မန္ယူႏုိက္တက္သတင္းမ်ား

[Unicode]
၁။ မန်ယူနိုက်တက်အသင်းကတော့ နယူးကာဆယ်အသင်းရဲ့ လူငယ်ကွင်းလယ်ကြယ်ပွင့်လေး ရှောင်လောင်းစတက်ဖ်ကို ခေါ်ယူဖို့ ပေါင်သန်း (၃၀)နဲ့အထက် သုံးစွဲဖို့ အသင့်ရှိနေကြောင်း သိရပါတယ်။

၂။ လက်စတာအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဒီမာရိုင်ဂရေးကတော့ မန်ယူနိုက်တက်ပစ်မှတ် မက်ဂွဲရားတယောက် လက်စတာကနေ ထွက်ခွာသွားမှာကို မစိုးရိမ်မိကြောင်းနဲ့ ကစားသမားအနေနဲ့ သတင်းတွေက ဖော်ပြသလို အပြောင်းအရွှေ့ဖြစ်မလာသေးလို့ မကျေမနပ်ဖြစ်နေတယ်လို့ မယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

၃။ လာဇီယိုကွင်းလယ်ကစားသမား မီလင်ကိုဗစ်-ဆာဗစ်ကို ခေါ်ယူဖို့အတွက် မန်ယူနိုက်တက်အသင်း ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေမှာ မဟုတ်မှန်ဘူးလို့ Express Sport က ဖော်ပြသွားခဲ့ပါတယ်။

၄။ စပါးနည်းပြပိုချက်တီနိုကတော့ မနေ့က ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ သူ့အသင်းရဲ့ကွင်းလယ်ကစားသမား ဆစ်ဆိုကိုရဲ့ ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုတွေအတွက် မန်ယူနိုက်တက်အသင်းကို ပြန်လည်တောင်းပန်သွားခဲ့ပါတယ်။

၅။ မန်ယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်း တိုက်စစ်ကစားသမား ဖီလစ်ပီကော်တင်ညိုကို ခေါ်ယူချင်တဲ့ အသင်း (၃)သင်းထဲမှာ (၁)သင်း အပါအဝင်ဖြစ်တယ်လို့ Daily Express သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။

၆။ နည်းပြဆိုးရှားကတော့ စပါးအသင်းနဲ့ပွဲမှာ ရရှိခဲ့တဲ့ အဲရစ်ဘိုင်ယီရဲ့ ဒဏ်ရာဟာ သိပ်ကြီးအခြေအနေမဟန်ဘူးလို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဒူးဒဏ်ရာရရှိခဲ့တဲ့ အိုက်ဗရီကို့စ်သားဟာ ကာလတခုအထိ အနားယူရဖွယ် ရှိနေပါတယ်။

[ZawGyi]
၁။ မန္ယူႏုိက္တက္အသင္းကေတာ့ နယူးကာဆယ္အသင္းရဲ႕ လူငယ္ကြင္းလယ္ၾကယ္ပြင့္ေလး ေရွာင္ေလာင္းစတက္ဖ္ကို ေခၚယူဖို႔ ေပါင္သန္း (၃၀)နဲ႔အထက္ သံုးစြဲဖို႔ အသင့္ရိွေနေၾကာင္း သိရပါတယ္။

၂။ လက္စတာအသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား ဒီမာရိုင္ဂေရးကေတာ့ မန္ယူႏိုက္တက္ပစ္မွတ္ မက္ဂြဲရားတေယာက္ လက္စတာကေန ထြက္ခြာသြားမွာကို မစုိးရိမ္မိေၾကာင္းနဲ႔ ကစားသမားအေနနဲ႔ သတင္းေတြက ေဖာ္ျပသလို အေျပာင္းအေရႊ႕ျဖစ္မလာေသးလို႔ မေက်မနပ္ျဖစ္ေနတယ္လို႔ မယံုၾကည္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

၃။ လာဇီယိုကြင္းလယ္ကစားသမား မီလင္ကိုဗစ္-ဆာဗစ္ကို ေခၚယူဖို႔အတြက္ မန္ယူႏုိက္တက္အသင္း ေဆြးေႏြးေနတယ္ဆိုတဲ့ သတင္းေတြမွာ မဟုတ္မွန္ဘူးလို႔ Express Sport က ေဖာ္ျပသြားခဲ့ပါတယ္။

၄။ စပါးနည္းျပပိုခ်က္တီႏိုကေတာ့ မေန႔က ကစားခဲ့တဲ့ ေျခစမ္းပြဲစဥ္မွာ သူ႔အသင္းရဲ႕ကြင္းလယ္ကစားသမား ဆစ္ဆိုကိုရဲ႕ ၾကမ္းတမ္းတဲ့ဖ်က္ထုတ္မႈေတြအတြက္ မန္ယူႏုိက္တက္အသင္းကို ျပန္လည္ေတာင္းပန္သြားခဲ့ပါတယ္။

၅။ မန္ယူႏုိက္တက္အသင္းဟာ ဘာစီလိုနာအသင္း တိုက္စစ္ကစားသမား ဖီလစ္ပီေကာ္တင္ညိဳကို ေခၚယူခ်င္တဲ့ အသင္း (၃)သင္းထဲမွာ (၁)သင္း အပါအဝင္ျဖစ္တယ္လို႔ Daily Express သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။

၆။ နည္းျပဆိုးရွားကေတာ့ စပါးအသင္းနဲ႔ပြဲမွာ ရရိွခဲ့တဲ့ အဲရစ္ဘိုင္ယီရဲ႕ ဒဏ္ရာဟာ သိပ္ၾကီးအေျခအေနမဟန္ဘူးလို႔ အတည္ျပဳေျပာၾကားခဲ့ပါတယ္။ ဒူးဒဏ္ရာရရိွခဲ့တဲ့ အုိက္ဗရီကို႔စ္သားဟာ ကာလတခုအထိ အနားယူရဖြယ္ ရိွေနပါတယ္။



error: Content is protected !!