အာဆင္နယ္သတင္းမ်ား ၂၈၊ ၇၊ ၂၀၁၉

[Unicode]
၁။ ခရစ်စတယ်ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဒ်ဆန်ကတော့ သူ့ရဲ့တိုက်စစ်ကစားသမား ဇာဟာကို ဆက်ထိန်းထားနိုင်ဖို့ မသေချာတော့ဘူးလို့ ဖွင့်ဟလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီနွေတလျှောက်လုံး အိုက်ဗရီကို့စ်သားကို ကြိုးပမ်းခဲ့တဲ့ အာဆင်နယ်အသင်းကတော့ ပီပီကို ခေါ်ယူနိုင်တော့မှာဖြစ်တဲ့အတွက် စိတ်မဝင်စားတော့ကြောင်း သိရပါတယ်။

၂။ အသက် (၂၆)နှစ်အရွယ် ဂိုးသမားလေး မာတီနက်ဇ်ဟာ လိဂ်ချန်ပီယံရှစ်ကလပ်အသင်းတွေဆီက ကမ်းလှမ်းမှုတွေ ရရှိထားပေမယ့်လည်း အာဆင်နယ်အသင်းမှာသာ ဆက်နေဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။

၃။ လူငယ်တိုက်စစ်ကြယ်ပွင့်လေး ဇာဗီယာအမေးချီကို ဂျာမနီကလပ် ဟမ်းဘတ်အသင်းထံ ပေါင် (၂.၅)သန်းနဲ့ ရောင်းချခဲ့ပြီဖြစ်ကြောင်း အာဆင်နယ်အသင်းက တရားဝင်ကြေညာသွားခဲ့ပါတယ်။ ဂန်းနားတို့ဟာ ဟမ်းဘတ်အနေနဲ့ အနာဂတ်မှာ အသက် (၁၈)နှစ်သားလေးကို ပြန်လည်ရောင်းချခဲ့ရင် ပြောင်းရွှေ့ကြေးရဲ့ ရာခိုင်နှုန်းတချို့ ခွဲဝေပေးရမယ်ဆိုတဲ့အချက်ကို ထည့်သွင်းနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

၄။ အာဆင်နယ်၊ လီဗာပူးလ်အသင်းတို့ရဲ့ ပစ်မှတ်ကစားသမား ဟာကင်ဇီရက်ချ်ကတော့ စပိန်ကလပ် ဆီဗီလာအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ကြောင်း ဖွင့်ဟလာခဲ့ပြီး သူ့အတွက် အကောင်းဆုံးဖြစ်မယ့်အသင်း ရှာမတွေ့မချင်း အေဂျက်စ်အသင်းမှာပဲ ဆက်ကစားသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

၅။ အာဆင်နယ်အသင်းအနေနဲ့ လိုင်လီတောင်ပံတိုက်စစ်ကစားသမား နီကိုးလ်လက်စ်ပီပီကို ပေါင် (၇၂)သန်းအထိ အသုံးပြုကာ ခေါ်ယူခဲ့ခြင်းဟာ အိုဇေးလ်နဲ့ မစ်ခီတာရန်တို့အတွက် သတင်းဆိုးဖြစ်ပြီး ဒီနှစ်ရာသီမှာ နေရာရဖို့ ရုန်းကန်ရလိမ့်မယ်လို့ ဂန်းနားဟောင်းကြီး စတူးအတ်ရော့ဘ်ဆင်က ဝေဖန်သုံးသပ်ခဲ့ပါတယ်။

၆။ ဂျူဗင်တပ်အသင်းရဲ့ ဝါရင့်ကွင်းလယ်ကစားသမား ဆမီခါဒီရာကို ခေါ်ယူဖို့အတွက် အာဆင်နယ်အသင်း ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း ခိုင်မာတဲ့ အီတလီသတင်းဌာနတခုဖြစ်တဲ့ Di Marzio က အတည်ပြုဖော်ပြသွားခဲ့ပါတယ်။

