အရည္အေသြးျမင့္ လူငယ္ၾကယ္ပြင့္ကို ဆံုးရံႈးရေတာ့မယ့္ အာဆင္နယ္

[Unicode]
အာဆင်နယ်အသင်းဟာ တိုက်စစ်ကြယ်ပွင့်လေး ဇာဗီယာအမေချီကို လက်လွှတ်ရဖို့ နီးစပ်လာပြီဖြစ်ကြောင်း Goal က ဖော်ပြခဲ့ပါတယ်။

ဆယ်ကျော်သက်တိုက်စစ်ကစားသမားလေးဟာ အမ်းမရိတ်မြေရဲ့ အထွန်းတောက်ဆုံးကြယ်ပွင့်တွေထဲက တဦးအဖြစ် သတ်မှတ်ခြင်းခံရပေမယ့်လည်း စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိတော့သူပါ။

စာချုပ်သစ်ချုပ်ဆိုဖို့အတွက် အာဆင်နယ်အသင်း ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် အင်္ဂလန်ပြည်တွင်းကလပ်တွေအပြင် ပြည်ပကလပ်တွေကပါ အမေချီကို စိတ်ဝင်စားနေကြပြီး ဂျာမနီမြေကို ပြောင်းရွှေ့ဖို့ ပိုမိုဖြစ်နိုင်ဖွယ် ရှိနေပါတယ်။

အမေချီဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ဖူလ်ဟမ်အသင်းကနေ အာဆင်နယ်အသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပေမယ့် အခုထက်ထိ အသင်းကြီးအတွက် ကစားခွင့် မရသေးပါဘူး။

နိုင်ငံတကာပွဲစဉ်ကာလတွေအတွင်း ဒဏ်ရာရသွားမှုက အခြားကြယ်ပွင့်တွေကို ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ် အုပ်စုအဆင့်ပွဲစဉ်တွေမှာ ခြေစွမ်းပြခွင့်ရမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

နည်းပြအမ်မရီအနေနဲ့လည်း ရာသီကုန်ခါနီးမှာ အသက် (၁၈)နှစ်သားလေးကို ဒူဘိုင်းလေ့ကျင့်ရေးအစီအစဉ်မှာ ခေါ်ဆောင်သွားခဲ့ပေမယ့် ချယ်လ်ဆီးနဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ဖိုင်နယ်ပွဲအတွက် လူစားလဲကစားသမား (၁၁)ယောက်စာရင်းမှာ မထည့်သွင်းခဲ့တဲ့အတွက် လူငယ်လေးအနေနဲ့ မကျေမနပ် ဖြစ်ခဲ့ပါတယ်။

အမေချီဟာ အားလပ်ရက်ကုန်ဆုံးခဲ့ပြီးနောက် ဒီနွေအစောပိုင်းကတည်းက အာဆင်နယ်အသင်းဆီ ပြန်ရောက်ခဲ့သူဖြစ်ပြီး US ခြေစမ်းခရီးစဉ်တော့ လိုက်ပါခွင့်မရခဲ့ကာ စတိဗ်ဘိုးလ်ရဲ့ U-23 အသင်းနဲ့သာ ကျန်ရစ်ခဲ့ရပါတယ်။

Goal ရဲ့ဖော်ပြချက်အရတော့ အာဆင်နယ်အသင်းဟာ အမေချီရဲ့စာချုပ်အခြေအနေကြောင့်သာ ခြေစမ်းခရီးစဉ်ကို ခေါ်ဆောင်မသွားဘဲ ချန်ရစ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဂျာမန်ကလပ် ဟမ်းဘတ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လူငယ်ကြယ်ပွင့်လေးကို အမ်းမရိတ်မှာသာ ဆက်ထိန်းထားနိုင်ဖို့အတွက် ဂန်းနားတို့ အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

Ref : Goal

[ZawGyi]
အာဆင္နယ္အသင္းဟာ တိုက္စစ္ၾကယ္ပြင့္ေလး ဇာဗီယာအေမခ်ီကို လက္လႊတ္ရဖို႔ နီးစပ္လာျပီျဖစ္ေၾကာင္း Goal က ေဖာ္ျပခဲ့ပါတယ္။

