မန္ယူႏုိက္တက္သတင္းတိုမ်ား ၂၈၊ ၇၊ ၂၀၁၉

[Unicode]
၁။ မန်ယူနိုက်တက်အသင်းအနေနဲ့ လက်စတာဗဟိုခံစစ်ကစားသမား ဟယ်ရီမက်ဂွဲရားကိုသာ ခေါ်ယူချင်တယ်ဆိုပါက ပေါင်သန်း (၈၀)ကမ်းလှမ်းမှုမှာ ပေးရလွယ်မယ့် ထပ်ဆောင်းပြောင်းရွှေ့ကြေးတွေ ထည့်သွင်းပေးဖို့ လိုအပ်နေကြောင်း သိရပါတယ်။ လက်စတာဟာ မန်ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရမှ ပေမယ်ဆိုတဲ့ ထပ်ဆောင်းပြောင်းရွှေ့ကြေးမျိုးကို ယုတ္တိမရှိဘူးဆိုကာ လက်မခံနိုင် ဖြစ်နေပါတယ်။

၂။ စပို့တင်းလစ္စဘွန်းအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကို မန်ယူနိုက်တက်အသင်း ခေါ်ယူနိုင်ဖို့ အရမ်းနီးစပ်နေတယ်ဆိုပြီး ပေါ်တူဂီသတင်းဌာနတွေက အပြိုင်ဖော်ပြနေကြပါတယ်။ ဒါပေမယ့်လည်း Sky Sports သတင်းဌာနကတော့ အဆိုပါ အသက် (၂၄)နှစ်သားကို သရဲနီတို့ စိတ်ဝင်စားခြင်းမရှိဘူးလို့ အတည်ပြုထားပါတယ်။

၃။ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ ဒီနှစ်ရာသီမှာမှ ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ အက်စတွန်ဗီလာအသင်းရဲ့ ကွင်းလယ်ကစားသမားလေး ဂျွန်မက်ဂင်းကို မန်ယူနိုက်တက်အသင်း ခေါ်ယူသင့်ကြောင်း တိုက်တွန်းထားတယ်လို့ သိရပါတယ်။ မက်ဂင်းရဲ့ အဘိုးဖြစ်သူဟာ ဖာဂူဆန်ရဲ့ မိတ်ဆွေတဦးဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။

၄။ နယူးကာဆယ်နည်းပြစတိဗ်ဘရုစ်ကတော့ သူတို့အသင်းရဲ့ အကောင်းဆုံးလူငယ်ကြယ်ပွင့်ကို လက်လွှတ်ဆုံးရှုံးခံဖို့ အစီအစဉ်မရှိတဲ့အတွက် မန်ယူနိုက်တက်အသင်းအနေနဲ့ လောင်းစတက်ဖ်အပေါ် ပစ်မှတ်ထားနေမှုကို နောက်ဆုတ်ရန် အသိပေးပြောကြားခဲ့ပါတယ်။

၅။ အင်တာမီလန်နည်းပြကွန်တီကတော့ မန်ယူနိုက်တက်တိုက်စစ်မှူး လူကာကူကို အရခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ဘက်ကတော့ စီးရီးအေကလပ်အသင်းရဲ့ ပေါင် (၅၄)သန်းတန် ပထမအကြိမ်ကမ်းလှမ်းချက်ကို ပယ်ချထားပြီး ပေါင် (၇၅)သန်း အလိုရှိနေကြောင်း Sky Sports က ဖော်ပြထားပါတယ်။

၆။ မန်ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူးလူကာကူကို အင်တာမီလန်အသင်းဆီ ပေါင် (၇၅)သန်းနဲ့ ရောင်းချပြီးမှသာ လက်စတာအသင်းရဲ့ဗဟိုခံစစ်ကစားသမား မက်ဂွဲရားကို ပေါင်သန်း (၈၀)ပေးချေကာ ခေါ်ယူသွားမယ်လို့ သိရပါတယ်။

၇။ နည်းပြဆိုးရှားအနေနဲ့ ပေါ့ဂ်ဘာကိုသာ ရီးရဲလ်မက်ဒရစ်အသင်းဆီ လက်လွှတ်ခဲ့ရမယ်ဆိုရင် ကွင်းလယ်ကစားသမား (၂)ဦးအထိ ပြန်လည်ခေါ်ယူသွားဖွယ်ရှိနေပြီး မီလင်ကိုဗစ်-ဆာဗစ်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ ဖြစ်နိုင်ခြေရှိကြောင်း Daily Express က ဖော်ပြခဲ့ပါတယ်။

၈။ လူကာကူဟာ မန်ယူနိုက်တက်နည်းပြဆိုးရှားရဲ့ နည်းစနစ်ပိုင်းနဲ့ အံဝင်ခွင်ကျသူတယောက် မဟုတ်တဲ့အတွက် ရောင်းချလိုက်ခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း မန်ယူနိုက်တက်ကစားသမားဟောင်း ဘန်သွန်းလေက မှတ်ချက်ပြုခဲ့ပါတယ်။

[ZawGyi]
၁။ မန္ယူႏုိက္တက္အသင္းအေနနဲ႔ လက္စတာဗဟိုခံစစ္ကစားသမား ဟယ္ရီမက္ဂြဲရားကိုသာ ေခၚယူခ်င္တယ္ဆိုပါက ေပါင္သန္း (၈၀)ကမ္းလွမ္းမႈမွာ ေပးရလြယ္မယ့္ ထပ္ေဆာင္းေျပာင္းေရႊ႕ေၾကးေတြ ထည့္သြင္းေပးဖို႔ လိုအပ္ေနေၾကာင္း သိရပါတယ္။ လက္စတာဟာ မန္ယူႏုိက္တက္အသင္း ခ်န္ပီယံလိဂ္ဝင္ခြင့္ရမွ ေပမယ္ဆိုတဲ့ ထပ္ေဆာင္းေျပာင္းေရႊ႕ေၾကးမ်ိဳးကို ယုတၱိမရိွဘူးဆိုကာ လက္မခံႏိုင္ ျဖစ္ေနပါတယ္။

