နံနက္ခင္းသတင္းတိုမ်ား ၂၈၊ ၇၊ ၂၀၁၉

[Unicode]
၁။ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာစ်က သူတို့အသင်းအနေနဲ့ ဗဟိုခံစစ်ကစားသမား ဟယ်ရီမက်ဂွဲရားအတွက် လက်သင့်ခံလောက်စရာ ကမ်းလှမ်းမျိုးအခုထက်ထိ မရရှိသေးကြောင်း ပြောကြားသွားခဲ့ပါတယ်။

၂။ အဲဗာတန်ကွင်းလယ်ကစားသမား အီဒရစ်ဆာဂွီရီနဲ့ ပီအက်စ်ဂျီတို့ရဲ့အပြောင်းအရွှေ့ဟာ အခုထက်ထိ အပြီးသတ်ခြင်းမရှိသေးဘူးလို့ နည်းပြမာကိုဆေးဗားလ်က ပြောကြားခဲ့တာကြောင့် ပြင်သစ်ကလပ်အသင်းအနေနဲ့ အသက် (၂၉)နှစ်သားကို ခေါ်ယူနိုင်ဖို့ မရေမရာ ဖြစ်လာခဲ့ပါတယ်။

၃။ ချယ်လ်ဆီးနည်းပြဖြစ်သူ ဖရန့်ခ်လမ်းပတ်ကတော့ နှစ်ဦးပေါင်း ပေါင်သန်း (၈၀)ဝန်းကျင်ကုန်ကျခဲ့တဲ့ ကွင်းလယ်ကစားသမား ဘာကာယိုကိုနဲ့ ဒန်နီဒရင့်ဝါးတားတို့ကို စတန်းဖို့ဒ်ဘရစ်ချ်ကနေ ထွက်ခွာခွင့်ပေးခဲ့တဲ့အတွက် ချယ်လ်ဆီးအသင်း ရောင်းချသွားဖို့ ပြင်ဆင်နေပါတယ်။

၄။ အဲဗာတန်အသင်းဟာ ဂျူဗင်တပ်အသင်းရဲ့ လူငယ်တိုက်စစ်မှူး မွိုက်ဆီကိန်းကို ပေါင် (၃၆)သန်းနဲ့ ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်လျက်ရှိနေပါတယ်။ အသက် (၁၉)နှစ်သားကို တူရင်ကလပ်အသင်း ရောင်းချခဲ့ရရင် ပြန်လည်ခေါ်ယူခွင့်အချက် ထည့်သွင်းသွားဖွယ် ရှိနေပါတယ်။

၅။ ဘာစီလိုနာ၊ ဂျူဗင်တပ်နဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ဝါရင့်ညာနောက်ခံလူဟောင်း ဒန်နီအဲလ်ဗတ်ကတော့ အခုထက်ထိ အသင်းသစ်ရှာဖွေနေဆဲဖြစ်ကြောင်း Instagram ကတဆင့် “ကျွန်တော် အလုပ်သစ်ရှာနေပါတယ်” ဆိုပြီး တင်ခဲ့ကာ ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

၆။ ပရီးမီးယားလိဂ်ကလပ် ဝုလ်ဗ်အသင်းဟာ အသက် (၂၁)နှစ်အရွယ် တိုက်စစ်မှူးလေး ကူထရိုနီကို ခေါ်ယူဖို့ အေစီမီလန်အသင်းနဲ့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဝုလ်ဗ်အသင်းအနေနဲ့ ကစားသမားနဲ့သာ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိဖို့ လိုအပ်တော့တာပါ။

၇။ အာဆင်နယ်အသင်းဟာ လိုင်လီတိုက်စစ်ကစားသမား နီကိုးလက်စ်ပီပီနဲ့ ဆဲလ်တစ်နောက်ခံလူ တီယာနီတို့ကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ နှစ်ဦးစလုံးဟာ အမ်းမရိတ်မြေကို ရောက်ရှိလာဖို့ အနီးစပ်ဆုံးအနေအထားကို ရောက်ရှိနေပါတယ်။

၈။ ရီးရဲလ်မက်ဒရစ်တိုက်စစ်ကစားသမား ဘေးလ်ကတော့ တရုတ်ကလပ် Jiangsu Suning အသင်းကိုသာ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် တပတ်လုပ်ခ ပေါင် (၁)သန်းနဲ့အထက် ရရှိနိုင်တဲ့အတွက် ကမ္ဘာ့လုပ်ခအများဆုံး ကစားသမား ဖြစ်လာမယ့် အခွင့်အရေးကို ရရှိနေပါတယ်။

[ZawGyi]
၁။ လက္စတာနည္းျပ ဘရန္ဒန္ေရာ္ဂ်ာစ္က သူတို႔အသင္းအေနနဲ႔ ဗဟိုခံစစ္ကစားသမား ဟယ္ရီမက္ဂြဲရားအတြက္ လက္သင့္ခံေလာက္စရာ ကမ္းလွမ္းမ်ိဳးအခုထက္ထိ မရရိွေသးေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။

