ဝီလီယံဝတ္ဆင္လိုေနတဲ့ ေက်ာနံပါတ္ ၁၀ကို အရယူဖို႔ ၾကိဳးပမ္းလာတဲ့ အိုဒြိဳင္း

[Unicode]
အသက် ၁၈နှစ်အရွယ် တိုက်စစ်ကစားသမားလေး အိုဒွိုင်းဟာ ချယ်လ်ဆီးအသင်းနဲ့ အနာဂတ်မရေရာတော့ဘူးဆိုပြီး သတင်းတွေ ထွက်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ငါးနှစ်စာချုပ်သစ်ကို ချုပ်ဆိုပါတော့မယ်။

အဲဒီအတွက် စာချုပ်သစ်ချုပ်ဆိုပြီးချိန်ကျရင် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ဟာဇက်ရဲ့ ကျောနံပါတ် ၁၀ကို သူ့ကို ပေးပါဆိုပြီး အင်္ဂလန်သားလေးက ချယ်လ်ဆီးအသင်းထံ တောင်းဆိုနေကြောင်း သိရပါတယ်။

လစ်လပ်နေတဲ့ ကျောနံပါတ် ၁၀ကို ဝါရင့်တောင်ပံတိုက်စစ်ကစားသမား ဝီလီယံကလည်း ဝတ်ဆင်လိုကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမှ ဖွင့်ဟထားတာပါ။ နည်းပြလမ်းပတ်ကတော့ ဒီနံပါတ်ကို ဘယ်ကစားသမားဆီ ပေးအပ်မလဲဆိုတာ မဆုံးဖြတ်ရသေးကြောင်း အတည်ပြုထားပါတယ်။

အိုဒွိုင်းအနေနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေမှာ အေးဂျင့်ဖြစ်သူကတဆင့် ကျောနံပါတ် ၁၀ကို တောင်းဆိုခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ငါးနှစ်သက်တမ်းရှိစာချုပ်သစ်ချုပ်ဆိုဖို့အတွက် အပြီးသတ်ဆွေးနွေးမှုတွေမှာ ကျောနံပါတ် ၁၀ပေးမယ်ဆိုတဲ့ ကတိကဝတ် ပါဝင်ခြင်းမရှိပေမယ့် ချဲလ်ဆီးအသင်းကတော့ လူငယ်ကြယ်ပွင့်လေး စိတ်ချမ်းသာဖို့အတွက် ပေးအပ်သွားဖွယ်ရှိနေပါတယ်။

ဘရာဇီးလ်လက်ရွေးစင်အသင်းမှာ နံပါတ် ၁၀ဝတ်ဆင်ကစားနေသလို အဆိုပါနံပါတ်ဟာ သူ့ရဲ့စိတ်ကြိုက်နံပါတ်ဖြစ်ကြောင်းလည်း အတိအလင်း ဖွင့်ဟထားတဲ့ ဝါရင့်ကစားသမား ဝီလီယံကိုပဲ ချယ်လ်ဆီးအသင်း ဦးစားပေးမလား.. လူငယ်ကြယ်ပွင့်လေးရဲ့ဆန္ဒကိုပဲ လိုက်လျောမလားဆိုတာတော့ မကြာမီ သိရှိရမှာပါ။

REF: METRO

[ZAWGYI]
အသက္ ၁၈ႏွစ္အရြယ္ တိုက္စစ္ကစားသမားေလး အိုဒြိဳင္းဟာ ခ်ယ္လ္ဆီးအသင္းနဲ႔ အနာဂတ္မေရရာေတာ့ဘူးဆိုျပီး သတင္းေတြ ထြက္ခဲ့ေပမယ့္လည္း ေနာက္ဆံုးမွာေတာ့ ငါးႏွစ္စာခ်ဳပ္သစ္ကို ခ်ဳပ္ဆိုပါေတာ့မယ္။

အဲဒီအတြက္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုျပီးခ်ိန္က်ရင္ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕သြားျပီျဖစ္တဲ့ ဟာဇက္ရဲ႕ ေက်ာနံပါတ္ ၁၀ကို သူ႔ကို ေပးပါဆိုျပီး အဂၤလန္သားေလးက ခ်ယ္လ္ဆီးအသင္းထံ ေတာင္းဆိုေနေၾကာင္း သိရပါတယ္။

လစ္လပ္ေနတဲ့ ေက်ာနံပါတ္ ၁၀ကို ဝါရင့္ေတာင္ပံတိုက္စစ္ကစားသမား ဝီလီယံကလည္း ဝတ္ဆင္လိုေၾကာင္း ျပီးခဲ့တဲ့ရက္ပုိင္းအတြင္းကမွ ဖြင့္ဟထားတာပါ။ နည္းျပလမ္းပတ္ကေတာ့ ဒီနံပါတ္ကို ဘယ္ကစားသမားဆီ ေပးအပ္မလဲဆိုတာ မဆံုးျဖတ္ရေသးေၾကာင္း အတည္ျပဳထားပါတယ္။

အိုဒြိဳင္းအေနနဲ႔ စာခ်ဳပ္သစ္အတြက္ ေဆြးေႏြးမႈေတြမွာ ေအးဂ်င့္ျဖစ္သူကတဆင့္ ေက်ာနံပါတ္ ၁၀ကို ေတာင္းဆိုခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

ငါးႏွစ္သက္တမ္းရိွစာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔အတြက္ အျပီးသတ္ေဆြးေႏြးမႈေတြမွာ ေက်ာနံပါတ္ ၁၀ေပးမယ္ဆိုတဲ့ ကတိကဝတ္ ပါ၀င္ျခင္းမရွိေပမယ့္ ခ်ဲလ္ဆီးအသင္းကေတာ့ လူငယ္ၾကယ္ပြင့္ေလး စိတ္ခ်မ္းသာဖို႔အတြက္ ေပးအပ္သြားဖြယ္ရိွေနပါတယ္။

ဘရာဇီးလ္လက္ေရြးစင္အသင္းမွာ နံပါတ္ ၁၀ဝတ္ဆင္ကစားေနသလို အဆိုပါနံပါတ္ဟာ သူ႔ရဲ႕စိတ္ၾကိဳက္နံပါတ္ျဖစ္ေၾကာင္းလည္း အတိအလင္း ဖြင့္ဟထားတဲ့ ဝါရင့္ကစားသမား ဝီလီယံကိုပဲ ခ်ယ္လ္ဆီးအသင္း ဦးစားေပးမလား.. လူငယ္ၾကယ္ပြင့္ေလးရဲ႕ဆႏၵကိုပဲ လိုက္ေလ်ာမလားဆိုတာေတာ့ မၾကာမီ သိရိွရမွာပါ။

REF: METRO



error: Content is protected !!