လူကာကူကို ေခၚယူရန္အတြက္ ဒီဘားလားကို အလိုက္ေပးမယ္ဆိုတဲ့ ဂ်ဴဗင္တပ္

[Unicode]
စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းဟာ မန်ယူနိုက်တက်တိုက်စစ်မှူး လူကာကူကို အင်တာမီလန်အသင်းနဲ့အပြိုင် ခေါ်ယူဖို့အတွက် တိုက်စစ်ကစားသမား ဒီဘားလားကို အလိုက်ပေးကမ်းလှမ်းမယ်လို့ သိရပါတယ်။

မန်ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ဘယ်လ်ဂျီယံတိုက်စစ်မှူးအတွက် အင်တာမီလန်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် ပြောင်းရွှေ့ကြေး သဘောတူညီမှုရဖို့တော့ ခက်ခဲနေခဲ့ပါတယ်။

အင်တာမီလန်အသင်းဟာ လူကာကူအတွက် ပြောင်းရွှေ့ကြေး ပေါင် (၅၃.၉)သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး အဆိုပါကမ်းလှမ်းချက်ကို သရဲနီတို့ဘက်က ပယ်ချထားခဲ့တာပါ။ ယူနိုက်တက်ဟာ အသက် (၂၆)နှစ်သားအတွက် ပေါင် (၇၉)သန်း အလိုရှိနေတာ ဖြစ်ပါတယ်။

ဒီတပတ်အတွင်းမှာပဲ အင်တာမီလန်ဟာ သူတို့ပစ်မှတ်ကစားသမားအတွက် ကြေးတိုးမြှင့်ကမ်းလှမ်းဖို့ စီစဉ်လာခဲ့ပေမယ့် ဂျူဗင်တပ်အသင်းရဲ့ ပြိုင်ဆိုင်မှုကြောင်း အခက်တွေ့ဖွယ် ရှိနေပါတယ်။

တူရင်ကလပ်အသင်းဟာ လူကာကူကို အရခေါ်ယူနိုင်ဖို့အတွက် ရော်နယ်လ်ဒိုရောက်ရှိလာမှုကြောင့် နေရာပျောက်ဆုံးနေတဲ့ ဒီဘားလားကို အလိုက်ပေးကမ်းလှမ်းကာ ကြိုးပမ်းသွားမှာဖြစ်ကြောင်း Sky Sports က ဖော်ပြပါတယ်။

အာဂျင်တိုင်းသားကို စပါးအသင်းက ချိတ်ဆက်နေချိန်မှာ ဂျူဗင်တပ်က လူကာကူအပြောင်းအရွှေ့အတွက် အသုံးချဖို့ ကြိုးပမ်းလာတာဖြစ်ပြီး မန်ယူနိုကတက်အသင်း လက်ခံသွားမလားဆိုတာကတော့ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

[ZawGyi]
စီးရီးေအခ်န္ပီယံ ဂ်ဴဗင္တပ္အသင္းဟာ မန္ယူႏုိက္တက္တိုက္စစ္မွဴး လူကာကူကို အင္တာမီလန္အသင္းနဲ႔အျပိဳင္ ေခၚယူဖို႔အတြက္ တိုက္စစ္ကစားသမား ဒီဘားလားကို အလိုက္ေပးကမ္းလွမ္းမယ္လို႔ သိရပါတယ္။

မန္ယူႏုိက္တက္ဟာ လက္ရိွအခ်ိန္မွာ ဘယ္လ္ဂ်ီယံတိုက္စစ္မွဴးအတြက္ အင္တာမီလန္အသင္းနဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနေပမယ့္ ေျပာင္းေရႊ႕ေၾကး သေဘာတူညီမႈရဖို႔ေတာ့ ခက္ခဲေနခဲ့ပါတယ္။

အင္တာမီလန္အသင္းဟာ လူကာကူအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ (၅၃.၉)သန္းနဲ႔ ကမ္းလွမ္းခဲ့ျပီး အဆိုပါကမ္းလွမ္းခ်က္ကို သရဲနီတို႔ဘက္က ပယ္ခ်ထားခဲ့တာပါ။ ယူႏုိက္တက္ဟာ အသက္ (၂၆)ႏွစ္သားအတြက္ ေပါင္ (၇၉)သန္း အလိုရိွေနတာ ျဖစ္ပါတယ္။

ဒီတပတ္အတြင္းမွာပဲ အင္တာမီလန္ဟာ သူတို႔ပစ္မွတ္ကစားသမားအတြက္ ေၾကးတိုးျမွင့္ကမ္းလွမ္းဖို႔ စီစဥ္လာခဲ့ေပမယ့္ ဂ်ဴဗင္တပ္အသင္းရဲ႕ ျပိဳင္ဆိုင္မႈေၾကာင္း အခက္ေတြ႕ဖြယ္ ရိွေနပါတယ္။

တူရင္ကလပ္အသင္းဟာ လူကာကူကို အရေခၚယူႏိုင္ဖို႔အတြက္ ေရာ္နယ္လ္ဒိုေရာက္ရိွလာမႈေၾကာင့္ ေနရာေပ်ာက္ဆံုးေနတဲ့ ဒီဘားလားကို အလိုက္ေပးကမ္းလွမ္းကာ ၾကိဳးပမ္းသြားမွာျဖစ္ေၾကာင္း Sky Sports က ေဖာ္ျပပါတယ္။

အာဂ်င္တိုင္းသားကို စပါးအသင္းက ခ်ိတ္ဆက္ေနခ်ိန္မွာ ဂ်ဴဗင္တပ္က လူကာကူအေျပာင္းအေရႊ႕အတြက္ အသံုးခ်ဖို႔ ၾကိဳးပမ္းလာတာျဖစ္ျပီး မန္ယူႏုိ္ကတက္အသင္း လက္ခံသြားမလားဆိုတာကေတာ့ စိတ္ဝင္စားစရာ ျဖစ္ေနပါတယ္။



error: Content is protected !!