအသင်းတို့က ပစ်မှတ်ထားနေကြောင်း Dimarzio က ဖော်ပြခဲ့ပါတယ်။ ၂။ စာချုပ်ဖျက်သိမ်းကြေး ပေါင် (၂၅)သန်းဟာ ကြာသပတေးနေ့က သက်တမ်းကုန်သွားခဲ့ပြီးနောက် နောက်ခံလူ အယ်လ်ဒါဝယ်ရာရဲ့ အပြောင်းအရွှေ့ကြေးကို ပေါင်သန်း (၄၀)အထိ စပါးအသင်း မြှင့်တင်ခဲ့ပါတယ်။ ၃။ မန်ယူနိုက်တက်အသင်းဟာ လာဇီယိုအသင်းရဲ့ ကွင်းလယ်ကစားသမား မီလင်ကိုဗစ်-ဆာဗစ်ကို ပေါင်သန်း (၇၀)နဲ့ ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။ ဒါပေမယ့်လည်း ကွင်းလယ်ကြယ်ပွင့် ပေါလ်ပေါ့ဂ်ဘာသာ ဆက်ရှိခဲ့မယ်ဆိုရင်…

reading now

[Unicode] လန်ဒန်မြို့ခံထိပ်သီးကလပ်အသင်းတသင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ ခရစ်စတယ်ပဲလေ့စ် တောင်ပံတိုက်စစ်ကစားသမား ဇာဟာကို အဲဗာတန်၊ အာဆင်နယ်အသင်းတို့နဲ့အပြိုင် ပစ်မှတ်ထားလာကြောင်း Telegraph သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ခြင်္သေ့ပြာတို့အနေနဲ့ အပြောင်းအရွှေ့ကာလ (၂)ခုမှာ ကစားသမားသစ်ခေါ်ယူခွင့် ပိတ်ပင်ခံထားရပေမယ့်လည်း အိုက်ဗရီကို့စ်သားကို ကမ်းလှမ်းမှုပြုသွားဖို့ ချိန်ရွယ်နေတာ ဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ အသက် (၂၆)နှစ်သားအတွက် ပေါင်သန်း (၆၀)နဲ့ တိုက်စစ်မှူး တူဆန်အလိုက်ပေးကမ်းလှမ်းသွားဖို့ ရှိနေသလို အာဆင်နယ်အသင်းကလည်း ဒီတပတ်ထဲမှာပဲ ပထမအကြိမ်ကမ်းလှမ်းမှုကထက် ကြေးတိုးမြှင့်ကမ်းလှမ်းဖို့ ပြင်ဆင်ထားပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီနှစ်နွေအပြောင်းအရွှေ့မှာရော၊ လာမယ့်ဇန်နဝါရီလဆောင်းရာသီဈေးကွက်မှာ ကစားသမားသစ် ခေါ်ယူနိုင်ဖွယ်မရှိတဲ့အတွက် ဇာဟာကို…

reading now

[Unicode] မန်ယူနိုက်တက်နည်းပြအိုလီဂန်းနားဆိုးရှားကတော့ မနေ့က စပါးအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒန်နီယဲလ်ဂျိမ်းစ်တယောက် ဒိုက်ဗင်ထိုးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ကာကွယ်ပြောကြားခဲ့ပါတယ်။ ဝေးလ်ကွင်းလယ်ကြယ်ပွင့်လေးဟာ စပါးကွင်းလယ်လူ မူဆာဆစ်ဆိုကိုရဲ့ ကြမ်းတမ်းနဲ့ဖျက်ထုတ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး အဆိုပါပွဲမှာ မန်ယူနိုက်တက်ဟာ အိန်ဂျယ်ဂိုးမက်ဇ်ရဲ့ မိနစ် (၈၀)သွင်းဂိုးနဲ့အတူ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်နွေအပြောင်းအရွှေ့ကာလမှာမှ အိုးထရက်ဖို့ဒ်ကို ရောက်လာခဲ့သူဖြစ်ပေမယ့်လည်း ဆွမ်ဆီးကစားသမားဟောင်းလေးဟာ ရာသီကြိုပွဲစဉ်တွေမှာ ခြေစွမ်းပြကစားနေတာဖြစ်ပြီး ရာသီသစ်မှာ ပွဲထွက်ကစားခွင့်ရဖို့အတွက် ထိုက်တန်ကြောင်း သက်သေပြနေပါတယ်။ နည်းပြဆိုးရှားကတော့ အသက် (၂၁)နှစ်သားလေးရဲ့ ခက်ခဲတဲ့အခြေအနေတွေကို ကျော်ဖြတ်နိုင်တဲ့ အရည်အချင်း၊ အကျပ်အတည်းထဲမှာ လုပ်နိုင်ကိုင်နိုင်တဲ့…