၂။ စပို႔တင္းလစၥဘြန္းအသင္းရဲ႕ ကြင္းလယ္တိုက္စစ္ကစားသမား ဘရူႏိုဖာနန္ဒက္စ္ကို မန္ယူႏိုက္တက္အသင္း ေခၚယူႏုိင္ဖို႔ အရမ္းနီးစပ္ေနတယ္ဆိုျပီး ေပၚတူဂီသတင္းဌာနေတြက အျပိဳင္ေဖာ္ျပေနၾကပါတယ္။ ဒါေပမယ့္လည္း Sky Sports သတင္းဌာနကေတာ့ အဆိုပါ အသက္ (၂၄)ႏွစ္သားကို သရဲနီတို႔ စိတ္ဝင္စားျခင္းမရိွဘူးလို႔ အတည္ျပဳထားပါတယ္။

၃။ ဂႏၳဝင္နည္းျပၾကီး ဆာအဲလက္စ္ဖာဂူဆန္ဟာ ဒီႏွစ္ရာသီမွာမွ ပရီးမီးယားလိဂ္ကို တန္းတက္လာတဲ့ အက္စတြန္ဗီလာအသင္းရဲ႕ ကြင္းလယ္ကစားသမားေလး ဂြ်န္မက္ဂင္းကို မန္ယူႏိုက္တက္အသင္း ေခၚယူသင့္ေၾကာင္း တိုက္တြန္းထားတယ္လို႔ သိရပါတယ္။ မက္ဂင္းရဲ႕ အဘိုးျဖစ္သူဟာ ဖာဂူဆန္ရဲ႕ မိတ္ေဆြတဦးျဖစ္တယ္လို႔လည္း သတင္းေတြက ေဖာ္ျပပါတယ္။

၄။ နယူးကာဆယ္နည္းျပစတိဗ္ဘရုစ္ကေတာ့ သူတို႔အသင္းရဲ႕ အေကာင္းဆံုးလူငယ္ၾကယ္ပြင့္ကို လက္လႊတ္ဆံုးရံႈးခံဖို႔ အစီအစဥ္မရိွတဲ့အတြက္ မန္ယူႏုိက္တက္အသင္းအေနနဲ႔ ေလာင္းစတက္ဖ္အေပၚ ပစ္မွတ္ထားေနမႈကို ေနာက္ဆုတ္ရန္ အသိေပးေျပာၾကားခဲ့ပါတယ္။

၅။ အင္တာမီလန္နည္းျပကြန္တီကေတာ့ မန္ယူႏုိက္တက္တိုက္စစ္မွဴး လူကာကူကို အရေခၚယူႏုိင္လိမ့္မယ္လို႔ ယံုၾကည္ေနျပီ ျဖစ္ပါတယ္။ ယူႏုိက္တက္ဘက္ကေတာ့ စီးရီးေအကလပ္အသင္းရဲ႕ ေပါင္ (၅၄)သန္းတန္ ပထမအၾကိမ္ကမ္းလွမ္းခ်က္ကို ပယ္ခ်ထားျပီး ေပါင္ (၇၅)သန္း အလိုရိွေနေၾကာင္း Sky Sports က ေဖာ္ျပထားပါတယ္။

၆။ မန္ယူႏုိက္တက္အသင္းဟာ တုိက္စစ္မွဴးလူကာကူကို အင္တာမီလန္အသင္းဆီ ေပါင္ (၇၅)သန္းနဲ႔ ေရာင္းခ်ျပီးမွသာ လက္စတာအသင္းရဲ႕ဗဟုိခံစစ္ကစားသမား မက္ဂြဲရားကို ေပါင္သန္း (၈၀)ေပးေခ်ကာ ေခၚယူသြားမယ္လို႔ သိရပါတယ္။

၇။ နည္းျပဆိုးရွားအေနနဲ႔ ေပါ့ဂ္ဘာကိုသာ ရီးရဲလ္မက္ဒရစ္အသင္းဆီ လက္လႊတ္ခဲ့ရမယ္ဆိုရင္ ကြင္းလယ္ကစားသမား (၂)ဦးအထိ ျပန္လည္ေခၚယူသြားဖြယ္ရိွေနျပီး မီလင္ကိုဗစ္-ဆာဗစ္နဲ႔ ဘရူႏိုဖာနန္ဒက္စ္တို႔ ျဖစ္ႏိုင္ေျခရိွေၾကာင္း Daily Express က ေဖာ္ျပခဲ့ပါတယ္။

၈။ လူကာကူဟာ မန္ယူႏုိက္တက္နည္းျပဆိုးရွားရဲ႕ နည္းစနစ္ပိုင္းနဲ႔ အံဝင္ခြင္က်သူတေယာက္ မဟုတ္တဲ့အတြက္ ေရာင္းခ်လိုက္ျခင္းကသာ အေကာင္းဆံုးျဖစ္ေၾကာင္း မန္ယူႏိုက္တက္ကစားသမားေဟာင္း ဘန္သြန္းေလက မွတ္ခ်က္ျပဳခဲ့ပါတယ္။



error: Content is protected !!