[ZawGyi]
၁။ ခရစ္စတယ္ပဲေလ့စ္နည္းျပ ရြိဳင္းေဟာ့ဒ္ဆန္ကေတာ့ သူ႔ရဲ႕တိုက္စစ္ကစားသမား ဇာဟာကို ဆက္ထိန္းထားႏုိင္ဖို႔ မေသခ်ာေတာ့ဘူးလို႔ ဖြင့္ဟလာခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒီေႏြတေလွ်ာက္လံုး အိုက္ဗရီကို႔စ္သားကို ၾကိဳးပမ္းခဲ့တဲ့ အာဆင္နယ္အသင္းကေတာ့ ပီပီကို ေခၚယူႏုိင္ေတာ့မွာျဖစ္တဲ့အတြက္ စိတ္မဝင္စားေတာ့ေၾကာင္း သိရပါတယ္။

၂။ အသက္ (၂၆)ႏွစ္အရြယ္ ဂိုးသမားေလး မာတီနက္ဇ္ဟာ လိဂ္ခ်န္ပီယံရွစ္ကလပ္အသင္းေတြဆီက ကမ္းလွမ္းမႈေတြ ရရိွထားေပမယ့္လည္း အာဆင္နယ္အသင္းမွာသာ ဆက္ေနဖို႔ ဆံုးျဖတ္လိုက္ျပီျဖစ္ေၾကာင္း The Sun က ေဖာ္ျပခဲ့ပါတယ္။

၃။ လူငယ္တိုက္စစ္ၾကယ္ပြင့္ေလး ဇာဗီယာအေမးခ်ီကို ဂ်ာမနီကလပ္ ဟမ္းဘတ္အသင္းထံ ေပါင္ (၂.၅)သန္းနဲ႔ ေရာင္းခ်ခဲ့ျပီျဖစ္ေၾကာင္း အာဆင္နယ္အသင္းက တရားဝင္ေၾကညာသြားခဲ့ပါတယ္။ ဂန္းနားတို႔ဟာ ဟမ္းဘတ္အေနနဲ႔ အနာဂတ္မွာ အသက္ (၁၈)ႏွစ္သားေလးကို ျပန္လည္ေရာင္းခ်ခဲ့ရင္ ေျပာင္းေရႊ႕ေၾကးရဲ႕ ရာခိုင္ႏႈန္းတခ်ိဳ႕ ခြဲေဝေပးရမယ္ဆိုတဲ့အခ်က္ကို ထည့္သြင္းႏိုင္ခဲ့ေၾကာင္းလည္း သိရပါတယ္။

၄။ အာဆင္နယ္၊ လီဗာပူးလ္အသင္းတို႔ရဲ႕ ပစ္မွတ္ကစားသမား ဟာကင္ဇီရက္ခ်္ကေတာ့ စပိန္ကလပ္ ဆီဗီလာအသင္းရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့ေၾကာင္း ဖြင့္ဟလာခဲ့ျပီး သူ႔အတြက္ အေကာင္းဆံုးျဖစ္မယ့္အသင္း ရွာမေတြ႕မခ်င္း ေအဂ်က္စ္အသင္းမွာပဲ ဆက္ကစားသြားမယ္လို႔ အတည္ျပဳခဲ့ပါတယ္။

၅။ အာဆင္နယ္အသင္းအေနနဲ႔ လိုင္လီေတာင္ပံတိုက္စစ္ကစားသမား နီကိုးလ္လက္စ္ပီပီကို ေပါင္ (၇၂)သန္းအထိ အသံုးျပဳကာ ေခၚယူခဲ့ျခင္းဟာ အိုေဇးလ္နဲ႔ မစ္ခီတာရန္တို႔အတြက္ သတင္းဆိုးျဖစ္ျပီး ဒီႏွစ္ရာသီမွာ ေနရာရဖို႔ ရုန္းကန္ရလိမ့္မယ္လုိ႔ ဂန္းနားေဟာင္းၾကီး စတူးအတ္ေရာ့ဘ္ဆင္က ေဝဖန္သံုးသပ္ခဲ့ပါတယ္။

၆။ ဂ်ဴဗင္တပ္အသင္းရဲ႕ ဝါရင့္ကြင္းလယ္ကစားသမား ဆမီခါဒီရာကို ေခၚယူဖို႔အတြက္ အာဆင္နယ္အသင္း ေဆြးေႏြးမႈေတြ ျပဳလုပ္ေနေၾကာင္း ခိုင္မာတဲ့ အီတလီသတင္းဌာနတခုျဖစ္တဲ့ Di Marzio က အတည္ျပဳေဖာ္ျပသြားခဲ့ပါတယ္။



error: Content is protected !!