reading now

[Unicode] ၁။ အဲဗာတန်အသင်းဟာ ခရစ်စတယ်ပဲလေ့စ်ရဲ့ တောင်ပံတိုက်စစ်ကစားသမား ဇာဟာကို ခေါ်ယူဖို့အတွက် ပေါင်သန်း (၆၀)နဲ့ တိုက်စစ်မှူးတူဆန်ကို အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ၂။ စပါးအသင်းနဲ့ပွဲစဉ်မှာ နောက်ခံလူ အဲရစ်ဘိုင်ယီတယောက် ဒဏ်ရာရခဲ့ပြီးနောက် မန်ယူနိုက်တက်အသင်းဟာ လက်စတာအသင်းရဲ့နောက်ခံလူ ဟယ်ရီမက်ဂွဲရားကို ပေါင်သန်း (၈၀)နဲ့ မဖြစ်မနေ ခေါ်ယူဖို့ အခြေအနေရောက်လာပါတယ်။ ၃။ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်လ်ဒိုကတော့ ပီအက်စ်ဂျီတိုက်စစ်ကစားသမား နေမာကို တူရင်မြေဆီလာရောက်ဖို့ ဆွဲဆောင်စည်းရုံးသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ အသက် (၂၇)နှစ်အရွယ် ဘရာဇီးလ်သားဟာ ဘာစီလိုနာအသင်းဆီကိုသာ ပြန်ကစားချင်နေတာကြောင့်…

reading now

[UNICODE] ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီမှာ စပို့တင်းကနေ ထွက်ခွာနိုင်တယ်ဆိုပြီး နည်းပြမာဆယ်ကိုင်ဇာက အတည်ပြုခဲ့ပါတယ်။ ပေါ်တူဂီသားဟာ အင်္ဂလန်မြေကို ပြောင်းရွှေ့ကစားချင်တယ်ဆိုကာ အတိအလင်းဖွင့်ဟထားသူဖြစ်ပြီး မန်ယူနိုက်တက်အသင်းနဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။ ကြာသပတေးမနက်ကပဲ လီဗာပူးလ်အသင်းနဲ့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ အသက် (၂၄)နှစ်သားဟာ စပို့တင်းလစ္စဘွန်းအတွက် အဖွင့်ဂိုးကို သွင်းယူခဲ့သလို နောက်တစ်ဂိုးကိုလည်း ဖန်တီးပေးခဲ့ပါတယ်။ နည်းပြ ကိုင်ဇာကတော့ 'ဘရူနိုက အင်မတန်ထူးချွန်တဲ့ ကစားသမားတစ်ယောက်ဖြစ်သလို ကျွန်တော်တို့အတွက် အရေးကြီးတဲ့ ကစားသမားတစ်ယောက်ပါ။ အားလုံးက အသင်းမှာ ဆက်ရှိနေစေချင်ပေမယ့်လည်း သူ့အနာဂတ်က ဘယ်လိုဖြစ်လာမလဲဆိုတာကို…

reading now

[Unicode] ၁။ နည်းပြကလော့ပ်ကတော့ သူဟာ တဦးချင်းကျွမ်းကျင်မှုတွေထက် အသင်းလိုက်စုစည်းမှုကိုသာ အလိုရှိတာကြောင့် ရီးယဲလ်မက်ဒရစ်တောင်ပံတိုက်စစ်ကစားသမား ဘေးလ်ကို ခေါ်ယူမှာ မဟုတ်ဘူးလို့ အတိအလင်း ပြောကြားခဲ့ပါတယ်။ ၂။ လီဗာပူးလ်အသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး ကာရေဂါကတော့ သူ့အနေနဲ့ ဘာစီလိုနာအသင်း တိုက်စစ်ကစားသမား ကော်တင်ညိုကို အန်းဖီးလ်မှာ ပြန်လည်မြင်တွေ့လိုတယ်လို့ ဆိုခဲ့ပါတယ်။ ၃။ တိုက်စစ်မှူး အော်ရီဂီကတော့ သူ့အနေနဲ့ လီဗာပူးလ်အသင်းနဲ့အတူ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပြီးနောက် ကာလရှည်ဆက်ရှိဖို့ သေချာသွားခဲ့တာဟာ အရမ်းကောင်းတဲ့ ခံစားချက်တခုကို ရစေကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ၄။ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဖလားကို အရယူပေးနိုင်ခဲ့ပြီးနောက်ပိုင်းမှာ…

reading now

[Unicode] အာဆင်နယ်အသင်းရဲ့ ဘယ်နောက်ခံလူ ဘယ်လာရင်တစ်ယောက် ရီးရဲလ်ကို ပင်နယ်တီအဆုံးအဖြတ်ကြောင်း အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ သူ့ရဲ့ ခြေသလုံးက Tattoo အသစ်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ မြွေတစ်ကောင်ကို ရိုးရိုးရှင်းရှင်းနဲ့ပဲ ဆေးမင်အဖြစ် ပြောင်းလဲထားခဲ့တာပါ။ ပြီးခဲ့တဲ့တစ်လလောက်ကတော့ ဘယ်လာရင်ဟာ ဒဏ်ရာကြောင့် ရာသီသစ်အတွက် အချိန်မီ ပြန်ကစားနိုင်ပါ့မလားဆိုတာ စိုးရိမ်စရာဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ တဖြည်းဖြည်းနဲ့ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာပြီပဲ ဖြစ်ပါတယ်။ စပိန်သားလေးဟာ အခုချိန်မှာ ကြံ့ခိုင်မှုကို အဓိကထား တည်ဆောက်နေပြီး ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်ဖြစ်တဲ့ နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဘယ်လာရင်ရဲ့ ဒဏ်ရာအခြေအနေက သက်သာလာပြီဖြစ်ပေမယ့်…

