နံနက္ခင္းသတင္းတုိမ်ား

[Unicode]
၁။ ရီးယဲလ်မက်ဒရစ်အသင်းဟာ မန်ယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါလ်ပေါ့ဂ်ဘာကို အရခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီဖြစ်ကြောင်း ESPN က ဖော်ပြခဲ့ပါတယ်။

၂။ ဘေယန်မြူးနစ်အသင်းဟာ မန်စီးတီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား လီရွိုင်းဆာနေးကို ပေါင်သန်း (၉၀)နဲ့ ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ စီးတီးနည်းပြပက်ဂွာဒီယိုလာကတော့ ကစားသမားကသာ အသင်းမှာဆက်မနေချင်ရင် ရောင်းချသွားမှာဖြစ်ကြောင်း အတည်ပြုထားပါတယ်။

၃။ မန်ယူနိုက်တက်တိုက်စစ်မှူးလူကာကူကတော့ အင်တာမီလန်အသင်းကို ပေါင်သန်း (၇၀)နဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်တယ်လို့ Daily Mail က ဖော်ပြပါတယ်။ အသက် (၂၆)နှစ်သားဟာ ခြေစမ်းခရီးစဉ်ကအပြန်မှာ မန်ချက်ကစတာကို လိုက်ပါမလာခဲ့ဘဲ ဘယ်လ်ဂျီယံနိုင်ငံကိုသာ ထွက်ခွာသွားခဲ့တာပါ။

၄။ နယူးကာဆယ်အသင်းပိုင်ရှင် မိုက်အက်ရှ်လေကတော့ နည်းပြဟောင်းဘင်နီတက်ဇ်အတွက် အသင်းက ပိုက်ဆံကသာ ပိုအရေးပါနေတာကြောင့် စပိန်သားနည်းပြကို ဆက်လက်ထိန်းသိမ်းဖို့ရာ ခက်ခဲခဲ့တာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

၅။ အာဆင်နယ်အသင်းဟာ နာပိုလီ၊ လီဗာပူးလ်နဲ့ မန်ယူနိုက်တက်အသင်းတို့ထက် လက်ဦးမှုရယူကာ လိုင်လီတိုက်စစ်ကစားသမား ပီပီကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း Di Marzio ရဲ့ဖော်ပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ (၂၃)ဂိုးသွင်းယူပြီး ဖန်တီးမှု (၁၂)ကြိမ်ပြုလုပ်ထားတဲ့ အိုက်ဗရီကို့စ်သားကို ဂန်းနားတို့ဟာ ပေါင် (၇၂)သန်းပေးချေခဲ့ကာ ပြောင်းရွှေ့ကြေးကို ငါးနှစ်အရစ်ကျနဲ့ ခွဲပေးမယ်လို့ သိရပါတယ်။

၆။ လိဂ်ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးစီးတီးအသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ အသက် (၂၂)နှစ်အရွယ် အင်္ဂလန်ကွင်းလယ်ကစားသမားလေး ကေဆိပယ်လ်မာကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားကြိုးပမ်းနေတယ်လို့ ဝေးလ်သတင်းဌာနတွေက ဖော်ပြလာခဲ့ပါတယ်။

၇။ ရီးယဲလ်မက်ဒရစ်တိုက်စစ်ကစားသမား ဂါရက်ဘေးလ်ဟာ တရုတ်ကလပ် Jiangsu Suning အသင်းကို တပတ်လုပ်ခ ပေါင် (၁)သန်းနဲ့ ပြောင်းရွှေ့နိုင်ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။

၈။ ဘာစီလိုနာအသင်းအနေနဲ့ ပီအက်စ်ဂျီတိုက်စစ်ကစားသမား နေမာကို ခေါ်ယူနိုင်ရေးအတွက် တိုက်စစ်ကစားသမား ကော်တင်ညိုက အဓိကကျနေတယ်လို့ ပြင်သစ်ဘောလုံးကျွမ်းကျင်သူ ဂျိုနသန်ဂျွန်ဆင်က မှတ်ချက်ပြုသုံးသပ်ခဲ့ပါတယ်။

[ZawGyi]
၁။ ရီးယဲလ္မက္ဒရစ္အသင္းဟာ မန္ယူႏုိက္တက္ကြင္းလယ္ၾကယ္ပြင့္ ေပါလ္ေပါ့ဂ္ဘာကို အရေခၚယူႏုိင္လိမ့္မယ္လို႔ ယံုၾကည္ေနျပီျဖစ္ေၾကာင္း ESPN က ေဖာ္ျပခဲ့ပါတယ္။

