၂၈၊ ၇၊ ၂၀၁၉ အေျပာင္းအေရႊ႕ရပ္ဝန္းသတင္းမ်ား

[Unicode]
၁။ အရည်အသွေးမြင့်လူငယ်တိုက်စစ်ကြယ်ပွင့်လေးအဖြစ် သတ်မှတ်ခံထားရတဲ့ ဇာဗီယာအမေးချီဟာ အာဆင်နယ်အသင်းကနေ ဟမ်းဘတ်အသင်းကို ပေါင် (၂.၅)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ပြန်လည်ခေါ်ယူခွင့် မထည့်သွင်းခဲ့ပေမယ့် အနာဂတ်မှာ ရောင်းချခဲ့ရင် ပြောင်းရွှေ့ကြေးရဲ့ ရာနှုန်းတချို့ခံစားခွင့်ကိုတော့ ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။

၂။ စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်ကစားသမား ဂါရက်ဘေးလ်ကို ရှင်းထုတ်ခဲ့ပြီးရင် မန်ယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါလ်ပေါ့ဂ်ဘာကို ပေါင်သန်း (၁၅၀)နဲ့ ခေါ်ယူသွားလိမ့်မယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

၃။ မန်ယူနိုက်တက်တိုက်စစ်မှူး လူကာကူကတော့ သူ့ရဲ့သတ်မှတ်တန်ကြေးကို လျှော့ချပေးဖို့အတွက် မန်ယူနိုက်တက်ကို တောင်းဆိုခဲ့ပါတယ်။ ဘယ်လ်ဂျီယံသားဟာ အင်တာမီလန်အသင်းက စိတ်ဝင်စားခြင်းခံနေရသူဖြစ်ပြီး အပြောင်းအရွှေ့ကိစ္စတွေ အပြီးသတ်ဖို့အတွက် အေးဂျင့်ဖြစ်သူနဲ့ ဆောင်ရွက်နေပြီဖြစ်ကြောင်း Instagram စာမျက်နှာကတဆင့် ပရိသတ်တွေကို အသိပေးထားပါတယ်။

၄။ အာဆင်နယ်အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ တိုက်စစ်မှူး ဒန်နီဝဲလ်ဘက်ဟာ အခုထက်ထိ အသင်းသစ်ရှာမတွေ့သေးဘူးလို့ သိရပါတယ်။ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူခွင့်ရှိနေတဲ့ အင်္ဂလန်သားကို စိတ်ဝင်စားတဲ့အသင်း မရှိသေးတာပါ။

၅။ ပြီးခဲ့တဲ့ရာသီမှာ ဖူလ်ဟမ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ရာသီတခုကို ဖြတ်သန်းခဲ့တဲ့ ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ရှာရယ်လ်ဟာ ရုရှကလပ် စပါးတပ်မော်စကိုအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်ကြောင်း ဂျာမန်သတင်းဌာန Bild က ဖော်ပြခဲ့ပါတယ်။

၆။ ခရစ်စတယ်ပဲလေ့စ်အသင်းရဲ့တိုက်စစ်မှူး ခရစ်စတီယန်ဘန်တီကီကို ခေါ်ယူဖို့အတွက် တရုတ်ကလပ်အသင်းနှစ်သင်းဆီက ကမ်းလှမ်းမှုရရှိထားကြောင်း အေးဂျင့်ဖြစ်သူက တောင်လန်ဒန်ကလပ်အသင်းကို အသိပေးထားတယ်လို့ သိရပါတယ်။

၇။ တိုက်စစ်ကစားသမား နေမာအတွက် ဘာစီလိုနာအသင်းရဲ့ ယူရိုသန်း (၁၀၀)နဲ့ ကစားသမား (၂)ဦး အလိုက်ပေးကမ်းလှမ်းမှုကို ပီအက်စ်ဂျီအသင်း လက်ခံခဲ့ကြောင်း သတင်းထွက်ပေါ်လာပါတယ်။ နူးကမ့်အသင်းဟာ ကော်တင်ညို၊ မယ်ကွန်၊ ရာကီတစ်၊ ဆီမီဒိုနဲ့ ဒမ်ဘီလီတို့ထဲက ကစားသမား (၂)ဦးကို ပီအက်စ်ဂျီကို ရွေးခွင့်ပြုထားပါတယ်။

၈။ ဘင်ဖီကာအသင်းကို ပေါင် (၁၃.၅)သန်းနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဆေးကျခဲ့တာကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တဲ့ ဂျူဗင်တပ်ဂိုးသမား ပါရင်ဟာ အက်စတွန်ဗီလားအသင်းကို ပြောင်းရွှေ့ဖို့လည်း မရေမရာဖြစ်နေတယ်လို့ အီတလီသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

[ZawGyi]
၁။ အရည္အေသြးျမင့္လူငယ္တိုက္စစ္ၾကယ္ပြင့္ေလးအျဖစ္ သတ္မွတ္ခံထားရတဲ့ ဇာဗီယာအေမးခ်ီဟာ အာဆင္နယ္အသင္းကေန ဟမ္းဘတ္အသင္းကို ေပါင္ (၂.၅)သန္းနဲ႔ ေျပာင္းေရႊ႕သြားခဲ့ျပီ ျဖစ္ပါတယ္။ အာဆင္နယ္အသင္းအေနနဲ႔ ျပန္လည္ေခၚယူခြင့္ မထည့္သြင္းခဲ့ေပမယ့္ အနာဂတ္မွာ ေရာင္းခ်ခဲ့ရင္ ေျပာင္းေရႊ႕ေၾကးရဲ႕ ရာႏႈန္းတခ်ိဳ႕ခံစားခြင့္ကိုေတာ့ ထည့္သြင္းခဲ့တယ္လို႔ သိရပါတယ္။