reading now

[Unicode] ၁။ ချယ်လ်ဆီးအသင်းဟာ တိုက်စစ်ကစားသမား ဝီလီယံကို စာချုပ်သက်တမ်း (၁)နှစ်ထပ်တိုးဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကာ မကြာမီမှာတရားဝင်ကြေညာလိမ့်မယ်လို့ သိရပါတယ်။ အသက် (၃၀)နှစ်သားဟာ (၂၀၂၁)ခုနှစ်အထိ စတန်းဖို့ဒ်ဘရစ်ချ်မှာ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။ ၂။ စာချုပ်သက်တမ်းနောက်ဆုံးနှစ်အပိုင်းအခြားကို ရောက်ရှိနေတဲ့ တိုက်စစ်ကစားသမား ပတ်ဒရိုကတော့ ချယ်လ်ဆီးအသင်းအတွက် တတ်နိုင်သမျှ ခပ်ကြာကြာ ကစားသွားချင်ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ၃။ ဒီနှစ်နွေအပြောင်းအရွှေ့ကာလမှာ ရီးယဲလ်မက်ဒရစ်အသင်းကနေ အပြီးသတ်ခေါ်ယူခဲ့တဲ့ ကွင်းလယ်ကစားသမား ကိုဗာချစ်ဟာ ဒီနှစ်ရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားတဦးဖြစ်လာနိုင်တယ်လို့ နည်းပြလမ်းပတ်က အတည်ပြုခဲ့ပါတယ်။ ၄။…

reading now

[ZawGyi] ၁။ စပါးအသင်းရဲ့ ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို မန်ယူနိုက်တက်အသင်း ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မြောက်လန်ဒန်အသင်းနဲ့ စာချုပ်သက်တမ်းတနှစ်သာ ကျန်ရှိတော့တဲ့ကစားသမားကို ကွင်းလယ်ပိုင်းအင်အားဖြည့်ဖို့အတွက် မန်ယူနိုက်တက် ပစ်မှတ်ထားနေတာပါ။ ၂။ နယူးကာဆယ်နည်းပြသစ် စတိဗ်ဘရုစ်ကတော့ သူ့အသင်းအနေနဲ့ မန်ယူနိုက်တက်အသင်း အလိုရှိနေတဲ့ ကွင်းလယ်ကြယ်ပွင့် ရှောင်လောင်းစတက်ဖ်ကို ရောင်းချမှာမဟုတ်ဘူးလို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ ၃။ စကော့သ်မက်တွန်မီနေးကတော့ လက်ရှိမန်ယူနိုက်တက်လူငယ်ကြယ်ပွင့်တွေဟာ Class of 92 ကို စံနမူနာထားပြီး အောင်မြင်မှုတွေ ယူဆောင်သွားဖို့ စိတ်ဆန္ဒပြင်းပြနေတယ်လို့ ကြုံးဝါးပြောဆိုခဲ့ပါတယ်။ ၄။…

reading now

ZawGyi မြန်မာ့လက်ရွေးစင်တိုက်စစ်ကစားသမားလေး အောင်သူဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ သားဦးလေးတစ်ယောက် ပိုင်ဆိုင်ခွင့်ရခဲ့တာကြောင့် အတော်လေးကို ပျော်နေပါတယ်။ ဒီနှစ်ပိုင်းအတွင်းမှာမှ မင်္ဂလာပွဲပြုလုပ်ခဲ့ကြပြီး နှစ်ကိုယ်သူဘဝတစ်ခု ထူထောင်ခဲ့ကြတဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့မိသားစုလေးမှာ အိမ်ထောင်တစ်ခုအတွက် ဆည်းလည်းလေးတွေလို့ ဆိုရမယ့် သားသမီးရတနာလေး ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင်လ (၁၉)ရက်နေ့ (အာဇာနည်နေ့)ကပဲ အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ သားဦးရတနာလေးကို အောင်မြင်စွာဖွားမြင်နိုင်ခဲ့တာကြောင့် ကာယကံရှင်တွေကိုယ်တိုင်ကသာမက တစ်တိုင်းပြည်လုံးက ပရိသတ်တွေကပါ ကြည်နူးဝမ်းသာခဲ့ကြပါတယ်။ သားတစ်ယောက်ရဲ့ဖခင်ဖြစ်လာခဲ့ပြီး ရာထူးတိုးသွားခဲ့တဲ့ အောင်သူကို မြောင်တောင်အသင်းရဲ့ နည်းပြတွေ၊ အသင်းဖော်တွေ၊ ခင်မင်ရင်းနှီးတဲ့မိတ်ဆွေတွေသာမက တစ်နိုင်ငံလုံးက ပရိသတ်တွေကပါ…

reading now

  • 1
  • 2
error: Content is protected !!