၂။ ေဘယန္ျမဴးနစ္အသင္းဟာ မန္စီးတီးအသင္းရဲ႕ ေတာင္ပံတုိက္စစ္ကစားသမား လီရြိဳင္းဆာေနးကို ေပါင္သန္း (၉၀)နဲ႔ ေခၚယူႏုိင္ဖို႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနပါတယ္။ စီးတီးနည္းျပပက္ဂြာဒီယိုလာကေတာ့ ကစားသမားကသာ အသင္းမွာဆက္မေနခ်င္ရင္ ေရာင္းခ်သြားမွာျဖစ္ေၾကာင္း အတည္ျပဳထားပါတယ္။

၃။ မန္ယူႏုိက္တက္တိုက္စစ္မွဴးလူကာကူကေတာ့ အင္တာမီလန္အသင္းကို ေပါင္သန္း (၇၀)နဲ႔ ေျပာင္းေရႊ႕ဖုိ႔ နီးစပ္ေနျပီျဖစ္တယ္လို႔ Daily Mail က ေဖာ္ျပပါတယ္။ အသက္ (၂၆)ႏွစ္သားဟာ ေျခစမ္းခရီးစဥ္ကအျပန္မွာ မန္ခ်က္ကစတာကို လိုက္ပါမလာခဲ့ဘဲ ဘယ္လ္ဂ်ီယံႏုိင္ငံကိုသာ ထြက္ခြာသြားခဲ့တာပါ။

၄။ နယူးကာဆယ္အသင္းပိုင္ရွင္ မိုက္အက္ရွ္ေလကေတာ့ နည္းျပေဟာင္းဘင္နီတက္ဇ္အတြက္ အသင္းက ပိုက္ဆံကသာ ပိုအေရးပါေနတာေၾကာင့္ စပိန္သားနည္းျပကို ဆက္လက္ထိန္းသိမ္းဖို႔ရာ ခက္ခဲခဲ့တာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလာခဲ့ပါတယ္။

၅။ အာဆင္နယ္အသင္းဟာ နာပုိလီ၊ လီဗာပူးလ္နဲ႔ မန္ယူႏိုက္တက္အသင္းတို႔ထက္ လက္ဦးမႈရယူကာ လိုင္လီတိုက္စစ္ကစားသမား ပီပီကို ေခၚယူႏိုင္ဖို႔ နီးစပ္ေနျပီျဖစ္ေၾကာင္း Di Marzio ရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ ျပီးခဲ့တဲ့ရာသီမွာ (၂၃)ဂိုးသြင္းယူျပီး ဖန္တီးမႈ (၁၂)ၾကိမ္ျပဳလုပ္ထားတဲ့ အိုက္ဗရီကို႔စ္သားကို ဂန္းနားတို႔ဟာ ေပါင္ (၇၂)သန္းေပးေခ်ခဲ့ကာ ေျပာင္းေရႊ႕ေၾကးကို ငါးႏွစ္အရစ္က်နဲ႔ ခြဲေပးမယ္လို႔ သိရပါတယ္။

၆။ လိဂ္ခ်န္ပီယံရွစ္ကလပ္ ဆြမ္ဆီးစီးတီးအသင္းဟာ ခ်ယ္လ္ဆီးအသင္းရဲ႕ အသက္ (၂၂)ႏွစ္အရြယ္ အဂၤလန္ကြင္းလယ္ကစားသမားေလး ေကဆိပယ္လ္မာကို ေခၚယူသြားဖို႔ ပစ္မွတ္ထားၾကိဳးပမ္းေနတယ္လို႔ ေဝးလ္သတင္းဌာနေတြက ေဖာ္ျပလာခဲ့ပါတယ္။

၇။ ရီးယဲလ္မက္ဒရစ္တိုက္စစ္ကစားသမား ဂါရက္ေဘးလ္ဟာ တရုတ္ကလပ္ Jiangsu Suning အသင္းကို တပတ္လုပ္ခ ေပါင္ (၁)သန္းနဲ႔ ေျပာင္းေရႊ႕ႏိုင္ဖို႔အတြက္ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနျပီျဖစ္ေၾကာင္း သိရပါတယ္။

၈။ ဘာစီလိုနာအသင္းအေနနဲ႔ ပီအက္စ္ဂ်ီတိုက္စစ္ကစားသမား ေနမာကို ေခၚယူႏုိင္ေရးအတြက္ တိုက္စစ္ကစားသမား ေကာ္တင္ညိဳက အဓိကက်ေနတယ္လို႔ ျပင္သစ္ေဘာလံုးကြ်မ္းက်င္သူ ဂ်ိဳနသန္ဂြ်န္ဆင္က မွတ္ခ်က္ျပဳသံုးသပ္ခဲ့ပါတယ္။



error: Content is protected !!