၂။ စပိန္ထိပ္သီးကလပ္ ရီးယဲလ္မက္ဒရစ္အသင္းဟာ တိုက္စစ္ကစားသမား ဂါရက္ေဘးလ္ကို ရွင္းထုတ္ခဲ့ျပီးရင္ မန္ယူႏုိက္တက္ကြင္းလယ္ၾကယ္ပြင့္ ေပါလ္ေပါ့ဂ္ဘာကို ေပါင္သန္း (၁၅၀)နဲ႔ ေခၚယူသြားလိမ့္မယ္လို႔ သတင္းေတြက ေဖာ္ျပပါတယ္။

၃။ မန္ယူႏုိက္တက္တိုက္စစ္မွဴး လူကာကူကေတာ့ သူ႔ရဲ႕သတ္မွတ္တန္ေၾကးကို ေလွ်ာ့ခ်ေပးဖို႔အတြက္ မန္ယူႏုိက္တက္ကို ေတာင္းဆိုခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံသားဟာ အင္တာမီလန္အသင္းက စိတ္ဝင္စားျခင္းခံေနရသူျဖစ္ျပီး အေျပာင္းအေရႊ႕ကိစၥေတြ အျပီးသတ္ဖို႔အတြက္ ေအးဂ်င့္ျဖစ္သူနဲ႔ ေဆာင္ရြက္ေနျပီျဖစ္ေၾကာင္း Instagram စာမ်က္ႏွာကတဆင့္ ပရိသတ္ေတြကို အသိေပးထားပါတယ္။

၄။ အာဆင္နယ္အသင္းကေန ထြက္ခြာခဲ့ျပီးေနာက္ အသင္းလက္မဲ့ျဖစ္ေနတဲ့ တိုက္စစ္မွဴး ဒန္နီဝဲလ္ဘက္ဟာ အခုထက္ထိ အသင္းသစ္ရွာမေတြ႕ေသးဘူးလို႔ သိရပါတယ္။ ေျပာင္းေရႊ႕ေၾကးအလြတ္နဲ႔ ေခၚယူခြင့္ရိွေနတဲ့ အဂၤလန္သားကို စိတ္ဝင္စားတဲ့အသင္း မရိွေသးတာပါ။

၅။ ျပီးခဲ့တဲ့ရာသီမွာ ဖူလ္ဟမ္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ရာသီတခုကို ျဖတ္သန္းခဲ့တဲ့ ခ်ယ္လ္ဆီးတိုက္စစ္မွဴးေဟာင္း ရွာရယ္လ္ဟာ ရုရွကလပ္ စပါးတပ္ေမာ္စကိုအသင္းကို ေျပာင္းေရႊ႕ဖို႔ နီးစပ္ေနျပီျဖစ္ေၾကာင္း ဂ်ာမန္သတင္းဌာန Bild က ေဖာ္ျပခဲ့ပါတယ္။

၆။ ခရစ္စတယ္ပဲေလ့စ္အသင္းရဲ႕တိုက္စစ္မွဴး ခရစ္စတီယန္ဘန္တီကီကို ေခၚယူဖို႔အတြက္ တရုတ္ကလပ္အသင္းႏွစ္သင္းဆီက ကမ္းလွမ္းမႈရရိွထားေၾကာင္း ေအးဂ်င့္ျဖစ္သူက ေတာင္လန္ဒန္ကလပ္အသင္းကို အသိေပးထားတယ္လို႔ သိရပါတယ္။

၇။ တိုက္စစ္ကစားသမား ေနမာအတြက္ ဘာစီလိုနာအသင္းရဲ႕ ယူရိုသန္း (၁၀၀)နဲ႔ ကစားသမား (၂)ဦး အလိုက္ေပးကမ္းလွမ္းမႈကို ပီအက္စ္ဂ်ီအသင္း လက္ခံခဲ့ေၾကာင္း သတင္းထြက္ေပၚလာပါတယ္။ ႏူးကမ့္အသင္းဟာ ေကာ္တင္ညိဳ၊ မယ္ကြန္၊ ရာကီတစ္၊ ဆီမီဒိုနဲ႔ ဒမ္ဘီလီတို႔ထဲက ကစားသမား (၂)ဦးကို ပီအက္စ္ဂ်ီကို ေရြးခြင့္ျပဳထားပါတယ္။

၈။ ဘင္ဖီကာအသင္းကို ေပါင္ (၁၃.၅)သန္းနဲ႔ ေျပာင္းေရႊ႕ဖို႔ နီးစပ္ခဲ့ေပမယ့္လည္း ေဆးက်ခဲ့တာေၾကာင့္ အေျပာင္းအေရႊ႕ပ်က္ျပယ္ခဲ့တဲ့ ဂ်ဴဗင္တပ္ဂိုးသမား ပါရင္ဟာ အက္စတြန္ဗီလားအသင္းကို ေျပာင္းေရႊ႕ဖို႔လည္း မေရမရာျဖစ္ေနတယ္လို႔ အီတလီသတင္းဌာနေတြက ေဖာ္ျပခဲ့ပါတယ္။



error: Content is protected !!