ဆယ္ေက်ာ္သက္တိုက္စစ္ကစားသမားေလးဟာ အမ္းမရိတ္ေျမရဲ႕ အထြန္းေတာက္ဆံုးၾကယ္ပြင့္ေတြထဲက တဦးအျဖစ္ သတ္မွတ္ျခင္းခံရေပမယ့္လည္း စာခ်ဳပ္သက္တမ္း (၁)ႏွစ္သာ က်န္ရိွေတာ့သူပါ။

စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖုိ႔အတြက္ အာဆင္နယ္အသင္း ေဆြးေႏြးမႈေတြ ျပဳလုပ္ေနေပမယ့္ အဂၤလန္ျပည္တြင္းကလပ္ေတြအျပင္ ျပည္ပကလပ္ေတြကပါ အေမခ်ီကို စိတ္ဝင္စားေနၾကျပီး ဂ်ာမနီေျမကို ေျပာင္းေရႊ႕ဖို႔ ပိုမိုျဖစ္ႏိုင္ဖြယ္ ရိွေနပါတယ္။

အေမခ်ီဟာ ဆယ္ေက်ာ္သက္အရြယ္ကတည္းက ဖူလ္ဟမ္အသင္းကေန အာဆင္နယ္အသင္းကို ေရာက္ရိွလာခဲ့သူျဖစ္ေပမယ့္ အခုထက္ထိ အသင္းၾကီးအတြက္ ကစားခြင့္ မရေသးပါဘူး။

ႏိုင္ငံတကာပြဲစဥ္ကာလေတြအတြင္း ဒဏ္ရာရသြားမႈက အျခားၾကယ္ပြင့္ေတြကို ျပီးခဲ့တဲ့ရာသီ ယူရိုပါလိဂ္ အုပ္စုအဆင့္ပြဲစဥ္ေတြမွာ ေျခစြမ္းျပခြင့္ရမယ့္ အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့ရတာ ျဖစ္ပါတယ္။

နည္းျပအမ္မရီအေနနဲ႔လည္း ရာသီကုန္ခါနီးမွာ အသက္ (၁၈)ႏွစ္သားေလးကို ဒူဘိုင္းေလ့က်င့္ေရးအစီအစဥ္မွာ ေခၚေဆာင္သြားခဲ့ေပမယ့္ ခ်ယ္လ္ဆီးနဲ႔ကစားခဲ့တဲ့ ယူရိုပါလိဂ္ဖိုင္နယ္ပြဲအတြက္ လူစားလဲကစားသမား (၁၁)ေယာက္စာရင္းမွာ မထည့္သြင္းခဲ့တဲ့အတြက္ လူငယ္ေလးအေနနဲ႔ မေက်မနပ္ ျဖစ္ခဲ့ပါတယ္။

အေမခ်ီဟာ အားလပ္ရက္ကုန္ဆံုးခဲ့ျပီးေနာက္ ဒီေႏြအေစာပိုင္းကတည္းက အာဆင္နယ္အသင္းဆီ ျပန္ေရာက္ခဲ့သူျဖစ္ျပီး US ေျခစမ္းခရီးစဥ္ေတာ့ လိုက္ပါခြင့္မရခဲ့ကာ စတိဗ္ဘုိးလ္ရဲ႕ U-23 အသင္းနဲ႔သာ က်န္ရစ္ခဲ့ရပါတယ္။

Goal ရဲ႕ေဖာ္ျပခ်က္အရေတာ့ အာဆင္နယ္အသင္းဟာ အေမခ်ီရဲ႕စာခ်ဳပ္အေျခအေနေၾကာင့္သာ ေျခစမ္းခရီးစဥ္ကို ေခၚေဆာင္မသြားဘဲ ခ်န္ရစ္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

ဂ်ာမန္ကလပ္ ဟမ္းဘတ္အသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ လူငယ္ၾကယ္ပြင့္ေလးကို အမ္းမရိတ္မွာသာ ဆက္ထိန္းထားႏိုင္ဖို႔အတြက္ ဂန္းနားတို႔ အစြမ္းကုန္ၾကိဳးစားသြားမွာျဖစ္ေၾကာင္းလည္း သိရိွရပါတယ္။

Ref : Goal



error: Content is protected !!