အာဆင္နယ္အသင္းမွာ ပီပီ လစာေငြ ဘယ္ေလာက္ထိ ရရိွသြားမွာလဲ

[Unicode]
တောင်ပံတိုက်စစ်ကစားသမား နီကိုးလက်စ်ပီပီဟာ အာဆင်နယ်အသင်းဟာ တပတ်လုပ်ခ ပေါင် (၁)သိန်းနဲ့ (၁)သိန်းခွဲကြားရရှိသွားမှာဖြစ်ပြီး (၅)နှစ်စာချုပ်လိမ့်မယ်လို့ သိရပါတယ်။

ဂန်းနားတို့ဟာ ပြင်သစ်ကလပ် လိုင်လီအသင်းရဲ့ အိုက်ဗရီကို့စ်သားကို ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် (၇၂)သန်းအထိ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

နာပိုလီအသင်းကလည်း ဈေးတူပမာဏနဲ့ကမ်းလှမ်းထားချိန်မှာ လိုင်လီဥက္ကဌဂျာရတ်လိုပက်ဇ်ကိုယ်တိုင်က ကစားသမားဆန္ဒရှိရာ ကလပ်အသင်းဆီပဲ ရောင်းချသွားမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ ကစားသမားကို ဆွဲဆောင်ဖို့ရာ တနှစ်လုပ်ခ ပေါင် (၄.၅)သန်းပေးချေသွားဖို့ ဆုံးဖြတ်ခဲ့တဲ့အပြင် အေးဂျင့်ဖြစ်သူကိုလည်း ပေါင် (၅)သန်းလောက် ကော်မရှင်ခ ပေးခဲ့ပါတယ်။

အပိုဆုကြေးတွေနဲ့ပါထည့်တွက်မယ်ဆိုရင် အာဆင်နယ်အသင်းမှာ အသက် (၂၄)နှစ်သားရရှိမယ့် လစာငွေဟာ ပေါင် (၁)သိန်းကျော်ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ခရစ်စတယ်ပဲလေ့စ်တိုက်စစ်ကစားသမား ဇာဟာကိုသာ ခေါ်ယူခဲ့မယ်ဆိုရင် တပတ်လုပ်ခ ပေါင် (၂)သိန်းဝန်းကျင်အထိ သုံးစွဲရမှာဖြစ်တဲ့အတွက် ဒါဟာ ပိုသက်သာတဲ့ ရွေးချယ်မှုလည်း ဖြစ်ခဲ့ပါတယ်။

အာဖရိကပြိုင်ပွဲကစားထားရတာကြောင့် အားလပ်ရက်ရှည်ရရှိထားတဲ့ ပီပီဟာ တနင်္လာနေ့မှာ လိုင်လီအသင်းဆီ ပြန်လာတော့မှာဖြစ်ပြီး အပြောင်းအရွှေ့ကိစ္စတွေ အပြီးသတ်ဖို့ ဆောင်ရွက်သွားလိမ့်မယ်လို့ ဥက္ကကဂျာရတ်လိုပက်ဇ်က ပြောကြားထာပါတယ်။

Ref : Mirror

[ZawGyi]
ေတာင္ပံတိုက္စစ္ကစားသမား နီကိုးလက္စ္ပီပီဟာ အာဆင္နယ္အသင္းဟာ တပတ္လုပ္ခ ေပါင္ (၁)သိန္းနဲ႔ (၁)သိန္းခြဲၾကားရရိွသြားမွာျဖစ္ျပီး (၅)ႏွစ္စာခ်ဳပ္လိမ့္မယ္လုိ႔ သိရပါတယ္။

ဂန္းနားတို႔ဟာ ျပင္သစ္ကလပ္ လိုင္လီအသင္းရဲ႕ အိုက္ဗရီကို႔စ္သားကို ေခၚယူႏုိင္ဖို႔အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ (၇၂)သန္းအထိ အသံုးျပဳခဲ့တာ ျဖစ္ပါတယ္။

နာပိုလီအသင္းကလည္း ေစ်းတူပမာဏနဲ႔ကမ္းလွမ္းထားခ်ိန္မွာ လိုင္လီဥကၠဌဂ်ာရတ္လိုပက္ဇ္ကိုယ္တိုင္က ကစားသမားဆႏၵရိွရာ ကလပ္အသင္းဆီပဲ ေရာင္းခ်သြားမွာျဖစ္ေၾကာင္း အတည္ျပဳခဲ့ပါတယ္။

ဒါေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႔ ကစားသမားကို ဆြဲေဆာင္ဖို႔ရာ တႏွစ္လုပ္ခ ေပါင္ (၄.၅)သန္းေပးေခ်သြားဖို႔ ဆံုးျဖတ္ခဲ့တဲ့အျပင္ ေအးဂ်င့္ျဖစ္သူကိုလည္း ေပါင္ (၅)သန္းေလာက္ ေကာ္မရွင္ခ ေပးခဲ့ပါတယ္။

အပိုဆုေၾကးေတြနဲ႔ပါထည့္တြက္မယ္ဆိုရင္ အာဆင္နယ္အသင္းမွာ အသက္ (၂၄)ႏွစ္သားရရိွမယ့္ လစာေငြဟာ ေပါင္ (၁)သိန္းေက်ာ္ျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ခရစ္စတယ္ပဲေလ့စ္တိုက္စစ္ကစားသမား ဇာဟာကိုသာ ေခၚယူခဲ့မယ္ဆိုရင္ တပတ္လုပ္ခ ေပါင္ (၂)သိန္းဝန္းက်င္အထိ သံုးစြဲရမွာျဖစ္တဲ့အတြက္ ဒါဟာ ပိုသက္သာတဲ့ ေရြးခ်ယ္မႈလည္း ျဖစ္ခဲ့ပါတယ္။

အာဖရိကျပိဳင္ပြဲကစားထားရတာေၾကာင့္ အားလပ္ရက္ရွည္ရရိွထားတဲ့ ပီပီဟာ တနလၤာေန႔မွာ လိုင္လီအသင္းဆီ ျပန္လာေတာ့မွာျဖစ္ျပီး အေျပာင္းအေရႊ႕ကိစၥေတြ အျပီးသတ္ဖို႔ ေဆာင္ရြက္သြားလိမ့္မယ္လို႔ ဥကၠကဂ်ာရတ္လိုပက္ဇ္က ေျပာၾကားထာပါတယ္။

Ref : Mirror



error: Content is protected !!