၂။ အဲဗာတန္ကြင္းလယ္ကစားသမား အီဒရစ္ဆာဂြီရီနဲ႔ ပီအက္စ္ဂ်ီတို႔ရဲ႕အေျပာင္းအေရႊ႕ဟာ အခုထက္ထိ အျပီးသတ္ျခင္းမရိွေသးဘူးလို႔ နည္းျပမာကိုေဆးဗားလ္က ေျပာၾကားခ့ဲတာေၾကာင့္ ျပင္သစ္ကလပ္အသင္းအေနနဲ႔ အသက္ (၂၉)ႏွစ္သားကို ေခၚယူႏိုင္ဖို႔ မေရမရာ ျဖစ္လာခဲ့ပါတယ္။

၃။ ခ်ယ္လ္ဆီးနည္းျပျဖစ္သူ ဖရန္႔ခ္လမ္းပတ္ကေတာ့ ႏွစ္ဦးေပါင္း ေပါင္သန္း (၈၀)ဝန္းက်င္ကုန္က်ခဲ့တဲ့ ကြင္းလယ္ကစားသမား ဘာကာယိုကိုနဲ႔ ဒန္နီဒရင့္ဝါးတားတို႔ကို စတန္းဖို႔ဒ္ဘရစ္ခ်္ကေန ထြက္ခြာခြင့္ေပးခဲ့တဲ့အတြက္ ခ်ယ္လ္ဆီးအသင္း ေရာင္းခ်သြားဖို႔ ျပင္ဆင္ေနပါတယ္။

၄။ အဲဗာတန္အသင္းဟာ ဂ်ဴဗင္တပ္အသင္းရဲ႕ လူငယ္တိုက္စစ္မွဴး မြိဳက္ဆီကိန္းကို ေပါင္ (၃၆)သန္းနဲ႔ ေခၚယူႏိုင္ဖို႔ ေဆြးေႏြးမႈေတြ ျပဳလုပ္လ်က္ရိွေနပါတယ္။ အသက္ (၁၉)ႏွစ္သားကို တူရင္ကလပ္အသင္း ေရာင္းခ်ခဲ့ရရင္ ျပန္လည္ေခၚယူခြင့္အခ်က္ ထည့္သြင္းသြားဖြယ္ ရိွေနပါတယ္။

၅။ ဘာစီလိုနာ၊ ဂ်ဴဗင္တပ္နဲ႔ ပီအက္စ္ဂ်ီအသင္းတို႔ရဲ႕ ဝါရင့္ညာေနာက္ခံလူေဟာင္း ဒန္နီအဲလ္ဗတ္ကေတာ့ အခုထက္ထိ အသင္းသစ္ရွာေဖြေနဆဲျဖစ္ေၾကာင္း Instagram ကတဆင့္ “ကြ်န္ေတာ္ အလုပ္သစ္ရွာေနပါတယ္” ဆိုျပီး တင္ခဲ့ကာ ပရိသတ္ေတြကို အသိေပးသြားခဲ့ပါတယ္။

၆။ ပရီးမီးယားလိဂ္ကလပ္ ဝုလ္ဗ္အသင္းဟာ အသက္ (၂၁)ႏွစ္အရြယ္ တိုက္စစ္မွဴးေလး ကူထရိုနီကို ေခၚယူဖို႔ ေအစီမီလန္အသင္းနဲ႔ သေဘာတူညီမႈ ရရိွသြားခဲ့ျပီ ျဖစ္ပါတယ္။ ဝုလ္ဗ္အသင္းအေနနဲ႔ ကစားသမားနဲ႔သာ ပုဂၢိဳလ္ေရးသေဘာတူညီမႈ ရရိွဖို႔ လိုအပ္ေတာ့တာပါ။

၇။ အာဆင္နယ္အသင္းဟာ လိုင္လီတိုက္စစ္ကစားသမား နီကိုးလက္စ္ပီပီနဲ႔ ဆဲလ္တစ္ေနာက္ခံလူ တီယာနီတို႔ကို ေခၚယူႏုိင္လိမ့္မယ္လို႔ ယံုၾကည္ေနပါတယ္။ ႏွစ္ဦးစလံုးဟာ အမ္းမရိတ္ေျမကို ေရာက္ရိွလာဖို႔ အနီးစပ္ဆံုးအေနအထားကို ေရာက္ရိွေနပါတယ္။

၈။ ရီးရဲလ္မက္ဒရစ္တုိက္စစ္ကစားသမား ေဘးလ္ကေတာ့ တရုတ္ကလပ္ Jiangsu Suning အသင္းကိုသာ ေျပာင္းေရႊ႕ခဲ့မယ္ဆိုရင္ တပတ္လုပ္ခ ေပါင္ (၁)သန္းနဲ႔အထက္ ရရိွႏိုင္တဲ့အတြက္ ကမၻာ့လုပ္ခအမ်ားဆံုး ကစားသမား ျဖစ္လာမယ့္ အခြင့္အေရးကို ရရိွေနပါတယ္။



error: Content is protected !!